ရင်သားကြီးစေတဲ့ ပစ္စည်း (implants) တွေကြောင့် ဖြစ်တတ်တဲ့ ကင်ဆာရောဂါသစ်

implants.jpg

 ရင်သား နဂိုအရွယ်ထက် ကြီးထွားလာအောင် ခွဲစိတ်ကုသပြီး ရင်သားတွင်းထည့်တဲ့ ပစ္စည်း (implant) တွေကြောင့် ကင်ဆာရောဂါဖြစ်ပွားပြီး အမျိုးသမီး ကိုးဦးအသက်ဆုံးရှုံးခဲ့ရကြောင်း အမေရိကန်နိုင်ငံ အစားအစာနှင့် ဆေးဝါးကြီးကြပ်ရေး အဖွဲ့အစည်း (FDA)က တွေ့ရှိထားပါတယ်။

အဲဒီ ကင်ဆာရောဂါကို ALCL(Anaplastic Large Cell Lymphoma) လို့ နာမည်ပေးထားပြီး ယင်းဟာ ရင်သားကင်ဆာအမျိုးအစားမျိုး မဟုတ်တဲ့ ကင်ဆာရောဂါသစ် ဖြစ်ပါတယ်။ ကင်ဆာဆဲလ်တွေကို ရင်သားတွင်းထည့်တဲ့ ပစ္စည်း နားမှာ တွေ့ရတာပဲ ဖြစ်ပါတယ်။ FDA အဖွဲ့အစည်းကို သတင်းပေးပို့လာတဲ့ ရင်သားတွင်းထည့်ပစ္စည်းနဲ့ ပတ်သက်နေတဲ့ ကင်ဆာလို့ သံသယဝင်စရာ ဖြစ်ရပ်ပေါင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ၃၅၉ ခု တိတိ ရှိနေခဲ့ပါတယ်။

ရင်သားတွင်းထည့် ပစ္စည်း (implant) တွေကို ဆီလီကွန် (Sillicone) ၊ ဆယ်လင်း (Saline) စတဲ့ အရာတွေနဲ့ ပြုလုပ်ထားပြီး ရင်သား ပြည့်ဖြိုးချင်တဲ့ အမျိုးသမီးတွေဟာ အဲဒီ အရာဝတ္ထုတွေကို ခွဲစိတ်ကုသမှုခံယူပြီး ထည့်သွင်းကြတာ ဖြစ်ပါတယ်။ အခုလို တွေ့ရှိချက်တွေ ရှိလာတာကြောင့် implant ထည့်သွင်းထားတဲ့ အမျိုးသမီးတွေအနေနဲ့ ကင်ဆာလို့ သံသယဖြစ်စရာ အနေအထားတွေ ရှိလာရင် နီးစပ်ရာ ဆေးဝါးကျွမ်းကျင်ပညာရှင်များ၊ ဆရာဝန်များနဲ့ သွားရောက်ပြသဖို့ FDA က အကြံပြုထားပါတယ်။

Ref: CNN ; “9 deaths and rare cancer linked to breast implants, FDA says”

ကျော်သန့် (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top