360ed တည်ထောင်သူ မလှလှဝင်းအား ၂၀၁၉ ခုနှစ်၏ နိုင်ငံတကာမှ လူမှုရေးရာ တီထွင်ဆန်းသစ်သူများစာရင်းတွင် ထည့်သွင်း အသိအမှတ်ပြု

360ed-Founder-Ma-Hla-Hla-Win.jpg

The Schwab Foundation for Social Entrepreneurship မှ ၂၀၁၉ ခုနှစ်အတွက် လူမှုရေးရာဆန်းသစ်တီထွင်ရေးတွင် ဆုရရှိသူ ၄၀ စာရင်းကို နယူးယောက်ခ်မြို့တွင် ထုတ်ပြန်ကြေညာခဲ့သည်။ မြန်မာနိုင်ငံမှ 360ed ၏ CEO နှင့်တည်ထောင်သူ မလှလှဝင်းသည်လည်း လူမှုစွန့်ဦးတီထွင်သူကဏ္ဍအတွက် ဆုရရှိသူများထဲမှ တစ်ဦးအပါအဝင်ဖြစ်သည်။ အဆိုပါဆုရရှိသူများစာရင်းတွင် start-up လုပ်ငန်းများကိုတည်ထောင်သူနှင့် CEO များ၊ နိုင်ငံတကာနှင့် ဒေသန္တရစီးပွားရေးနှင့် အစိုးရပိုင်းမှ ဦးဆောင်သူများ၊ ရေသန့်စင်ရေးလုပ်ငန်းမှစ၍ ဘဏ္ဍာရေးဝန်ဆောင်မှုများ လူတိုင်းအသုံးပြုနိုင်ရေး၊ ပညာရေးနှင့် အခြားသောကဏ္ဍများတွင် ဆန်းသစ်သော တီထွင်မှုများဖြင့် လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာပြဿနာများကို ဖြေရှင်းရန် ကြိုးစားအဖြေရှာနေသည့် ကျွမ်းကျင်ပညာရှင်များ လည်း ပါဝင်ပါသည်။

သဘာဝနှင့်အနီးစပ်ဆုံးတူသောပုံရိပ်ယောင်နည်းပညာ (VR, AR) တို့အပြင် အခြားသောစမတ်ဖုန်းနည်းပညာ များကိုအသုံးပြု၍ အနာဂတ်၏ပညာသင်ကြားရေးကို ရုပ်လုံးဖော်အသက်သွင်းနိုင်ရန်နှင့် အရည်အသွေးမီ ပညာရေးကို လူတန်းစားမရွေး တန်းတူညီမျှရရှိနိုင်ရန်အတွက် ရည်သန်ဆောင်ရွက်လျက်ရှိသည့် လူမှုရေးရာ ဆန်းသစ်တီထွင်သူတစ်ဦးဖြစ်သော မလှလှဝင်းသည် နိုင်ငံတကာစင်မြင့်အထက်တွင် မြန်မာနိုင်ငံအား ကိုယ်စားပြုခဲ့ပါသည်။ သူမသည် Silicon Valley ရှိ NASA Research Park တွင် အခြေစိုက်ထားသော ပညာသင်ကြားရေးပိုင်းဆိုင်ရာ နည်းပညာလုပ်ငန်း တစ်ခုဖြစ်သည့် 360ed ကို တည်ထောင်ခဲ့သူဖြစ်ပါသည်။ မြန်မာ့အခြေခံပညာရေးတွင်ရှိနှင့်ထားပြီးသော နည်းပညာနှင့်သင်ကြားရေးပေါင်းစည်းမှုအဆောက်အဦကို အသုံးပြု ပြီး မြန်မာ့ပညာရေးလောက၏ ပြုပြင်ပြောင်းလဲမှုကို အရှိန်မြှင့်တင်ရန်မှာ 360ed ၏ ရည်မှန်းချက်ဖြစ်ပါ သည်။ The Schwab Foundation မှ ဆုချီးမြှင့်ခြင်းခံရသည့်အပြင် မလှလှဝင်းသည် ၂၀၁၉ ခုနှစ် World Economic Forum ၏ Sustainable Development Impact Summit တွင် EdTech ကိုအသုံးပြုပြီး သင်ကြားရေးစံနှုန်းများကို ပြန်လည်ပြဋ္ဌာန်းခြင်းဖြင့် အနာဂတ်လုပ်ငန်းခွင်အတွက် လုပ်ငန်းရေးရာ အသင့်ဖြစ်နေမှု၊ ကျိုးကြောင်းဆက်စပ်တွေးခေါ်နိုင်မှုများကို တိုးမြှင့်လုပ်ဆောင်နိုင်ကြောင်း “လူတိုင်းအတွက် ကောင်းမွန်သောအလုပ်ကို ရယူခြင်း” ဟူသည့်ခေါင်းစဉ်ကို panelist တစ်ယောက်အနေဖြင့် ဝင်ရောက်ဆွေးနွေးနိုင်ခဲ့ပါသည်။

“ကျွန်တော်စာသင်ပြနေရင်း သတိထားမိတာတစ်ခုကတော့ မြန်မာနိုင်ငံမှာရှိတဲ့ ကျောင်းသူ၊ ကျောင်း သားတွေဟာ ကိုယ့်အားကိုယ်ကိုးပြီးလေ့လာတတ်ဖို့ တနည်းဆိုရရင် ကိုယ့်ကိုယ်ကို လေ့လာသင်ယူနိုင်တယ်ဆိုတဲ့ ယုံကြည်မှု တည်ဆောက်ရာမှာ နိုင်ငံတကာက ကလေးတွေနဲ့ယှဉ်ရင် အားနည်းနေသေးတာကို တွေ့ရပါ တယ်။ ဒါကြောင့်မို့လို့ ကျောင်းသူ၊ ကျောင်းသားတွေကို စင်မြင့်အထက်က တာဝန်ရှိသူတွေအပေါ်သာ မှီခိုနေ မယ့်အစား ကိုယ်တိုင်ကိုယ်ကျလေ့လာသင်ယူတတ်ဖို့ အကူအညီပေးချင်တာဟာ ကျွန်တော်ရဲ့ ရည်မှန်းချက်ဖြစ် လာခဲ့ပါတယ်။ Virtual Reality ကို အသုံးပြုပြီး မြန်မာနိုင်ငံ က ဆရာ၊ ဆရာမတွေ သင်ကြားမှုဆိုင်ရာ ကျွမ်းကျင်တိုးတက်ရေးနဲ့ နိုင်ငံတကာနဲ့တန်းတူ ထိရောက်စွာသင်ကြားပြနိုင်ရေးတို့အတွက် ကမ္ဘာတစ်ဝှမ်းမှာရှိ တဲ့ အကောင်းဆုံးစာသင်ခန်းတွေဆီကို ကိုယ်တိုင်တကယ်သွားရောက်လည်ပတ်နေရသလို ခံစားရမယ့်အခွင့်အရေးကို ကျွန်တော်တို့ 360ed က ဖန်တီးပေးဖို့ ရည်ရွယ်ပါတယ်”ဟုပြော ကြားသွားခဲ့သည်။

The Schwab Foundation သည် ဖန်တီးနိုင်စွမ်းမြင့်မားသော၊ အဆင့်အတန်းခွဲခြားမှုမရှိသော၊ မေတ္တာတရားရှေ့ထားသော၊ စွန့်ဦးတီထွင်စွမ်းရှိသော၊ စီးပွားရေး၊ လူသားနှင့်သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အတွေးအမြင်များမြင့်မားတိုးတက်လာစေရန် ရေရှည်တည်တံ့သောလုပ်ငန်းများကို ဖော်ဆောင်နိုင်သော လူမှု စွန့်ဦးတီထွင်သူများကို ခေါင်းဆောင်သစ်များအဖြစ် အနှစ် ၂၀ ကြာအောင် အသိအမှတ်ပြုခဲ့သည့်အပြင် ၎င်းတို့အားလည်း World Economic Forum ပလက်ဖောင်းများတွင် ပါဝင်တက်ရောက်စေခဲ့ပါသည်။ ကမ္ဘ္ဘာလုံးဆိုင်ရာ တိုးတက်မှုကို အရှိန်မြှင့်တင်ပေးမည့် လူမှုရေးရာဆန်းသစ်တီထွင်ခြင်း၏ ဂေဟစနစ်ကို အထောက်အပံ့ပေးရန် အတွက် The Schwab Foundation သည် ယခုနှစ်တွင် Social Entrepreneur of the Year ဆုအပြင် Public Intrepreneur, Corporate Social Intrapreneur နှင့် Social Innovation Thought Leader အစရှိသည့် ကဏ္ဍ ၃ ခု ကို ဆုချီးမြှင့်မည့်စာရင်းတွင် ထပ်မံထည့်သွင်းခဲ့ပါသည်။

Team ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top