UBP ပါတီဥက္ကဌ သူရဦးရွှေမန်း ရွေးကောက်ပွဲဝင်မပြိုင် ပါတီကိုယ်စားလှယ် ၉၀၀ ကျော် ဝင်ပြိုင်မည်

117292566_3352927444750484_2648959574089152661_o.png

၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ(UBP)အနေနဲ့ ကိုယ်စားလှယ်လောင်း ၉၀၀ ကျော် ဝင်ရောက်ယှဥ်ပြိုင်သွားမှာဖြစ်ပေမယ့် ပါတီဥက္ကဌ သူရဦးရွှေမန်းကိုယ်တိုင်ကတော့ ဝင်ရောက်ယှဥ်ပြိုင် သွားမှာမဟုတ်ဘူးလို့ သတင်းစာရှင်းလင်းပွဲမှာ အတည်ပြုပြောကြားလိုက်ပါတယ်။

အခုလို ဝင်ရောက်မယှဥ်ပြိုင်တာက သူရွေးချယ်ထားတဲ့ ဖြူးမြို့နယ်အပါအဝင် မြို့နယ် ၃ မြို့နယ်က ပါဝင် ယှဥ်ပြိုင်မယ့်ကိုယ်စားလှယ်တွေက အောင်နိုင်ခြေပိုများအတွက် တစ်ဦးတစ်ယောက်အောင်နိုင်ရေးထက် ပါတီ အောင်နိုင်ရေးကို ဦးစားပေးလိုက်တာလို့ သူရဦးရွှေမန်းက ဆိုပါတယ်။

UBP ပါတီအနေနဲ့ မြို့နယ်ပေါင်း ၂၆၁ မြို့နယ်မှာ ပြည်သူ့လွှတ်တော်နေရာအတွက် ၂၆၀ ဦး၊ တိုင်းရင်းသားလူမျိုးလွှတ်တော်အတွက် ၂၅ ဦးအပါအဝင် ကိုယ်စားလှယ်လောင်း စုစုပေါင်း ၉၂၇ ဦး ဝင်ရောက် ယှဥ်ပြိုင်သွားမှာ ဖြစ်ပါတယ်။

ဒီလိုဝင်ရောက်ယှဥ်ပြိုင်မယ့်ကိုယ်စားလောင်းတွေကို ရွေးချယ်တဲ့အခါ ပညာအရည်အချင်းကို အဓိက မထားဘဲ မိမိဝင်ရောက်ယှဥ်ပြိုင်မယ့်မြို့နယ်က မိမိဇာတိဖြစ်ဖို့၊ သက်ဆိုင်ရာဇာတိရပ်ရွာက ပြည်သူတွေ လက်ခံ နိုင်တဲ့သူဖြစ်ဖို့ကို အဓိကထားပြီးရွေးချယ်ထားတာလို့ သူရဦးရွှေမန်းက ဆိုပါတယ်။

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီအနေနဲ့ တိုင်းနဲ့ ပြည်နယ်အားလုံးနီးပါး ဝင်ရောက်ယှဥ်ပြိုင်သွားမှာ ဖြစ်ပြီးတော့ ဝင်ရောက်ယှဥ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေထဲ မှာ တပ်မတော်သားဟောင်း ၁၅ ဦး ပါဝင်မှာ ဖြစ်ပါတယ်။

KST(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top