Clean Yangon တစ်ပတ်အတွင်း လှုပ်ရှားမှုများ

8-10-2020-yyl-044.jpg

(အောက်တိုဘာ ၁ ရက်မှ ၈ ရက်အတွင်း)

ဒီတစ်ပတ်မှာ Clean Yangon အဖွဲ့သားတွေအနေနဲ့ ဘယ်နေရာတွေမှာ လှူဒါန်းမှုတွေပြုလုပ်ခဲ့လည်းဆိုတာကို မျှဝေပေးချင်ပါတယ်။ အိမ်တိုင်ရာရောက်လှူဒါန်းတဲ့ “မျှဝေဖေးကူဒို့အတူ” အစီအစဉ်အနေနဲ့ကတော့ ဒီတစ်ပတ်မှာ သန်လျင်မြို့နယ် အလွမ်းဆွတ်ကျေးရွာ က အိမ်ထောင်စုတွေ၊ တောင်ဒဂုံမြို့နယ် ရွာသာကြီး အနီးဝန်းကျင်က အိမ်ထောင်စုတွေနဲ့ ပန်းဆိုးတန်း၊ ဒလ၊ ဆိပ်ကမ်းတွေမှာ အလုပ်လုပ်ကိုင်နေတဲ့ သဗ္ဗန်သမားတွေကို အခြေခံစားသောက်ကုန်တွေ သွားရောက်လှူဒါန်းခဲ့ပါတယ်။

သူနာပြုတက္ကသိုလ်မှာ ဖွင့်လှစ်ထားတဲ့ Cဝvid-19 ရောဂါကုသရေးစင်တာမှာ လိုအပ်တဲ့ ဆေးဝါးပစ္စည်းတွေ လှူဒါန်းခဲ့ပါသလို သံဃာတော်တွေကိုလည်း နေ့ဆွမ်းလှူဒါန်းခဲ့ပါသေး တယ်။
Clean Yangon ရဲ့ အပတ်စဉ်သောကြာနေ့တိုင်းပြုလုပ်တဲ့ ရန်ကုန်ဆေးရုံကြီးနဲ့ ဝေဘာဂီဆေးရုံကြီး (မြောက်ဥက္ကလာပမြို့နယ်) က ကျန်းမာရေးဝန်ထမ်းတွေကို ထမင်းဘူးလှူဒါန်းများမျိုးတွေလည်း လုပ်ဆောင်လေ့ရှိပါတယ်။

ဒါပြင်ဒီတစ်ပတ်မှာတော့ တောင်ဥက္ကလာပဆေးရုံနဲ့ ကျောက်တံတားမြို့နယ်အတွင်းက Quarantine Center များ တွေမှာလည်း ထမင်းဘူးတွေလှူဒါန်းခဲ့ပါသေးတယ်။

Photos- Clean Yangon

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top