ညဆိုင်းဆင်းပြီးတိုင်း ထီထိုးလေ့ရှိတဲ့ သြဇီအမျိုးသား ဒေါ်လာသန်း ၂၀ တန် ထီဆုကြီး ဆွတ်ခူး

16.6.2023-yyl-1.jpg

ညဆိုင်း အလုပ်ဆင်းပြီးတိုင်း ထီထိုးလေ့ရှိတဲ့ သြစတြေးလျ အမျိုးသားတစ်ယောက်ဟာ ဇွန်လ ၁၃ ရက် နံနက်ပိုင်းမှာတော့ ပေါင် ၁၀.၇ သန်းတန် ထီဆုကြီး ဆွတ်ခူးသွားခဲ့ပါတယ်။ အမည်မဖော်လိုတဲ့ အမျိုးသားဟာ ညဆိုင်း ဆင်းပြီးတိုင်း စိတ်ပြေလက်ပျောက်အနေနဲ့ ထီထိုးခဲ့တာ ဆယ်စုနှစ်တစ်ခု ကျော်ခဲ့ပါပြီ။

သူဟာ နောက်တစ်ရက်မှာ ဖွင့်မယ့် ပေါင် ၃၂.၃ သန်းတန် ထီဆုကြီးအတွက် ဇွန်လ ၁၃ ရက် နံနက် ၃ နာရီမှာ Oz Lotto Powerball ထီလက်မှတ် ဝယ်ယူခဲ့တာဖြစ်ပြီး သြစတြေးလျဒေါ်လာ သန်း ၂၀ (ပေါင် ၁၀.၇ သန်း)တန် ထီဆုကို ဆွတ်ခူးခဲ့တာပါ။ သူဟာ အခု ဘဏ္ဍာနှစ်မကုန်ခင် ထီဆုကြေးငွေတွေ ရရှိမှာဖြစ်ပြီး အကြွေးတွေဆပ်ပြီးရင် ကျန်ငွေအားလုံးကို မိသားစုအတွက်ပဲ သုံးသွားမယ်လို့ ဆိုပါတယ်။
သူဟာ လက်ရှိအလုပ်ကို ဆက်လုပ်မလားဆိုတာ မသေချာသေးပေမဲ့ နေ့ချင်းညချင်း သန်းကြွယ်သူဋ္ဌေးဘဝ ရောက်စေခဲ့လို့ ညဆိုင်း ဆင်းရတဲ့အချိန်တွေကိုတော့ ဘယ်တော့မှ မမေ့နိုင်တော့မှာ သေချာပါတယ်။

Ref: Dad wins £10 million on lottery while working on the night shift

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top