အရေးပေါ်ခွဲစိတ်မှုခံယူခဲ့ရတဲ့ ပီလီကို နေမာ သွားရောက်တွေ့ဆုံ

s5.jpg

ဆီးလမ်းကြောင်း ပိုးဝင်လို့ အရေးပေါ်ခွဲစိတ်ကုသမှု ခံယူခဲ့ရတဲ့ ဘရာဇီးဂန ္ထဝင်ကစားသမားဟောင်း ပီလီရှိရာ ဆေးရုံကိုသွားပြီး ဘရာဇီးကြယ်ပွင့် နေမာက တွေ့ဆုံအားပေးခဲ့ပါတယ်။ အသက် (၇၈) နှစ်အရွယ်ရှိတဲ့ ပီလီဟာ ပြင်သစ်နိုင်ငံ ပဲရစ်မြို့ကို လာရောက်ပြီး ပီအက်စ်ဂျီကြယ်ပွင့် အမ်ဘာပေနဲ့ တွေ့ဆုံခဲ့တဲ့ အစီအစဉ်အပြီး ဆီးလမ်းကြောင်း ပိုးဝင်ခဲ့တာပါ။

အဲဒီအတွက် ပဲရစ်မြို့က American Hospital ဆေးရုံမှာ ကုသမှုခံယူခဲ့ပြီးနောက် ဘရာဇီးနိုင်ငံကို ပြန်ပြီးအရေးပေါ်ခွဲစိတ်မှုခံယူခဲ့ရသူပါ။ ပီလီရှိရာ ဆေးရုံကို သွားရောက်ခဲ့တဲ့ နေမာဟာ ပီလီနဲ့အတူ လက်ချင်းကိုင်ဆုပ်ထားတဲ့ ဓာတ်ပုံကို အင်စတာဂရမ်ပေါ်တင်ခဲ့ပြီး ဘုရင်ကြီးလို့ ရေးသားဖော်ပြခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top