ယူကရိန်းသမ္မတ ဇီလင်စကီး ယာဉ်မတော်တဆမှု ဖြစ်ပွား

9-15-2022-yyl-26.jpg

ယူကရိန်းသမ္မတ ဇီလင်စကီးဟာ ယာဉ်မတော်တဆမှု ဖြစ်ခဲ့ပေမဲ့ ဒဏ်ရာမပြင်းထန်ကြောင်း သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။ ဇီလင်စကီးဟာ ခါကိဗ်ဒေသကနေ မြို့တော် ကိဗ်မြို့ကို ပြန်လာချိန်မှာ သူ့ရဲ့ကားနဲ့ အိမ်စီးကားတစ်စီး တိုက်မိခဲ့တာပါ။

ဒီဖြစ်ရပ်မှာ ဇီလင်စကီးက ထိခိုက်ဒဏ်ရာ ကြီးကြီးမားမား မရခဲ့ဘဲ သမ္မတရဲ့ ဆေးအဖွဲ့က တစ်ဖက်ကားသမားကို ပြုစုပေးခဲ့ရပြီး အရေးပေါ်လူနာတင်ယာဉ်နဲ့ ဆေးရုံပို့ဆောင်ခဲ့ကြတယ်လို့ ဆိုပါတယ်။ ယာဉ်မတော်တဆမှုနဲ့ပတ်သက်ပြီး တရားဥပဒေစိုးမိုးရေးအရာရှိတွေက စုံစမ်းစစ်ဆေးနေတယ်လို့ သမ္မတ ပြောရေးဆိုခွင့်ရှိသူက ဆိုခဲ့ပေမဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ ထုတ်ပြန်ခဲ့ခြင်း မရှိပါဘူး။

Ref: Ukraine President Zelensky involved in car accident but ‘not seriously hurt’

NZ(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top