မန်ယူမှာ ဘရူနိုဖာနန်ဒက်စ်ရှိနေလို့ ပေါ့ဘာကို ရောင်းလို့ရပြီလို့ ပေါလ်အင့်စ် ပြော

11-3-2020-yyl-009.jpg

ပေါ်တူဂီကွင်းလယ်ဖန်တီးရှင် ဘရူနိုဖာနန်ဒက်စ် ရောက်လာလို့ မန်ယူအသင်းက ပေါ့ဘာကို မလိုအပ်တော့ဘူးလို့ မန်ယူအသင်း ကွင်းလယ်လူဟောင်း ပေါအင့်စ်က ပြောပါတယ်။ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ စပို့တင်းလစ္စဘွန်းကနေ မန်ယူကို ပြောင်းရွှေ့လာတဲ့ ဘရူနိုဖာနန်ဒက်စ်ဟာ (၇)ပွဲ ကစားရာမှာ (၃)ဂိုးသွင်း၊ (၃)ဂိုး ဖန်တီးနိုင်ခဲ့ပြီး ခြေစွမ်းပြနေသူပါ။

ပြင်သစ်ကွင်းလယ်လူ ပေါ့ဘာကတော့ ပြီးခဲ့တဲ့ အပြောင်းအရွှေ့ကာလ နှစ်ရပ်မှာ အသင်းပြောင်းမယ်လို့ သတင်းထွက်ပေါ်ခဲ့ပြီး ရီးရဲလ်၊ ဂျူဗင်တပ်အသင်းတွေရဲ့ စိတ်ဝင်စားခြင်းခံခဲ့ရပါတယ်။ ပေါ့ဘာဟာ ဒီရာသီမှာ ဒဏ်ရာပြဿနာတွေ ကြုံတွေ့ခဲ့လို့ ပွဲစဉ်(၈)ပွဲပဲ ကစားခွင့်ရခဲ့ပါတယ်။ မန်ယူအသင်း ကွင်းလယ်မှာ ဖရက်ဒ်၊ မက်တိုမီနေး၊ မာတစ်တို့လည်း ပိုပြီးအံဝင်ခွင်ကျဖြစ်လာလို့ နည်းပြဆိုးလ်ရှားအနေနဲ့ ပေါ့ဘာကို ရောင်းချင်ရင် ရောင်းလို့ရတဲ့ အနေအထားဖြစ်လာပြီလို့ ပေါအင့်စ်က ပြောပါတယ်။

“ပေါ့ဘာက မန်ယူကနေ ထွက်ချင်သေးတယ်ဆိုရင်တော့ ဆိုးလ်ရှားအနေနဲ့ သူ့ကို ရောင်းချဖို့ လွယ်ကူသွားပါပြီ။ အခုချိန်မှာ ဘရူနို(ဖာနန်ဒက်စ်)ကို အဓိကထားပြီး တည်ဆောက်လို့ ရပြီလေ။ သူ့ကို ထပ်မလိုတော့ဘူးလို့ ဆိုလိုချင်တာ မဟုတ်ပါဘူး။ ပေါ့ဘာ ခြေစွမ်းပြောင်မြောက်တဲ့ ပွဲစဉ်တွေကတော့ တော်တော်နည်းလာတယ်။ ရာသီမကုန်ခင် သူ ပြန်ကစားနိုင်မယ်ဆိုရင်တောင် အသင်းမှာ ပုံမှန်ပွဲထွက်ခွင့်ရဦးမှာမဟုတ်ဘူး။ သူ့နေရာအတွက် တိုက်ပွဲဝင်ရဦးမှာပါ’’လို့ ပေါအင့်စ်က ပြောပါတယ်။ အချိန်တိုအတွင်း ခြေစွမ်းပြနေတဲ့ ဘရူနိုဖာနန်ဒက်စ်က မန်ယူဂန္တဝင်တွေဖြစ်တဲ့ ကန်တိုနာ၊ ပေါစခိုးလ်တို့လို အဆင့်မျိုး ဖြစ်လာလိမ့်မယ်လို့ သုံးသပ်ခဲ့ပါတယ်။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top