နောက်ခံလူ ဗန်ဒီခ်ကို ပေါင် ၇၅ သန်းနဲ့ခေါ်ဖို့ လီဗာပူး သဘောတူညီမှုရ

virgil-van-dijk.jpg

လီဗာပူအသင်းဟာ ဆောက်သမ်တန်နောက်ခံလူဗန်ဒီခ်ကို စံချိန်တင် ပြောင်းရွေကြေးပေါင် ၇၅ သန်းနဲ့ခေါ်ယူဖို့ သဘောတူညီမှုရရှိထားပါတယ်။

ဗန်ဒီခ်ဟာ ပြီးခဲ့တဲ့နွေရာသီတည်းက လီဗာပူအသင်းကိုပြောင်းရွေဖို့ မျှော်လင့်ခဲ့သူဖြစ်ပြီး လာမယ့် ဇန်နဝါရီ ၁ ရက်နေ့ အပြောင်းအရွှေ့ကာလ ဖွင့်ချိန်မှာ လီဗာပူအသင်းကိုပြောင်းရွေမှာဖြစ်ပါတယ်။

ဗန်ဒီခ်ရဲ့ပြောင်းရွေကြေး ဟာ မန်စီးတီးအသင်းက မိုနာကိုနောက်ခံလူ မန်ဒီကို ခေါ်ယူချိန် ကပေးခဲ့တဲ့ ပေါင် ၅၂ သန်းကိုကျော်ဖြတ်ပြီး နောက်တန်းကစားသမားတွေထဲမှာ အမြင့်ဆုံးပြောင်းရွှေ့ကြေး ဖြစ်လာခဲ့ပါတယ်။ ဗန်ဒီခ်က သူ့အနေနဲ့ လီဗာပူအသင်းကို ပြောင်းခွင့်ရလို့ ဂုဏ်ယူပြီး ပျော်ရွင်ရတယ်လို့ ပြောခဲ့ပါတယ်။ ဗန်ဒီခ်က သူအနေနဲ့ ပြီးခဲ့တဲ့ လတွေက ဆောက်သမ်တန် အသင်းမှာ အခက်ခဲတွေရှိခဲ့တယ်ဆိုတာကို ဝန်ခံခဲ့ပါတယ်။ ဗန်ဒီခ်ဟာ ပြီးခဲ့တဲ့ ပရီးမီယားလိဂ် ပွဲစဉ်တွေမှာ ဆောက်သမ်တန်အသင်းလူစာရင်းကနေ ချန်လှပ်ခံခဲ့ရပြီးနောက် လီဗာပူးအသင်းကိုပြောင်းဖို့ သဘောတူညီမှုရခဲ့တာဖြစ်ပါတယ်။

ဗန်ဒီခ် ဟာ ၂၀၁၅ ခုနှစ် စက်တင်ဘာလက ဆဲလ်တစ်အသင်းကနေ ဆောက်သမ်တန် အသင်းဆီကို ပေါင် ၁၃ သန်းနဲ့ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး မနှစ်တုန်းကမှ ဆောက်သမ်တန်နဲ့ ၆ နှစ် သက်တမ်းရှိတဲ့ စာချုပ်သစ်ချုပ်ဆိုခဲ့သူပါ။ လီဗာပူးက စိတ်ဝင်စားတယ်ဆိုတဲ့ သတင်းတွေ ထွက်လာခဲ့ပြီးနောက် ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွေကာလမှာ ဗန်ဒီခ်က အသင်းကနေ ထွက်ခွင့်ပေးဖို့ တောင်းဆိုခဲ့ဖူးပါတယ်။ ကောင်းထက်ငွေ (ရိုးရာလေး) Ref : BBC : Liverpool to sign Southampton defender for world record £75m

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top