ဒရာမာ စီးရီး အသစ်တစ်ခုမှာ တွေ့မြင်ရတော့မယ့် လီဒါဟေး

lee.jpg

My Girl, Green Rose စတဲ့ ကိုရီးယားဒရာမာ စီးရီးတွေနဲ့ ပရိတ်သတ်တွေရဲ့ အချစ်တွေကို ရရှိခဲ့တဲ့ လီဒါဟေး ကို Before Nice Witch (ကိုရီးယားနာမည်ကနေ တိုက်ရိုက်ဘာသာပြန်ထား) ဆိုတဲ့ ဒရာမာစီးရီး အသစ်တစ်ခုမှာ တွေ့မြင်ရတော့မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာနေပါတယ်။

SBS က ရိုက်ကူးသွားမှာ ဖြစ်ပြီး သူမ အနေနဲ့ ပါဝင်သရုပ်ဆောင်ဖြစ်မယ်ဆိုရင်တော့ ချစ်စဖွယ် အိမ်ရှင်မလေး ချာဆွန်ဟီး နေရာကနေ ဦးဆောင်ပါဝင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ သူမအနေနဲ့ ဆိုရင်တော့၂၀၁၄ ခုနှစ် က သရုပ်ဆောင်ခဲ့တဲ့ အိမ်ထောင်ရေး ဒရာမာ Hotel King ပြီးတဲ့နောက် အခုက ပထမဆုံး ပြန်လည်သရုပ်ဆောင်မယ့် အိမ်ထောင်ရေး ဇာတ်လမ်းဖြစ်လာမှာပါ။ သူမ ပါဝင်သရုပ်ဆောင်မယ်လို့ လူများစုက ထင်ကြေးပေးနေကြပါတယ်။

Before Nice Witch စီးရီး မှာတော့ စိတ်နှလုံးကောင်းရှိတဲ့ အိမ်ထောင်ရှင်အမျိုးသမီး တစ်ယောက်ရဲ့ ထူးခြားတဲ့ အချစ်ဇာတ်လမ်းကို ဖော်ပြသွားမှာပါ။ သူမရဲ့ မိစ္ဆာဆန်တဲ့ အမွှာညီအစ်မ နဲ့ သူမရဲ့ ဘဝ နှစ်ခုကြား ကောင်းမွန်စွာ ဖြတ်သန်းနိုင်ဖို့နဲ့ ကြုံတွေ့လာရတဲ့ အခက်အခဲတွေကိုလည်း စိတ်နှလုံးကောင်းထားကာ ကျော်ဖြတ်ဖို့ ကြိုးစားတာကို တွေ့ရမှာပါ။

သူမနဲ့ အတူတူ တွဲဖက် သရုပ်ဆောင်မယ့် မင်းသားကတော့ Ryu Soo Young ပါ။ သူ့ရဲ့ အေဂျင်စီရဲ့ အဆိုအရတော့ ပါဝင်သရုပ်ဆောင်ဖို့ ဆွေးနွေးနေတုန်းလို့ သိရပါတယ်။ အဆိုပါ ဒရာမာစီးရီးကိုတော့ ဇန်နဝါရီလမှာ ထုတ်လွှင့်ပြသသွားမှာပဲ ဖြစ်ပါတယ်။

Ref: Soompi

Zym (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top