ကမ္ဘာ့ အသေးဆုံး မျောက်

monkey.gif

ကမ္ဘာ့အသေးဆုံး မျောက်အဖြစ် Pygmy marmoset ကို သတ်မှတ်ထားပါတယ်။ အရွယ်အစားအားဖြင့် ၄ လက်မကနေ ၉ လက်အထိပဲ အကြီးဆုံး ရှိနိုင်ပါတယ်။

လူသားတို့ရဲ့ လက်ဝါးပေါ်မှာတင် တင်ထားနိုင်လောက်အောင် သေးငယ်ပြီးတော့ ပေါ့ပါး ပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်းမြောက်များစွာကတည်းက အမေဇုန် သစ်တော၊ တောင်အမေရိကန်တိုက်မှာ နေထိုင် ကျက်စားတဲ့ မျောက်များ ဖြစ်ပါတယ်။ သစ်ပင်က သစ်ဆေး များကို စားသုံးပြီး ရေတံခွန်အနီးနားတွေမှာ နေထိုင်တတ်ပါတယ်။ အစုလိုက် အဖွဲ့လိုက်နေထိုင်တတ်ပြီး Pygmy အမများဟာ ကြင်ဖော်ကို သူတို့အပေါ် ပိုဂရုစိုက်သူများကို ရွေးချယ် ပါတယ်။ သားသမီးတွေ ရလာတဲ့အခါ အဖွဲ့ထဲမှာ အလှည့်ကျ တာဝန်ယူပေးရလေ့ ရှိပါတယ်။

မျောက်မလေးများ ကိုယ်ဝန်ဆောင်ချိန်ဆိုရင် လူပျိုမဟုတ်တော့တဲ့ အိမ်ထောင်သည် မျောက်ထီးများဟာ အစာရှာချိန် နည်းသွားပြီး သူတို့ရဲ့ မျောက်မတွေနားမှာ အချိန်ပိုများများ နေထိုင်ပေးတတ်တဲ့ သဘာဝ ရှိပါတယ်။ မိုးသစ်တော ဒေသတွေမှာသာ တွေ့ရတဲ့ ယင်းမြောက်များဟာ ကမ္ဘာ့ ရှားပါးစာရင်းထဲ ပါဝင်လာပြီ ဖြစ်ပါတယ်။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top