အချိန်မှားပြီး စားလေ့စားထ ရှိကြတဲ့ အစားအစာတွေ

green-banana-large.jpg

၁။ နွားနို့

နွားနို့ကို ညအချိန်မှာ သောက်တာ မှန်ကန်ပါတယ်။ မနက်ခင်းမှာ နွားနို့ မသောက်သင့်ပါ။

မနက်ခင်း အိပ်ယာထတဲ့ အခါမှာ ခန္ဓာကိုယ်ဟာ တက်ကြွလန်းဆန်း နေပါတယ်။ ဒါကြောင့် နွားနို့သောက်ဖို့ မလိုပါ။ နွားနို့ဟာ ခန္ဓာကိုယ်မှာ ရှိတဲ့ အဆီပိုတွေကို လျော့ချပေးနိုင်ပါတယ်။ နောက်ပြီးတော့ ပိုမိုပြီး လူကို အိပ်ပျော်စေပါတယ်။ ဒါကြောင့် ညအချိန် အနားယူတဲ့ အခါမှာ နွားနို့သောက်တာက
ကြွက်သားတွေနဲ့ ခန္ဓာကိုယ် ဆဲလ်တွေကို အထူးကောင်းမွန် စေပါတယ်။

၂။ ထမင်း

ထမင်းကို နေ့လယ်စာ စားတဲ့ အချိန်မှာ စားတာ အမှန်ကန်ဆုံး ဖြစ်ပါတယ်။ ညအချိန်မှာ ထမင်း မစားသင့်ပါ။ နေ့လည်မှာ စားသင့် အကြောင်းကတော့ ခန္ဓာကိုယ်က ဇီဝရုပ် ဖြစ်ပျက်မူတွေဟာ ညဘက်ထက် နေ့ဘက်က ပိုပြီးတော့ ဖြစ်ပေါ်ပါတယ်။ ဒါကြောင့် ခန္ဓာကိုယ် အတွက် လိုအပ်သော ဓာတ်တွေကို ထမင်းက ပေးစွမ်းပါတယ်။

၃။ သကြား

ရေခဲမုန့်တို့ ချောကလက်တို့ သကြားနဲ့ လုပ်ထားတဲ့ အစားအစားအားလုံးကို မနက်ခင်းမှာ စားတာ အကောင်းဆုံး ဖြစ်ပါတယ်။ မနက်ခင်းမှာ သကြားစာတာက ခန္ဓာကိုယ်မှာ လိုအပ်နေတဲ့ သကြားဓာတ်တွေကို ဖြည့်ပေးတာ ဖြစ်လို့ တစ်နေ့တာလုံး သကြားဓာတ် ပြည့်ပြည့်ဝဝ ရရှိမှာ ဖြစ်ပြီး ပိုမိုပြီးလည်း တက်ကြွပါလိမ့်မယ်။ ညဘက်မှာ သကြားကို စားတာက ခန္ဓာကိုယ်ကိုယ်မှာရှိတဲ့ အဆီကို ပိုတက်စေပြီး ဝစေပါလိမ့်မယ်။ ဒါကြောင့် ညဘက် သကြား မစားသင့်ပါ။

၄။ ငှက်ပျောသီး

ငှက်ပျော်သီးကို နေ့လယ်ဘက်မှာ စားတာဟာ အကောင်းဆုံးပါ။ ငှက်ပျော်သီးဟာ အမျဉ်ဓာတ်ကြွယ်ဝသော အစားအစာ ဖြစ်လို့ အစာချေဖျက်ပေးမူကိုလည်း ကူညီပေးနိုင်ပါတယ်။ တစ်နေ့တာလုံး အတွက်လည်း ခွန်အားပြည့်ဝ စေပါလိမ့်မယ်။ ညဘက်မှာ ငှက်ပျော်သီးစားရင်တော့ ချွဲသလိပ်ကြပ်ပြီး ချောင်းဆိုးနိုင်ပါတယ်။ နောက်ပြီးတော့ ညဘက် အစာအိမ်ထဲမှာ ဘာမှ မရှိတဲ့ အခါ ငှက်ပျော်သီး စားမိသွားရင် အစာအိမ် ပြဿနာလည်း ဖြစ်စေနိုင်ပါတယ်။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top