MPT ၏ (၁၃) ကြိမ်မြောက် စုပေါင်း သွေးလှူဒါန်းခြင်း လှုပ်ရှားမှုအဖြစ် MPTဝန်ထမ်းများနှင့် စေတနာသွေးလှူရှင်များက နိုင်ငံတစ်ဝန်းရှိ သွေးလှူဌာနများမှတစ်ဆင့် သွေးလှူဒါန်းမှုများပြုလုပ်

28.2.24-yyl-9.jpg

မြန်မာနိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာဖြစ်သော MPT သည် သွေးလှူဒါန်းခြင်း၏ အရေးပါမှုကို အများပြည်သူတို့အကြား သိရှိနားလည်မှု မြင့်မားလာစေရန်နှင့် ဆေးဝါးကုသရာတွင် သန့်စင်၍ အသက်ကယ်နိုင်သော သွေးကို လှူဒါန်းနိုင်ရန်အတွက် နိုင်ငံတစ်ဝန်းရှိ စေတနာ သွေးလှူရှင်များသို့ အသိပေးနှိုးဆော်ကာ စုပေါင်းသွေးလှူဒါန်းခြင်း လှုပ်ရှားမှုများကို (၄) လတစ်ကြိမ်အဖြစ် အမြဲ ဆောင်ရွက်လျက် ရှိပါသည်။

MPT ၏ နိုင်ငံတစ်ဝန်း ဆောင်ရွက်သည့် (၁၃) ကြိမ်မြောက် စုပေါင်းသွေးလှူဒါန်းခြင်း လှုပ်ရှားမှုကို တိုင်းဒေသကြီးနှင့် ပြည်နယ် (၅) ခုဖြစ်သည့် နေပြည်တော်ကောင်စီနယ်မြေ၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) တို့မှ MPT ဝန်ထမ်းများ၊ စေတနာသွေးလှူရှင်များနှင့်အတူ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၂၃) ရက်နေ့တွင် အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပြီး နောက်ထပ်တိုင်းဒေသကြီးတစ်ခုဖြစ်သည့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တွင်လည်း စုပေါင်းသွေးလှူဒါန်းခြင်း လှုပ်ရှားမှုကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၄) ရက်၌ ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။

စုပေါင်းသွေးလှူဒါန်းခြင်း လှုပ်ရှားမှုတွင် စေတနာသွေးလှူရှင် စုစုပေါင်း (၄၀၀) ကျော် ပါဝင်လှူဒါန်းခဲ့ပြီး တိုင်းဒေသကြီးနှင့်ပြည်နယ် (၅)ခုတို့ရှိ သက်ဆိုင်ရာ ဆေးရုံများနှင့် အမျိုးသားသွေးဌာနများသို့ သွေးလှူရှင်များ၏ တန်ဖိုးရှိသော သွေးများကို အသီးသီးလှူဒါန်းခဲ့ကြပါသည်။ ယနေ့အချိန်အထိ MPT နှင့် ဒေသခံအဖွဲ့အစည်းများအပါအဝင် စေတနာသွေးလှူရှင် (၈,၅၀၀) ကျော်မှ သွေးအိတ်ပေါင်း (၈,၀၀၀) ကျော်ကို နိုင်ငံတစ်ဝန်းရှိ ဆေးရုံနှင့်သွေးဌာနများမှတစ်ဆင့် အရေးပေါ်သွေးလိုအပ်သူများအတွက် လှူဒါန်းခဲ့ပြီး ဖြစ်ပါသည်။

MPT-KSGM Joint Operations ၏ လုပ်ငန်းလည်ပတ်ရေးဌာနကြီးမှ ဒုတိယအရာရှိချုပ်ဖြစ်သူ Mr. Naoki SHIMANE က MPT ၏ (၁၃) ကြိမ်မြောက် စုပေါင်းသွေးလှူဒါန်းခြင်း လှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြသည့် MPT ဝန်ထမ်းများနှင့် စေတနာသွေးလှူရှင် အားလုံးသို့ ကျေးဇူးအထူးတင်ရှိကြောင်း ပြောကြားခဲ့ကာ “အခုလို တန်ဖိုးမဖြတ်နိုင်တဲ့ သွေးလှူဒါန်းမှုတွေက မြန်မာနိုင်ငံတစ်ဝန်းက အရေးပေါ်ဆေးကုသမှု လိုအပ်နေသူ တစ်ဦးချင်းစီနဲ့ မိသားစုတွေရဲ့ ကျန်းမာရေးအတွက် ကောင်းကျိုးတွေကို ရရှိစေခဲ့ပါတယ်။ ဒါကြောင့် နောင်မှာ ပြုလုပ်မယ့် စုပေါင်းသွေးလှူဒါန်းခြင်း လှုပ်ရှားမှုတွေမှာလည်း ပါဝင်ပံ့ပိုးပေးပါဦးလို့ မေတ္တာရပ်ခံအပ်ပါတယ်။ သွေးလှူဒါန်းတဲ့လှုပ်ရှားမှုတွေဟာ မွန်မြတ်တဲ့ဆောင်ရွက်ချက်တွေဖြစ်ပြီး မြန်မာပြည်သူတွေ ကျန်းမာစေရေး ဆိုတဲ့ ကျွန်တော်တို့ရဲ့ အားထုတ် ဆောင်ရွက်ချက်တွေထဲက လုပ်ဆောင်ချက်တစ်ခုဖြစ်တယ် ဆိုတာ သက်သေပြခဲ့ပြီး MPT အနေနဲ့ လူမှုအသိုက်အဝန်းကို ပံ့ပိုးပေးဖို့အတွက် အခုလို ဂုဏ်ယူစရာကောင်းတဲ့ အလေ့အထကို ဆက်လက်ဆောင်ရွက်သွားမှာပဲ ဖြစ်ပါတယ်။” ဟု ပြောကြားခဲ့ပါသည်။

သွေးသွင်းကုသမှသာ ပြန်လည်းကောင်းမွန်လာနိုင်မည့် အရေးပေါ်အခြေအနေများတွင် အသက်ကယ်ဆယ်နိုင်ရန် အတွက် သွေးလှူဒါန်းခြင်း၏ အရေးပါမှုကို MPT အနေဖြင့်ကောင်းစွာ နားလည်ထားပါသည်။ MPT ၏ လှုမှုအကျိုးပြု လှုပ်ရှားမှုတစ်ခုဖြစ်သော စေတနာသွေးလှူရှင်များနှင့် ပူပေါင်းလုပ်ဆောင်သည့် စုပေါင်းသွေးလှူဒါန်းခြင်း လှုပ်ရှားမှုမှာ လူမှုအသိုက်အဝန်းကို ကောင်းမွန်သော အကျိုးသက်ရောက်မှုများနှင့် အထောက်အပံ့ပြုနိုင်စေမည် ဖြစ်ပါသည်။ MPT ၏ စုပေါင်းသွေးလှူဒါန်းခြင်း လှုပ်ရှားမှုတွင် ယခင်ပါဝင်ခဲ့ကြသူများနှင့် ယခုတစ်ကြိမ်တွင် ပါဝင်ခဲ့ကြသည့် စေတနာသွေးလှူရှင်များအားလုံးကို ကျေးဇူးတင်ရှိပါသည်။ ထို့အပြင် MPT သည် မြန်မာပြည်သူပြည်သားများ၏ ကျန်းမာစေရေးအတွက် ပုံမှန်ဆောင်ရွက်လျက်ရှိသော စုပေါင်းသွေးလှူဒါန်းခြင်းလှုပ်ရှားမှုများတွင် ပါဝင်ရန်အတွက် စေတနာသွေးလှူရှင် များအား နွေးထွေးစွာ ဖိတ်ခေါ်လိုက်ရပါသည်။

MPT သည် စုံလင်လှသည့် လူမှုအကျိုးပြုလှုပ်ရှားမှုများမှတစ်ဆင့် လူမှုအသိုက်အဝန်းအား ပံ့ပိုးကူညီရာတွင် တက်ကြွစွာပါဝင်ရင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အရည်အသွေးကောင်းမွန်သော ဆက်သွယ်ရေး ဝန်ဆောင်မှု များကို ပေးအပ်ရန် ရည်ရွယ်ထားသည်။ MPT သည် လူ့မှုအသိုက်အဝန်း သာယာဝပြောရေးနှင့် တိုးတက်မှုကို မြှင့်တင်ရန် လူမှုအကျိုးပြုလှုပ်ရှားမှုများကို ကျန်းမာရေး၊ ပညာရေး၊ စွန့်ဦးတီထွင်နှင့် စီးပွားရေးလုပ်ငန်း ကဏ္ဍကို အလေးထားဆောင်ရွက်မှုဖြင့် ၎င်း၏ ကတိကဝတ်များကို ပြသလျက်ရှိသည်။ အဆိုပါ ဆောင်ရွက်မှု များသည် နိုင်ငံ၏တိုးတက်မှုကို အထောက်အပံ့ပေးရုံသာမက မြန်မာနိုင်ငံတစ်ဝန်းရှိ လူတစ်ဦးချင်းနှင့် လူမှုအသိုက် အဝန်းများ၏ လူနေမှုဘဝကို အပြုသဘောဆောင်သော ပြောင်းလဲမှုများကိုလည်း ဆောင်ကြဉ်းပေးပါသည်။

သွေးလှူဒါန်း၍ လူအများ၏ အသက်ကို မည်သို့ကယ်တင်နိုင်မည်ကို ပိုမိုလေ့လာနိုင်ရန် https://www.donatebloodmyanmar.org/ တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။ MPT ၏ လူမှုအကျိုးပြုလုပ်ငန်းများနှင့် ပတ်သက်၍ http://mpt.com.mm/mm/about-home/csr-activities-mm/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top