တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ကူးစက်မှုကျဆင်းနေပေမယ့် ဒုက္ခသည်စခန်းတွေမှာ ကိုဗစ်ရောဂါ ပျံ့နှံ့နေဆဲဖြစ်

IMG_6993-1254x812-1.jpg

ရန်ကုန်၊ နိုဝင်ဘာ (၁၀)

Covid-19 ရောဂါ ကူးစက်ပြန့်ပွားမှုက မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ကျဆင်းနေပေမယ်လည်း တိုက်ပွဲတွေကြောင့် ဒုက္ခသည်စခန်း(IDP) တွေမှာ ရွှေ့ပြောင်းနေထိုင်နေရတဲ့ ပြည်သူတွေကြားမှာ Covid-19 ရောဂါ ကူးစက်မှုက ဆက်လက်ပျံ့နှံ့နေဆဲ ဖြစ်တတယ်လို့ သိရပါတယ်။

IDP စခန်းတွေမှာ နေထိုင်နေရတဲ့ ပြည်သူတွေအနေနဲ့ အခြေခံလိုအပ်ချက်ဖြစ်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုရရှိဖို့အတွက် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရဆဲဖြစ်တယ်လို့ ကုလသမဂ္ဂရဲ့အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ UNHCR က ပြောပါတယ်။

မြန်မာနိုင်ငံမှာ မနေ့ကတစ်ရက်ထဲ ကိုဗစ်ပိုးတွေ့အတည်ပြုလူနာ (၇၇၆) ဦး နဲ့ ထပ်မံသေဆုံးသူ (၁၆) ဦး ရှိနေတယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ဖော်ပြချက်အရ သိရပါတယ်။

နိုဝင်ဘာ (၈) ရက်နေ့ တစ်ရက်ထဲ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ကိုဗစ်ရောဂါ ကူးစက်မှု အခြေအနေမှာ (၃.၁၃) ရာခိုင်နှုန်း ရှိနေတာဖြစ်ပါတယ်။

မြန်မာတစ်နိုင်ငံလုံးမှာ နိုဝင်ဘာ (၈) ရက်နေ့အထိ ကိုဗစ်ပိုးတွေ့ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၅၀၈,၅၉၁) ဦး၊ ဆေးရုံဆင်းခွင့်ရရှိသူ စုစုပေါင်း (၄၈၀,၂၂၀) ဦး နဲ့ သေဆုံးသူ သေဆုံးသူစုစုပေါင်း (၁၈,၈၅၅) ဦး ရှိနေပါတယ်။

Photo- UNHCR
Team(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top