ရစရာရှိတဲ့ အကြွေးကို ပြန်တောင်းနိုင်တော့မယ့် facebook လုပ်ဆောင်ချက်အသစ်

uploads2Fcard2Fimage2F2205752Fba29045ea2144e81bb2d2598e503d3c8.png2Ffull-fit-in__950x534.png

Facebook messenger မှာ သူငယ်ချင်းနဲ့ စကားပြောရင်း အဲဒီ သူငယ်ချင်းက ကိုယ့်ဆီက ပိုက်ဆံချေးထားတာတွေ ရှိရင် ပြန်တောင်းယူနိုင်မယ့် လုပ်ဆောင်ချက်အသစ်ကို facebook က စတင်စမ်းသပ်လျက် ရှိနေပါပြီ။ ဒီ လုပ်ဆောင်ချက်ဟာ ငွေပေးချေမှုတွေကို facebook မှာ ပြုလုပ်လို့ ရတဲ့ လုပ်ဆောင်ချက်ကနေ ဆင့်ပွားထားတာ ဖြစ်ပြီး messenger မှာ chat ရင်းနဲ့ “ IOU “ (“I owe you “ ) ဆိုတဲ့ အင်္ဂလိပ်စာသား ဒါမှ မဟုတ် အဲဒီစကားလုံးတွေကို လှည့်ပြောင်းသုံးစွဲထားတဲ့ စာသားမျိုးသုံးလိုက်တာနဲ့ online ပေါ်ကနေပဲ ငွေပေးချေမှု၊ ငွေလက်ခံရယူမှုတွေပြုလုပ်လို့ ရသွားစေမယ့် လုပ်ဆောင်ချက်ဖြစ်ပါတယ်။

ဒါပေမယ့် mobile banking ထွန်းကားတဲ့ နိုင်ငံတွေအတွက်သာ အဓိက အကျိုးသက်ရောက်မှု ရှိမှာ ဖြစ်ပြီး လက်ရှိအချိန်မှာ ဒီလုပ်ဆောင်ချက်ကို အမေရိကန်နိုင်ငံမှာ စတင်စမ်းသပ်နေဆဲ ဖြစ်ပါတယ်။

Ref : Mashable : “Passive aggressively ask friends to pay you back with Facebook’s new feature”

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top