အိန္ဒိယနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် လူနာတွေကို ကုသပေးနေတဲ့ ဆေးရုံ မီးလောင်လို့ လူ ၈ ယောက် သေဆုံး

30-7-2020-yyl-020.jpg

အိန္ဒိယနိုင်ငံ အနောက်ပိုင်း အာမီဒါဘတ်မြို့မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူတွေကို ကုသပေးနေတဲ့ ဆေးရုံရဲ့ အထူးကုသဆောင်မှာ မီးလောင်ခဲ့လို့ လူနာ ၈ ယောက် သေဆုံးခဲ့ပါတယ်။ ဝါယာရှော့ခ်ဖြစ်ရာကနေ ကျန်းမာရေးဝန်ထမ်းတစ်ယောက်ရဲ့ တစ်ကိုယ်ရေးကာကွယ်ရေးဝတ်စုံ မီးလောင်ခဲ့ပြီးနောက်မှာ မီးကူးစက်သွားခဲ့တာလို့ မီးသတ်ဌာနရဲ့ ထိပ်တန်းအရာရှိ ရာဂျက်ဘတ်က ပြောပါတယ်။ ” ကျန်းမာရေးဝန်ထမ်းက အထူးကုသဆောင်မှာ ကြောက်လန့်တကြား လျှောက်ပြေးခဲ့လို့ မီးကူးစက်သွားခဲ့တာပါ”လို့ သူက ဆိုပါတယ်။

အဲဒီဖြစ်ရပ်ကြောင့် ရဲတပ်ဖွဲ့က ဆေးရုံဒါရိုက်တာတစ်ယောက်ကို ထိန်းသိမ်းထားပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။ သြဂုတ်လ ၆ ရက် ဒေသစံတော်ချိန် နံနက် ၃ နာရီအချိန်က မီးလောင်ကျွမ်းခဲ့ပြီး တစ်နာရီကြာခဲ့ပါတယ်။ အဲဒီဆေးရုံရဲ့ လူနာ ၄၀ ကို တခြားဆေးရုံထံ လွှဲပြောင်းပို့ဆောင်ခဲ့ပါတယ်။ ဆေးရုံမီးလောင်ကျွမ်းမှုကို ငြှိမ်းသတ်ချိန်မှာ ကိုရိုနာဗိုင်းရပ်စ် လူနာတွေနဲ့ ထိတွေ့မိခဲ့လို့ သူနဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေက အသွားအလာ ကန့်သတ်မှု ခံယူရမယ်လို့ ရာဂျက်ဘတ်က ဆိုပါတယ်။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top