ငွေကျပ် သိန်း ၃၀၀ တန်ဖိုးရှိပစ္စည်းများ လှူဒါန်းခဲ့ပြီးနောက် သိန်း ၁၀၀ ကျော် တန်ဖိုးရှိ စောင်များ ဆက်လက်လှူဒါန်းခဲ့တဲ့ OPPO Myanmar AED

2.10.2024-yyl-7.jpg

ကမ္ဘာ့ထိပ်တန်းစမတ်ဖုန်းအမှတ်တံဆိပ် OPPO မှ မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေဆဲဖြစ်တဲ့ ရေဘေးအခြေအနေတွေအတွက် ငွေကျပ် သိန်း ၄၀၀ ကျော် တန်ဖိုးရှိ လိုအပ်နေတဲ့ ပစ္စည်းတွေကို မြန်မာနိုင်ငံနေရာအနှံ့ လှူဒါန်းခဲ့ပြီးဖြစ်ပါတယ်။ OPPO Myanmar AED အနေနဲ့ တခြားသော ရေဘေးသင့်ဒေသအတွက် ငွေကျပ် သိန်း ၃၀၀ တန်ဖိုးရှိ လိုအပ်တဲ့ပစ္စည်းတွေ လှူဒါန်းခဲ့ပြီးနောက် ယခုအခါ သိန်း ၁၀၀ ကျော် တန်ဖိုးရှိ စောင်တွေကို ဆက်လက်လှူဒါန်းခဲ့တာဖြစ်ပါတယ်။

OPPO Myanmar AED က ယခုအခါ ရှမ်းပြည်နယ် တောင်ပိုင်းမှာရှိတဲ့ ကလော ၊ အင်းလေး တို့အပြင် ဆင်တောင်ရွာ နဲ့ ပလောင်တောင်ရွာတို့မှာ နေထိုင်ကြတဲ့ပြည်သူတွေကို အနွေးဓာတ်ရရှိစေရန် အလို့ငှာ သိန်း ၁၀၀ ကျော် တန်ဖိုးရှိ စောင်တွေကို သွားရောက်ပေးအပ်လှူဒါန်းခဲ့ပါတယ်။ ဒီလိုတောင်ပေါ်ဒေသတွေဟာ နဂိုတည်းက အေးချမ်းတဲ့ ရာသီဥတုရှိသည့်အလျောက် သိပ်မကြာခင်မှာလဲ ဆောင်းရာသီကို ရောက်ရှိလာတော့မှာဖြစ်တာကြောင့် အများပြည်သူ နွေးထွေးမှုရရှိစေရန်ရည်ရွယ်ချက်နဲ့ အခုလို လှူဒါန်းခဲ့တာဖြစ်ပါတယ်။

ဆက်လက်ပြီးတော့လဲ OPPO Myanmar AED က လိုအပ်နေတဲ့ နေရာဒေသတွေမှာ ပြည်သူတွေအတွက် ဆက်လက်ကူညီထောက်ပံ့သွားမှာ ဖြစ်တယ်လို့ ကတိကဝတ်ပြုအပ်ပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top