MPT က နိုင်ငံတစ်ဝန်းရှိ ပညာလိုလားသူ လူငယ်များအတွက် ကုန်ကျစရိတ် အခမဲ့ဖြင့် သင်ယူနိုင်မည့် CSR E-Learning အစီအစဉ်ကို စတင်မိတ်ဆက်

1.6.2023-yyl-1.jpg

မြန်မာ့ဆက်သွယ်ရေးအော်ပရေတာ MPT သည် “အတူလက်တွဲ အမြဲရှိမည် MPT”ဟူသည့် ကတိကဝတ်နှင့်အညီ နိုင်ငံတစ်ဝန်းရှိ ပညာသင်ကြားလိုသူ လူငယ်များအနေနှင့် ဒေတာကုန်ကျစရိတ်နှင့် သင်တန်းကြေး ပေးရန်မလိုဘဲ အခမဲ့လေ့လာသင်ယူနိုင်မည့် ပညာရေးအစီအစဉ် တစ်ခုကို မေလ ၃၁ ရက်တွင် စတင်မိတ်ဆက်လိုက်သည်။

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားခဲ့မှုနှင့်အတူ အွန်လိုင်းမှတစ်ဆင့် သင်ကြား/သင်ယူခြင်းသည် ပညာရေးကဏ္ဍအတွက် သင်ကြား/သင်ယူနိုင်သည့် နည်းလမ်းသစ်တစ်ခု ဖြစ်လာသော်လည်း အွန်လိုင်းမှတစ်ဆင့် လေ့လာသင်ယူနိုင်ရန် အတွက် သုံးစွဲရသည့် မိုဘိုင်းဒေတာအတွက် ကျသင့်စရိတ်မှာမူ လူငယ်များအတွက် စိန်ခေါ်မှုတစ်ရပ် ဖြစ်နေ သေးသည်ကို တွေ့ရှိရပါသည်။ ထို့ကြောင့် MPT က အဆိုပါလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် ကျယ်ပြန့်သောကွန်ရက်နှင့် ဒေတာအခမဲ့ဖြင့် အသုံးပြုနိုင်သည့် ပလက်ဖောင်းကို လုပ်ဆောင်ပေးရန် ဆုံးဖြတ်ခဲ့ပါသည်။

လူငယ်များမှာ အနာဂတ်၏ ခေါင်းဆောင်များဖြစ်သည်နှင့်အညီ ပညာသင်ယူတတ်မြောက် လိုသည့် လူငယ်များ ပိုမို အကျိုးရှိစေရန်အတွက် ပညာရေးလောကနှင့် အသက်မွေးဝမ်းကျောင်းနယ်ပယ်တွင် နာမည်ကောင်းရှိထားသည့် အိုင်တီနည်းပညာအတွက် KMD Institute ၊ အသက်မွေးဝမ်းကျောင်း ပညာရပ်များအတွက် CVT Myanmar နှင့် ဂျပန်ဘာသာစကားအတွက် စိုးစံ ဂျပန်ဘာသာ သင်တန်းဆရာမတို့နှင့် မိတ်ဖက်အဖြစ် ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။

ယခုပညာရေးအစီအစဉ်အား အသက် ၈ နှစ်မှ ၃၅ နှစ်အတွင်း ပညာသင်ယူလိုသူတိုင်းအတွက် ရည်ရွယ် ဆောင်ရွက်ခြင်းဖြစ်ပါသည်။ KMD Institute မှ အိုင်တီသင်တန်းများတွင် ကလေးသူငယ်များအတွက် သင်ခန်းစာများ၊ ဂူးဂဲလ် အက်ပလီကေးရှင်းဆိုင်ရာ သင်ခန်းစာများမှ စတင်ပြီး သင်ယူနိုင်မည်ဖြစ်ပါသည်။ အသက်မွေးဝမ်းကျောင်း ပညာရပ်များတွင် flames adjustment ၊ Oxyfuel အသုံးပြုဂဟေဆော်ခြင်း၊ ဆောက်သွားသွေးခြင်းနည်းပညာ၊ ကော့တေးလ် ဆော့စ်လုပ်နည်း၊ ဟင်းသီးဟင်းရွက်လှီးဖြတ်နည်းနှင့် ချိန်ညှိခြင်းနှင့် တိုင်းတာခြင်းပြုလုပ်သည့် ပစ္စည်းကိရိယာများ မိတ်ဆက်ခြင်း စသည်တို့ ပါဝင်ပါသည်။ ဂျပန်ဘာသာသင်တန်းမှတစ်ဆင့် N 5 သင်ခန်းစာများကို လေ့လာသင်ယူနိုင်မည်ဖြစ်ပါသည်။

ယခု သင်ကြားရေးအစီအစဉ်မှာ အခမဲ့ မိုဘိုင်းဒေတာဖြင့်အသုံးပြုနိုင်ခြင်း၊ အခမဲ့ သင်တန်းကြေးနှင့် အချိန်နေရာမရွေး သင်ယူနိုင်မှု စသည့် အကျိုးကျေးဇူးများကို ပေးအပ်ထားခြင်းဖြစ်သဖြင့် ပညာရပ်များကို အမှန်တကယ် လိုလားသူ လူငယ်များ အခွင့်အရေးရရှိစေရန် MPT အနေဖြင့် ရည်ရွယ်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ ထို့ကြောင့် လူငယ်များအနေနှင့် လျှောက်ထားရာတွင် မိမိတို့ အဘယ်ကြောင့် သင်ယူလိုသည်ဆိုသည့် အကြောင်းအရင်းကို သေချာစွာထည့်သွင်းဖော်ပြထားရန် လိုအပ်ပါသည်။ အသက်ငယ်ရွယ်သူများ ကလေးငယ်များ အနေနှင့် မိမိတို့၏ မိဘ/လူကြီး အကူအညီဖြင့် ရေးသားလျှောက်ထားနိုင်ပါသည်။

သင်ယူလိုသူများအနေနှင့် အောက်ပါအဆင့်များအတိုင်းလျှောက်ထားနိုင်ပါသည်။

၁) CSR E-Learning ၏ မူလစာမျက်နှာသို့ ဝင်ပါ။

၂) စာရင်းသွင်းရန်အတွက် စာမျက်နှကိုသွားပါ။(https://shorturl.at/gnrLN)

၃) ဂူးဂလ်ဖောင်တွင် အချက်အလက်များဖြည့်ပါ။

၄) ဖောင်ဖြည့်ပြီးနောက် တင်သွင်းပါ။

MPT အနေဖြင့် တင်သွင်းလာသောလျှောက်လွှာများမှတစ်ဆင့် အမှန်တကယ်သင်ယူလိုပြီး လိုအပ်ချက်နှင့် ကိုက်ညီသူများကို စိစစ်ရွေးချယ်သွားမည် ဖြစ်ပါသည်။ ထို့နောက်သုံးစွဲသူများအနေဖြင့် ပညာရေးပလက်ဖောင်းကို လုံခြုံစွာ သုံးစွဲနိုင်မည့် အချက်အလက်များ (User Name နှင့် Password) ကို MPT မှာ ပေးအပ်သွားမည် ဖြစ်ပါသည်။ အခမဲ့ သင်ယူနိုင်သည့် ပညာရေးဝန်ဆောင်မှုသည် MPT သုံးစွဲသူများအတွက်သာဖြစ်ပြီး မိုဘိုင်းဖုန်း နှင့် MPT ဆင်းမ်ကတ်ရှိရန် လိုအပ်ပါသည်။
ယခုသင်ကြားရေးအစီအစဉ်မှတစ်ဆင့် လူငယ်များအတွက် အနာဂတ်လုပ်ငန်းခွင်တွင်လိုအပ်မည့် အရည်အသွေး များကို အဓိကထားပြီး လေ့လာသင်ကြားနိုင်မည် ဖြစ်ပါသည်။

MPT အနေဖြင့် နိုင်ငံတစ်ဝန်းရှိ သုံးစွဲသူများ၏ ထောက်ခံအားပေးမှုနှင့် ယုံကြည်မှုအတွက် ကျေးဇူးအထူးတင်ရှိပြီး မတူညီသော ကဏ္ဍများအတွက် ပံ့ပိုးကူညီပေးမှုများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ သုံးစွဲသူများ အနေဖြင့် MPT ၏ လူမှုအသိုက်အဝန်းနှင့်အတူ ဆက်လက်၍ ရှေ့သို့လှမ်းချီဆောင်ရွက်မှုများတွင် အတူရှိနေပေးရန် ပန်ကြားလိုပါသည်

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top