ကိုယ်ပိုင် အမှတ်တံဆိပ်ထုတ်လုပ်ဖို့ ပြင်ဆင်နေတဲ့ PSY

psy-lacma-2016-billboard-1548.jpg

တောင်ကိုရီးယား နာမည်ကြီးအဆိုတော်တစ်ဦးဖြစ်တဲ့ PSY ဟာ ကိုယ်ပိုင် အမှတ်တံဆိပ်ထုတ်လုပ်ဖို့ ပြင်ဆင်နေတယ်လို့ တောင်ကိုရီးယား မီဒီယာတွေကဖော်ပြပါတယ်။

တောင်ကိုရီးယား အဆိုတော် PSY ဟာ နာမည်ကြီး ကုမ္ပဏီကြီးတွေရဲ့ ရင်းနှီးမြှပ်နှံမှုတွေ ရရှိထားတာကြောင့် ကိုယ်ပိုင် အမှတ်တံဆိပ် ထုတ်လုပ်ဖို့ ပြင်ဆင်နေတာဖြစ်တယ်လို့သိရပါတယ်။ ကိုယ်ပိုင်အမှတ်တံဆိပ်ထုတ်လုပ်ဖို့ ပြင်ဆင်နေပေမယ့် PSY ဟာ သူ ကိုယ်ပိုင်အမှတ်တံဆိပ် တည်ထောင်မှု ရက် ကို အတိကျသတ်မှတ်ထားတာမရှိသေးဘူးလို့ သိရပါတယ်။

တောင်ကိုရီးယားအနုပညာရှင် PSY ဟာ ၂၀၁၀ ခုနှစ် က YG အင်တာတိန်းမန့်နဲ့စာချုပ် ချုပ်ဆိုခဲ့ပြီးနောက် ၂၀၁၅ ခုနှစ်မှာလည်း YG အင်တာတိန်းမန့်နဲ့ ၃ နှစ်စာချုပ် ထပ်မံစာချုပ်ထားခဲ့တယ်လို့သိရပါတယ်။ ကောင်းထက်ငွေ (ရိုးရာလေး) Ref : Allkpop : Psy rumored to be creating his own label

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply