အမိုက်စားနမူနာနဲ့ ပရိသတ်တွေကို စိတ်လှုပ်ရှားစေခဲ့တဲ့ Wonder Woman 1984 ရုပ်ရှင်ကား

yyl-017-5.jpg

၂၀၁၇ခုနှစ်က ထွက်ရှိခဲ့တဲ့ Wonder Woman ဇာတ်ကားဟာ ပရိသတ်တွေရဲ့ တစ်ခဲနက်အားပေးနှစ်ခြိုက်မှုကို ရရှိခဲ့တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ အဲဒီဇာတ်ကားပြီးတော့ ၂၀၂၀ မှာ Wonder Woman 1984 နာမည်နဲ့ နောက်တစ်ကားထွက်ရှိလာမှာ ဖြစ်ပါတယ်။ Wonder Woman 1984 ရုပ်ရှင်ကားကို DC ပရိသတ်တွေ ကြည့်ရှုရဖို့အတွက် စောင့်ဆိုင်းနေခဲ့ကြတာပါ။ ပရိသတ်တွေ စောင့်ဆိုင်းနေရင်နဲ့ပဲ အခုဆိုရင် Wonder Woman 1984 ရုပ်ရှင်ကားဟာ စနေနေ့က ဇာတ်ကားနာမူနာထွက်ရှိလာခဲ့ပါပြီ။

အဲဒီနမူနာမှာ ပရိသတ်တွေမျှော်လင့်ထားခဲ့သလို Wonder Woman ဒိုင်ယာနာ ပရင့်ဇာတ်ကောင်ရဲ့ ချစ်သူကောင်လေး စတီဗီ တရီဗော ပြန်ပါဝင်လာခဲ့ပါတယ်။ စတီဗီ တရီဗော ဇာတ်ကောင် ခရစ်ပိုင်ဟာ ၂၀၁၇ ခုနှစ်ရဲ့ Wonder Woman ဇာတ်ကားမှာ သေဆုံးသွားခဲ့တာကြောင့် ဒီဇာတ်ကားအသစ်မှာ ပြန်ပါဝင်လာတဲ့အတွက် ကြည့်ရှုသူတွေကို နားလည်ရခက်စေခဲ့ပါတယ်။

ဒါပေမဲ့ ပရိသတ်တွေကို စူပါဟီးရိုး Wonder Woman ရဲ့ အမိုက်စားတိုက်ကွက်ဖြစ်တဲ့ လျှပ်စစ်ကြိုးနဲ့ လွှဲယမ်းပြီးတိုက်ခိုက်တဲ့အခန်းက ပိုပြီးစိတ်လှုပ်ရှားစေခဲ့တဲ့ပုံပါပဲ။ ဒီအခန်းကတော့ ပရိသတ်တွေရဲ့ ပါးစပ်ဖျားမှာ ရေပန်းစားလို့နေပါတယ်။ အဲဒီအကြောင်း ပြောထားတာတွေကလည်း တွစ်တာမှာ ပလူပျံခဲ့ပါတယ်။

နာမူနာဗီဒီယိုထဲမှာ Maxwell Lord ဇာတ်ကောင်အပြင် ခရစ်တန် ဝီချ် (Kristen Wiig) ပါဝင်သရုပ်ဆောင်ထားတဲ့ Cheetah ဇာတ်ကောင်ကလည်း ဗီလိန်အနေနဲ့ ပါဝင်လာခဲ့ပါတယ်။ အစကတော့ Cheetah ဇာတ်ကောင်က ဒိုင်ယာနာ ပရင့်နဲ့ သူငယ်ချင်းတွေပါ။ ဒါပေမဲ့ Cheetah က ဒိုင်ယာနာရဲ့ရန်သူအဖြစ် ပြောင်းသွားမှာဖြစ်ပါတယ်။

၂၀၁၇ခုနှစ်ရဲ့ Wonder Woman က ပထမကမ္ဘာစစ်အတွင်း အဖြစ်အပျက်တွေကို အခြေခံရိုက်ကူးခဲ့တာဖြစ်ပြီး အခုဇာတ်ကားအသစ်ကတော့ ပထမကမ္ဘာစစ်ပြီး (၆၆) နှစ်အကြာ ၁၉၈၄ ခုနှစ်ကို အခြေပြုရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီ “Wonder Woman 1984” ဇာတ်ကားကို ကြည့်ရှုရဖို့ စောင့်ဆိုင်းနေကြတဲ့သူတွေက ၂၀၂၀ခုနှစ် ဇွန်လ (၅) ရက်နေ့မှာ ကြည့်ရှုရတော့မှာဖြစ်ပါတယ်။

Ref:Tribune “Fans get excited over lightning-swinging action as ‘Wonder Woman 1984’ trailer releases”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top