ရုရှားနိုင်ငံရဲ့ မြစ်ထဲမှာ ဒီဇယ်တန်ချိန် ၂၀၀၀၀ ယိုစိမ့်ခဲ့လို့ အရေးပေါ်အခြေအနေ ကြေညာ

intl5605.jpg

အာတိတ်စက်ဝိုင်းမှာရှိတဲ့ မြစ်ထဲကို ဒီဇယ်တန်ချိန် ၂၀၀၀၀ ယိုစိမ့်ခဲ့လို့ ရုရှားသမ္မတပူတင်က အရေးပေါ်အခြေအနေ ကြေညာခဲ့ပါတယ်။ ပြီးခဲ့တဲ့ သောကြာနေ့က ဆိုက်ဘေးရီးယားဒေသ၊ နိုရီဆက်မြို့နားက စွမ်းအင်စက်ရုံမှာ လောင်စာသိုလှောင်ကန် ပြိုလဲခဲ့လို့ ဒီဇယ်တွေဖိတ်စင်ပြီး ၇.၅ မိုင်ကွာဝေးတဲ့ အမ်ဘာနာယာမြစ်ထဲကို စီးဆင်းသွားခဲ့တာပါ။ ရုရှားအရာရှိတွေက ဒီဇယ်ဖိတ်စင်မှုဖြစ်ရပ်ကို ၂ ရက်အကြာမှ သိခဲ့လို့ ရုရှားသမ္မတ ပူတင် ဒေါသထွက်ခဲ့ရတယ်လို့ ဆိုပါတယ်။

ဒီဇယ်ဖိတ်စင်မှုဖြစ်ပွားခဲ့တဲ့ စက်ရုံဟာ နီကယ်နဲ့ ပလာဒီယမ်ထုတ်လုပ်တဲ့ ကမ္ဘာ့ထိပ်တန်းကုမ္ပဏီ Norilsk Nickel ရဲ့ လက်အောက်ခံလုပ်ငန်းဖြစ်ပါတယ်။ ဒီဇယ်ဖိတ်စင်မှုဖြစ်ရပ်ကို တုံ့ပြန်လှုပ်ရှားရာမှာ အချိန်ကြန့်ကြာခဲ့လို့ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့ ဗီဒီယိုဆွေးနွေးမှုမှာ ပူတင်က ကုမ္ပဏီအကြီးအကဲကို ကြိမ်းမောင်းခဲ့ပါတယ်။ ဒီဇယ်ဖိတ်စင်မှုကြောင့် မြစ်ထဲမှာ အနီရောင်စီးကြောင်းတစ်ခု ဖြစ်ပေါ်ခဲ့ပါတယ်။ အရေးပေါ်အခြေအနေ ကြေညာလိုက်တဲ့အတွက် ရှင်းလင်းဖယ်ရှားရေး လုပ်ရမယ့်နေရာကို အကူအင်အား ထပ်မံစေလွှတ်နိုင်မှာဖြစ်ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top