၁၉၇၃ ခုနှစ်က US မှာ ပျောက်ဆုံးသွားခဲ့တဲ့ အမျိုးသမီးတစ်ဦးရဲ့လက်စွပ်ကို ဖင်လန်နိုင်ငံရဲ့ တောအုပ်ထဲမှာ ပြန်တွေ့ရှိ

yyl-012-11.jpg

ဒီဘာရာ မက်ကန်နာ အမည်ရတဲ့အမျိုးသမီးဟာ ၁၉၇၃ခုနှစ်က US မှာ ပျောက်ဆုံးခဲ့တဲ့ လက်စွပ်တစ်ကွင်းကို လုံးဝနားလည်ရခက်စွာနဲ့ ဖင်လန်နိုင်ငံက တောအုပ်တစ်ခုမှာ ပြန်ရှာတွေ့ခဲ့ပါတယ်။ သူဟာ အဲဒီလက်စွပ်ကို မိန်းပြည်နယ်က စတိုးဆိုင်တစ်ခုရဲ့သန့်စင်ခန်းမှာ ပျောက်ဆုံးသွားခဲ့တာဖြစ်ပါတယ်။ (၄၇) နှစ်အကြာမှာ သူဟာ ပြန်တွေ့ခဲ့တာဖြစ်ပါတယ်။

မက်ကန်နာက သူ့အသက် (၁၆) အရွယ်မှာ သူ့ရဲ့ခင်ပွန်းဟောင်း ရှောင်ဆီကနေ ဒီလက်စွပ်ကို ရရှိခဲ့တာပါ။ ဒါပေမဲ့ စတိုးဆိုင်တစ်ခုရဲ့သန့်စင်ခန်းအသုံးပြုရင်း လက်စွပ်ကို ချွတ်ပြီး လက်ဆေးခဲ့တဲ့အချိန်မှာ ပျောက်သွားခဲ့ပါတယ်။ သူက ဒီလက်စွပ်ကို ဘယ်တော့မှ ပြန်မတွေ့တော့ဘူးလို့ ထင်ထားခဲ့တာပါ။ ဒါပေမဲ့ မယုံကြည်နိုင်လောက်အောင်ကိုပဲ သူနေထိုင်ရာနေရာနဲ့ မိုင် (၃၇၅၀) ကွာဝေးတဲ့ ဖင်လန်နိုင်ငံက မြို့ငယ်လေး ကာအာရီနာရဲ့ တောအုပ်လေးမှာ ပြီးခဲ့တဲ့လက ပြန်တွေ့ခဲ့တာပါ။

မက်ကန်နာရဲ့လက်စွပ်ကို သတ္တုရှာဖွေရေးအလုပ်သမား မာကို ဆာအာရီနမ်က ရှာတွေ့ခဲ့ပါတယ်။ သူ့ရဲ့သတ္တုရှာဖွေရေးစက်နဲ့ အပြာရောင်ကျောက်ပါတဲ့ငွေလက်စွပ်ကို ပန်းခြံတစ်ခုရဲ့ (၈) လက်မအနက်ရှိတဲ့မြေကြီးထဲကနေ စမ်းမိခဲ့တာဖြစ်ပါတယ်။ လက်စွပ်မှာ မက်ကန်နာရဲ့ခင်ပွန်းနာမည်အစစလုံး၊ သူတက်ရောက်ခဲ့တဲ့ Portland’s Morse High School နာမည်တွေ၊ ခုနှစ်တွေပါရှိတဲ့အတွက် ပိုင်ရှင်ကို ရှာဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

လက်စွပ်မှာပါတဲ့ကျောင်းကို မာကိုဟာ ဆက်သွယ်ခဲ့ပါတယ်။ အဲဒီနောက်မှာ ပို့စ်တင်ခဲ့ရမှ မက်ကန်နာဟာ ပြီးခဲ့တဲ့အပတ်က သိရှိသွားခဲ့တာဖြစ်ပါတယ်။ မက်ကန်က အခုလို တစ်စုံတစ်ယောက်က ရှာတွေ့ခဲ့ပြီး ကြိုးစားပန်းစားနဲ့ သူ့ကို ဆက်သွယ်ဖို့ကြိုးစားတဲ့အတွက် မျက်ရည်ကျမိကြောင်း ပြောပါတယ်။

သူ့ခင်ပွန်းကတော့ ကင်ဆာရောဂါကြောင့် လွန်ခဲ့တဲ့ (၃) နှစ်က သေဆုံးသွားပါပြီ။ သူ့ခင်ပွန်းက အိုရိုနိုမြို့ရဲ့ကောလိပ်ကို မသွားခင်မှာ သူ့ကို ဒီလက်စွပ်ပေးခဲ့တာပါ။ စတိုင်းဆိုင်မှာ လက်စွပ်ပျောက်သွားတဲ့အတွက် မက်ကန်က သူ့ရဲ့နာမည်နဲ့ ဖုန်းနံပါတ်တို့ကို စတိုင်းဆိုင်မှာ ချန်ထားခဲ့ပေမယ့် ဘယ်သူ့ဆီကမှ အဆက်အသွယ်မရခဲ့ပါဘူး။ ဒါကြောင့်ပဲ ဒါကို မတွေ့တော့ဘူးလို့ ထင်ခဲ့တာပါ။ မက်ကန်က မာကိုနဲ့ ဘာမှစကားမပြောရသေးပါဘူး ဒါပေမဲ့ Alumni Association ကတော့ သူ့ကို ကျေးဇူးတင်တဲ့အနေနဲ့ Morse High School ခေါင်းစွပ်အင်္ကျီလေး ပို့ပေးခဲ့ပါတယ်။

Ref: Maine widow is reunited with a cherished ring she lost 47 years ago after it was unearthed 3,700 miles away in a forest in FINLAND

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top