ဟီလာရီဒက်ဖ်က သူ့သားရဲ့စင်ကာပူသင်္ချာစာအုပ်နဲ့ ပတ်သက်ပြီး ဘာပြောလဲ

yyl-22-027.jpg

စင်ကာပူနိုင်ငံက လူတွေက သင်္ချာနဲ့ပတ်သက်ပြီးအခက်တွေ့နေကြပါတယ်။ အဲဒီလို အခက်တွေ့နေကြတာက စင်ကာပူနိုင်ငံက လူတွေတင်မဟုတ်ပါဘူး။ နာမည်ကြီးသရုပ်ဆောင်မင်းသမီး ဟီလာရီဒက်ဖ်ကလည်း သူ့သားရဲ့ကျောင်းစာအုပ်နဲ့ပတ်သက်ပြီး အင်စတာဂရမ်မှာ ပို့စ်တစ်ခုတင်ခဲ့ပါတယ်။ သူဟာ အဲဒီစာအုပ်နဲ့ပတ်သက်ပြီး နောက်ပိုင်းမှာ ဘယ်လိုတွေအခက်အခဲ ရှိလာနိုင်တယ်ဆိုတာကိုလည်း ဖွင့်ဟထားပါတယ်။

မင်းသမီးဟီလာရီဒက်ဖ်က သူ့သားရဲ့မူလတန်းသင်္ချာစာအုပ်ကို ကြည့်ပြီး ဒီကလေးက စိတ်ဓာတ်ကြံ့ခိုင်ပြီး ကြင်နာတတ်တဲ့ကောင်လေးပါ။ အိမ်စာက (၂) တန်းကလေးအတွက် အဆင်ပြေတဲ့အရာတော့မဟုတ်ဘူး။ သူ့ကို လက်မှိုင်ချစရာဖြစ်စေပြီး သူ့သားရဲ့စာအုပ်ကို ကြည့်ပြီး တစ်ချိန်လုံး သူ့ကိုခေါင်းကို ကုတ်နေရပါတယ်။ နောက်နှစ်ကျရင်လည်း မတွေးရဲစရာပါပဲ။ Singapore Mathက ကျေနပ်စရာမရှိပေမဲ့ လေ့လာသင်ယူစရာတော့ဖြစ်ပါတယ်လို့ ရေးသားခဲ့ပါတယ်။

သင်္ချာမေးခွန်းတွေက စင်ကာပူနိုင်ငံက လူတွေအပါအဝင် မင်းသမီးဟီလာရီဒက်ဖ်ကို တုန်လှုပ်စေခဲ့တာပါ။ တကယ်တော့ Singapore Math ဆိုတာ အမေရိကန်နိုင်ငံမှာ တည်ထောင်ထားတဲ့ ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ Singapore Math အကြောင်းနဲ့ ပတ်သက်ပြီး သိရတာကတော့ ဂျက်ဖရီ နဲ့ ဒွန်း သောမတ်စ်ဆိုတဲ့လူတွေက စင်ကာပူနိုင်ငံကနေ အမေရိကန်နိုင်ငံကို ပြောင်းရွေ့ခဲ့ပြီး အစိုးရကျောင်းသုံး သင်္ချာသင်ရိုးစာအုပ်တွေမရှိတာကို တွေ့ရှိခဲ့ရပါတယ်။ အဲဒီနောက်မှာ စင်ကာပူကျောင်းတွေမှာ အသုံးပြုတဲ့သင်္ချာသင်ရိုးစာအုပ်တွေနဲ့ ပြဿနာကိုဖြေရှင်းဖို့ လုပ်ခဲ့ကြတာပါ။

၁၉၉၈ခုနှစ်က သူတို့တွေက Singapore Math ပရိုဂရမ်ကို သူတို့အိမ်ကနေ ရောင်းချနေခဲ့ကြတာပါ။ အမေရိကန်နဲ့ ကနေဒါနိုင်ငံတွေက စာသင်ကျောင်းထောင်ပေါင်းများစွာကို ဖတ်စာအုပ်တွေ ဖြန့်ဝေပေးရင်းနဲ့ သူတို့စီးပွားရေးက သိသိသာသာတိုးလာခဲ့တယ်လို့လည်း၂၀၁၄ခုနှစ်က အင်တာဗျူးတစ်ခုမှာဖြေကြားခဲ့တာတွေ့ရပါတယ်။

Ref: Hilary Duff shares struggles over son’s Primary 2 “S’pore Math” questions
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top