လူသားဆန်လွန်းလို့ ချီးကျူးခံနေရတဲ့ မာနေး

yyl-005-10.jpg

လီဗာပူးတိုက်စစ်မှူး မာနေးဟာ အာဖရိကနိုင်ငံများဖလား ခြေစစ်ပွဲ ကစားဖို့ ဆီနီဂေါနိုင်ငံကို ပြန်သွားချိန်မှာ လုပ်ခဲ့တဲ့ အပြုအမူတစ်ခုကြောင့် လူသားအဆန်ဆုံး ဘောလုံးသမားလို့ ချီးကျူးခံနေရပါတယ်။ ကွန်ဂိုကို ၂ ဂိုးပြတ် အနိုင်ရခဲ့တဲ့ပွဲမတိုင်ခင် ဆီနီဂေါအသင်း ဘတ်စ်ကားပေါ်က ဆင်းလာတဲ့ မာနေးဟာ အသင်းအဖွဲ့ဝင်တစ်ယောက်တည်း ရေသန့်ဘူးတွေ သယ်ဖို့ ပြင်ဆင်နေတာကို သတိထားမိခဲ့ပါတယ်။

မာနေးရှေ့ကနေ ဆင်းသွားတဲ့ ဆီနီဂေါကစားသမားတစ်ယောက်ကတော့ ကွင်းထဲကို တန်းဝင်သွားခဲ့တာပါ။ ဒါပေမဲ့ မာနေးကတော့ ရေသန့်ဘူးနှစ်ကတ် သယ်ပြီး ကွင်းထဲဝင်သွားခဲ့ပါတယ်။ အဲဒီလုပ်ရပ်ကို ရိုက်ကူးထားတဲ့ ရုပ်သံမှတ်တမ်းကလည်း လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့သွားခဲ့ပါတယ်။ လူမှုကွန်ရက်အသုံးပြုသူ တစ်ယောက်ကတော့ ”မာနေးရဲ့ကိုယ်ထဲမှာ လူသားဆန်မှုတွေ စီးဆင်းနေတယ်”လို့ မှတ်ချက်ပေးခဲ့ပါတယ်။ ငယ်ငယ်တုန်းက ဆင်းရဲနွမ်းပါးလို့ ကျောင်းမတက်ခဲ့ရတဲ့ မာနေးဟာ လီဗာပူးအသင်းနဲ့အတူ အောင်မြင်လာချိန်မှာ သူ့မွေးရပ်မြေက ဆင်းရဲနွမ်းပါးသူတွေအတွက် ကျောင်းဆောက်ပေးတာ၊ ဆေးရုံဆောက်ပေးတာ၊ ဘောလုံးကွင်းဆောက်ဖို့ ပိုက်ဆံလှူတာ၊ ဆင်းရဲနွမ်းပါးတဲ့ မိသားစုတွေကို လစဉ်ထောက်ပံ့ပေးတာမျိုး
လုပ်ခဲ့သူပါ။

Nz(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top