သခွားသီး – အခွံနွှာမလား သို့ မနွှာဘူးလား

harvest-of-cucumbers-in-hands-of-woman-farmer-7NTJU25.jpg

သခွားသီးတွေဟာ အလွန်ကောင်းမွန်တဲ့ အသီးဖြစ်ပါတယ်။ သူတို့ရဲ့ အရသာနဲ့ အနံ့ဟာ စိတ်ကြည်လင်စေပြီး ဘယ်ဟင်းနဲ့မဆို လိုက်ဖက်ပါတယ်။

သူတို့ဟာ ကယ်လိုရီ နည်းပါးတာကြောင့် သင့်ရဲ့ စားသောက်ပုံကို မထိခိုက်စေပဲ စားနိုင်ပါတယ်။ ဒါပေမယ့် သခွားသီးတွေနဲ့ပတ်သက်ပြီး သင့်ခေါင်းထဲမှာ ပေါ်လာနိုင်တဲ့ မေးခွန်းတစ်ခုကတော့ အခွံခွာသင့်လား၊ ဒီတိုင်း စားသင့်လားဆိုတာပဲ ဖြစ်ပါတယ်။ အချိန် အတော်များများမှာတော့ လူတွေဟာ သခွားသီးရဲ့ အပြင်ခွံက မာပြီး အစာခြေရခက်တာကြောင့် ခွာစားကြပါတယ်။ ဒါပေမယ့် သူတို့တွေဟာ သခွားသီး အခွံမှာပါတဲ့ အာဟာရတန်ဖိုးကို သတိမထားမိတာကြောင့် အခွံခွာစားကြတာ ဖြစ်ပါတယ်။

အမျှင်ဓါတ်

သခွားသီးအခွံမှာ မပျော်ဝင်နိုင်တဲ့ အမျှင်ဓါတ်ပါဝင်ပြီး အူလှုပ်ရှားမှုတွေကို ကောင်းမွန်စေကာ ဝမ်းချုပ်ခြင်းကို သက်သာစေပါတယ်။ သခွားသီးရဲ့ အထဲပိုင်းမှာ ပျော်ဝင်နိုင်တဲ့ အမျှင်ဓါတ်ပါဝင်တာကြောင့် အစာခြေစနစ်အတွက် ကောင်းမွန်ပါတယ်။

ဗီတာမင် ကေ

အမျှင်ဓါတ်အပြင် သခွားသီးအခွံမှာ ဗီတာမင် ကေ ပါဝင်ပါတယ်။ ဗီတာမင်ကေဟာ ကိုယ်ခန္ဓာရဲ့ အရိုးတွေကို ကျန်းမာစေခြင်း၊ ဆဲလ်တွေကို ကြီးထွားစေပြီး သွေးခဲဖြစ်စေခြင်း စတဲ့အစွမ်းတွေ ပိုင်ဆိုင်ပါတယ်။ သခွားသီး အသားမှာလည်း ဗီတာမင် ကေ ပါဝင်ပေမယ့် သခွားသီးအခွံဟာ ဗီတာမင် ကေ အများဆုံး ပါရှိတဲ့နေရာဖြစ်ပါတယ်။ အခွံမခွာထားတဲ့ သခွားသီးမှာ ဗီတာမင်ကေ ၄၉ မိုက်ခရိုဂရမ် ပါဝင်ပေမယ့် အခွံခွာထားတဲ့ သခွားသီးမှာတော့ ၉ မိုက်ခရိုဂရမ်သာ ပါဝင်ပါတယ်။

မဂ္ဂနီစီယမ်

သခွားသီးအခွံဟာ အရိုး ကြွက်သားစနစ်တွေကို ထိန်းသိမ်းပေးတဲ့ မဂ္ဂနီစီယမ်များစွာ ပါဝင်ပါတယ်။ မဂ္ဂနီစီယမ်ဟာ စွမ်းအင်ထုတ်လုပ်မှုကိုလည်း အားပေးပါတယ်။ အခွံမခွာတဲ့ သခွားသီးက သင့် တစ်နေ့တာကို ဘယ်လိုကူညီပေးလဲဆိုတာ သိရရင် အံ့ဩနေမှာပါ။ အခွံ မခွာထားတဲ့ သခွားသီးမှာ မဂ္ဂနီစီယမ် 14 mg ပါဝင်ပြီး ဒါဟာ အမျိုးသမီးတွေ စားသင့်တဲ့ပမာဏရဲ့ ၄% ဖြစ်ဟာ အမျိုးသားတွေရဲ့ ၃% ဖြစ်ပါတယ်။

ဗီတာမင်စီ

အခွံမခွာထားတဲ့ သခွားသီးတွေဟာ သင့်စားသောက်ပုံထဲကို ဗီတာမင်စီတွေ ထည့်သွင်းပေးထားပါတယ်။ အခွံခွာထားတဲ့ သခွားသီးဟာ ဗီတာမင်စီ 2.9 mg ပါဝင်ပါတယ်။ ဗီတာမင်စီဟာ collagen ထုတ်လုပ်မှုအတွက်လည်း အရေးကြီးပါတယ်။ Collagen မရှိရင် တစ်ရှူးတွေဟာ တစ်ခုနဲ့တစ်ခု ကပ်နေမှာ မဟုတ်ပါဘူး။ ဗီတာမင်စီဟာ free radicals တွေ တိုက်ခိုက်ခြင်းအတွက် အစွမ်းထက်ပြီး အသက်ကြီးရင့်ခြင်းကို ကာကွယ်ပေးပါတယ်။

ဗီတာမင်အေ

သင့်အမြင်အာရုံနဲ့ ပတ်သက်ပြီး ပြဿနာ ရှိနေပါသလား။ ဒါဆို အခွံမခွာထားတဲ့ သခွားသီးကို စားဖို့ အချိန်တန်ပါပြီ။ သခွားသီး အခွံမှာ ဗီတာမင်အေ ဖြစ်တဲ့ beta-carotene ပါဝင်ပါတယ်။ Beta-carotene ဟာ မျက်လုံးကျန်းမာရေးနဲ့ အမြင်အာရုံအတွက် အလွန်အရေးကြီးပါတယ်။ အမျိုးသမီးတစ်ယောက်ဟာ တစ်နေ့မှာ ဗီတာမင်အေ 2310 IU လိုအပ်ပြီး အမျိုးသား တစ်ယောက်ကတော့ တစ်နေ့မှာ 3000 IU လိုအပ်ပါတယ်။ အခွံ မခွာထားတဲ့ သခွားသီးဟာ ဗီတာမင်အေ 55 IU ကို ပေးပြီး တစ်ဝက်ကတော့ beta-carotene ဖြစ်ပါတယ်။

ရေးသားသူ Dr . Phyu Mon Latt

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top