ငှက်ပျောသီးတစ်လုံးအရှည်ရှိတဲ့ ကမ္ဘာ့စံချိန်တင် ကျောက်ကြီးကို ကျောက်ကပ်ထဲကနေ ခွဲစိတ်ဖယ်ရှားပေးနိုင်ခဲ့

15.6.2023-yyl-1.jpg

သီရိလင်္ကာ လူနာတစ်ဦးရဲ့ ကျောက်ကပ်ထဲကနေ ကမ္ဘာ့စံချိန်တင် အကြီးဆုံးကျောက်တစ်လုံးကို ခွဲစိတ်ဖယ်ရှားပေးနိုင်ခဲ့ပါတယ်။ အဲဒီကျောက်ဟာ ငှက်ပျောသီးတစ်လုံး အရှည်ရှိပြီး စပျစ်သီးအရွယ်အစား၊ ဟမ်းစတား ၄ ကောင်စာ အလေးချိန် ရှိပါတယ်။

ဇွန်လ ၁ ရက်က ကိုလံဘိုစစ်ဆေးရုံမှာ သီရိလင်္ကာစစ်ဆရာဝန် ခွဲစိတ်ဖယ်ရှားပေးခဲ့တဲ့ ကျောက်ဟာ အရှည် ၅.၂၆ လက်မ၊ အလေးချိန် ၁.၇၆ ပေါင် ရှိပြီး ယခင်စံချိန် ၂ ခု (၂၀၀၄ ခုနှစ်က အိန္ဒိယမှာ အရှည် ၁၃ စင်တီမီတာရှိတဲ့ ကျောက်၊ ၂၀၀၈ ခုနှစ်က ပါကစ္စတန်မှာ အလေးချိန် ၆၂၀ ဂရမ်ရှိတဲ့ ကျောက်) ကို ချိုးဖျက်နိုင်ခဲ့တာပါ။

လူဦးရေ ၁၀ ရာခိုင်နှုန်းဟာ သူတို့ရဲ့သက်တမ်းမှာ တစ်ချိန်မဟုတ် တစ်ချိန် ကျောက်ကပ် ကျောက်တည်တဲ့ အခြေအနေ ခံစားရနိုင်ပါတယ်။ ဒါပေမဲ့ တစ်နေ့ကို ရေ ၁.၈၉ လီတာကနေ ၂.၈ လီတာကြား သောက်သုံးပေးရင် ကျောက်အသေးအမွှားတွေ ( ၃ မီလီမီတာထက် သေးငယ်တဲ့ကျောက်) ကျစေနိုင်ပြီး ဆီးနဲ့အတူ ပါသွားလိမ့်မယ်လို့ မာယိုဆေးရုံက လမ်းညွှန်ထားပါတယ်။

Ref: World’s largest kidney stone removed – and it’s the size of a grapefruit

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top