Travel 2019 မှာအကောင်းဆုံးခရီးသွားဓာတ်ပုံတွေနဲ့ ပြိုင်ပွဲဝင်ထားတဲ့ မြန်မာဓာတ်ပုံဆရာများ

yyl-008-11.jpg

AGORA က ဓာတ်ပုံပြိုင်ပွဲများစွာကို ကျင်းပပြုလုပ်ပေးနေပြီး အခုတစ်ခါမှာလည်း Travel 2019 ဆိုတဲ့ ခရီးသွားဓာတ်ပုံတွေနဲ့ ယှဉ်ပြိုင်ရတဲ့ပြိုင်ပွဲတစ်ခုကျင်းပထားပြန်ပါတယ်။ ဒီပြိုင်ပွဲအတွက် တစ်ကမ္ဘာလုံးက ခရီးသွားတွေထဲကမှ ဝင်ရောက်လျှောက်ထားသူ (၁၄၅၃၉) ရှိပါတယ်။ အဲဒီအထဲကမှ ဆန်ကာတင်စာရင်း (၅၀) ထွက်ရှိလာပြီး Travel 2019 Hero ဆုရှင်ကို အောက်တိုဘာ (၂၄) ရက်နေ့မှာ ရွေးချယ်တော့မှာဖြစ်ပါတယ်။ Travel 2019 Hero ဆုအတွက် ဆုကြေးငွေက ဒေါ်လာ (၁၀၀၀) လို့သိရပါတယ်။

ခရီးထွက်ခြင်းက အမြင်သစ်၊ အတွေ့ကြုံအသစ်တွေရသလို နိုင်ငံအနှံ့အပြားက သဘာဝတရားကြီးကိုလည်း ခံစားမိစေပါတယ်။ နေရာအသစ်ကို ခရီးထွက်လိုက်တာနဲ့ ကိုယ့်နဲ့မသိတဲ့လူတွေနဲ့ တွေ့ဆုံရတဲ့အပြင် သူတို့ရဲ့ယဉ်ကျေးမှုနဲ့ပတ်သက်ပြီး အမြင်ကျယ်စေမှာပါ။ အဲဒီလိုပဲ ဆန်ကာတင်စာရင်း (၅၀) မှာ ပါဝင်လာတဲ့ ဓာတ်ပုံဆရာတွေကလည်း သူတို့ ခရီးသွားရင်းနဲ့ အဲဒီနရာတွေက အလှတရားတွေ၊ ဆွဲဆောင်မှုရှိလှတဲ့ရှုခင်းတွေ၊ မြင်ကွင်းတွေကို ရိုက်ထားခဲ့ကြတာပါ။ အဲဒီထဲက ဓာတ်ပုံဆရာတချို့က ကိုယ့်နိုင်ငံရဲ့စိတ်ဝင်စားဖွယ်ရာရှုခင်းတွေ၊ အလှတရားတွေကို ထုတ်ပြထားတဲ့ ဓာတ်ပုံတွေနဲ့ ယှဉ်ပြိုင်တာတွေလည်းရှိပါတယ်။

ဆန်ကာတင်အယောက် (၅၀) ထဲမှာ မြန်မာနိုင်ငံက ဓာတ်ပုံဆရာ (၄) ဦးပါဝင်လာခဲ့ပါတယ်။ မြန်မာဓာတ်ပုံဆရာတွေက ပြိုင်ပွဲယှဉ်ပြိုင်ရင်းနဲ့ မြန်မာလူမျိုးတွေရဲ့သွားလာလှုပ်ရှားပုံတွေနဲ့အတူ ကိုယ့်နိုင်ငံရဲ့အလှတရား၊ ရှုခင်းတွေကို တစ်ကမ္ဘာလုံးမြင်တွေ့ခံစားမိအောင် ပြသခဲ့ပါတယ်။ ဒါပေမဲ့ တချို့မြန်မာဓာတ်ပုံဆရာတွေကတော့ အာရှနိုင်ငံအတွင်းက နေရာတွေကို သွားလည်ရင်း အဲဒီနေရာမှာ ရိုက်ခဲ့တဲ့ပုံတွေနဲ့ ယှဉ်ပြိုင်ထားတာလည်း တွေ့ရပါတယ်။ Travel 2019 ဆုရှင်က ဘယ်သူဖြစ်မလဲဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။ AGORA အက်ပလီကေးရှင်းမှာ မိမိကြိုက်နှစ်သက်တဲ့ပုံကို ဝင်ရောက်မဲပေးလို့ရတယ်လို့ သိရပါတယ်။

Travel 2019 မှာ ဝင်ရောက်ယှဉ်ပြိုင်ထားတဲ့ မြန်မာနိုင်ငံက ဓာတ်ပုံဆရာတွေရဲ့ပုံတွေကို ဖော်ပြပေးလိုက်ပါတယ်။


Family Life
လှပတဲ့ရှုခင်းနဲ့အတူ မိသားစုဘဝကို ပြသနေတဲ့ ဒီဓာတ်ပုံကို ဓာတ်ပုံဆရာသန့်ဇင် ရိုက်ကူးခဲ့တာဖြစ်ပါတယ်။


The Golden Hour of Bagan
ပုဂံဘုရားတွေနဲ့ ညနေခင်းအလှကို ရိုက်ကူးခဲ့တာကတော့ ဓာတ်ပုံဆရာနိုင်ထွန်းဝင်းဖြစ်ပါတယ်။


Sculpture
Yalu River နားမှာ ဗုဒ္ဓဆင်းတုတော်ထွင်းထုနေတဲ့ လူငယ်တစ်ယောက်ရဲ့ပုံကို ဓာတ်ပုံဆရာအောင်သူရက ရိုက်ကူးခဲ့တာပါ။


Terrace
ကယန်းလူမျိုးတွေနဲ့ လှေကားထစ်စိုက်ခင်းအလှကို ပုံဖော်ရိုက်ကူူးခဲ့သူက ဓာတ်ပုံဆရာဖြိုးမိုးဖြစ်ပါတယ်။

Ref: Boredpanda “We Asked Photographers From All Over The World To Show Their Most Stunning Shots From Their Travels”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top