နည်းပညာနဲ့ ဖက်ရှင်ကို ပေါင်းစပ်ပြီး Vivo V19 က ဈေးကွက်ဦးဆောင်နေတဲ့ Selfie စွမ်းရည်နှင့် အံ့သြဖွယ်ဒီဇိုင်းကို ပေးစွမ်း

Image-04_Brand-Ambassador-Wine-Su-Khine-Thein-Hold-V19.jpg

Vivo က V19 ဖုန်းအသစ်ကို မြန်မာနိုင်ငံမှာ မေလ ၈ ရက်နေ့က စတင်မိတ်ဆက်ခဲ့သည်။ V19 မှာ ထူးခြားချက်အနေဖြင့် dual front 32MP + 8MP Super wide-angle ကင်မရာနှင့် AMOLED FHD + Ultra O မျက်နှာပြင် ဒီဇိုင်းတို့ပါဝင်ပြီး ထူးကဲတဲ့ Selfie စွမ်းရည်များ၊ အဆင့်မြင့်နည်းပညာများနှင့် သုံးစွဲသူများအတွက် ဆန်းသစ်သော အသွင်အပြင်ကို ပေးစွမ်းနိုင်ပါတယ်။ V19 အွန်လိုင်း မိတ်ဆက်ပွဲအခမ်းအနားကို ၂၀၂၀ ခုနှစ် မေလ ၈ ရက်နေ့ ညနေ ၆ နာရီက Vivo Myanmar Facebook Page စာမျက်နှာမှတစ်ဆင့် တင်ဆက်ခဲ့ပါတယ်။

နောက်ဆုံးပေါ် ကင်မရာ နည်းပညာဖြင့် လှပတဲ့ Selfies ကို ရရှိစေခြင်း

V19 မှာ အရှေ့ဘက်ကင်မရာနှစ်လုံး အနေဖြင့် 32 MP ပင်မကင်မရာနှင့် 8MP အထူးမြင်ကွင်းကျယ် ကင်မရာတို့ပါရှိသည့်အတွက် အသုံးပြုသူများအတွက် မည်သည့်နေရာ၊ မည်သည့်အချိန်တွင်မဆို အကောင်းဆုံး Selfie ကို ပေးစွမ်းနိုင်ပါတယ်။ အသက်ဝင်သောရိုက်ချက်များအတွက် အနီးမြင်ကွင်းနှင့် နောက်ခံမြင်ကွင်းကြား အချိုးအစားကို ကောင်းမွန်စွာ ချိန်ညှိပေးနိုင်တဲ့ AI algorithm ပါဝင်တဲ့ ရှေ့ကင်မရာက wide-angle selfie ကို 105 degrees အထိ ရိုက်ကူးနိုင်ပါတယ်။ ဒါ့အပြင် Ultra-Stable Selfie Video ပါဝင်သည့်အတွက် မြင်ကွင်းကျယ် selfie ဗီဒီယိုများကို တည်ငြိမ်စွာ ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။

Vivo V19 ရဲ့အနောက်ဘက်အခြမ်းမှာ 48 MP ပင်မ ကင်မရာ၊ 8MP အထူးမြင်ကွင်းကျယ်ကင်မရာ၊ 2MP macro ကင်မရာ နှင့် 2MP bokeh ကင်မရာ တို့ပေါင်းစပ်ထားသည့် စွမ်းဆောင်ရည်မြင့် AI Quad Camera ပါဝင်ပါတယ်။ V19 တွင် Ultra Stable Video အပြင် ပညာရှင်တစ်ဦးကဲ့သို့ လွယ်ကူစွာ တည်းဖြတ်နိုင်ရန် AI Video Filter ၊ AI Video Editor ၊ AI Image နှင့် AI Image Matting ကဲ့သို့ AI ရုပ်ပုံနှင့် ဗီဒီယို လုပ်ဆောင်ချက်များ ပါဝင်ပါတယ်။

ရှေ့ကင်မရာနှင့် နောက်ကင်မရာနှစ်ခုလုံးတွင် ညအချိန်မှာ ရင်သပ်ရှုမောဖွယ်ဓာတ်ပုံများကို ရိုက်ကူးနိုင်ရန် အထူးစနစ်များ တပ်ဆင်ထားပါတယ်။ ရှေ့ကင်မရာရဲ့ Super Night Selfie Mode က Layer-Based Beautification ၊ Spatial Merging Denoising နှင့် Multiple Exposure လုပ်ဆောင်ချက်များပါဝင်တဲ့အတွက် အသုံးပြုသူများကို ညအချိန်တွင် မြို့ပြမိုးကုပ်စက်ဝိုင်းတွင်ဖြစ်စေ (သို့မဟုတ်) ကျေးလက်၏ကြယ်စုံလင်သော ကောင်းကင်တွင်ဖြစ်စေ၊ မည်သည့်နေရာတွင်မဆို နောက်ခံ အလှတရားတို့ကို နောက်ခံထားတဲ့ Selfie အလှများကို ဖမ်းယူရရှိနိုင်မှာဖြစ်ပါတယ်။ အနောက်ကင်မရာရဲ့ Multi-Frame Screening ၊ Temporal Alignment နဲ့ Spatial Merging Denoising တို့ပါဝင်တဲ့ Super Night Portrait Mode က သုံးစွဲသူများကို ညအချိန်တွင်ပင်ဘဝရဲ့ ကြည်နူးဖွယ်ရာ အချိန်များအား high-resolution ဓာတ်ပုံများအဖြစ် ဖမ်းယူသိမ်းဆည်းနိုင်စေမှာဖြစ်ပါတယ်။

ဆန်းသစ်သော Display နဲ့ ထူးခြားတဲ့ ဒီဇိုင်းအသွင်အပြင်

V19 မှာ သာလွန်ကောင်းမွန်သော E3 OLED ကိုသုံးထားသော ၆.၄၄ လက်မ အကျယ် AMOLED FHD + Ultra O မျက်နှာပြင်ပါဝင်ပြီး 100% DCI–P3 color gamut အထိ ထောက်ပံ့ပေးသဖြင့် အသက်ဝင်တောက်ပသော အရောင်များထုတ်ပေးနိုင်ပါတယ်။ မျက်နှာပြင်အလင်းက ပတ်ဝန်းကျင်အလင်းနှင့် အညီ အလိုအလျောက် ညှိပြီး E2 OLED ထက်အပြာရောင် အလင်း ၄၂ ရာခိုင်နှုန်း ပိုမိုစစ်ထုတ်ပေးနိုင်သဖြင့် သုံးစွဲသူအတွက် ကျန်းမာရေးဆိုးကျိုးပိုနည်းစေပါတယ်။

Vivo ရဲ့ သုံးစွဲသူရှေးရှုကာဒီဇိုင်းဖန်တီးမှုအစဉ်အလာကို ဆက်ခံသော V19 ကို သက်တောင့်သက်သာဖြစ်ပြီး စတိုင်ကျစေရန် ပုံဖော်ထားပါတယ်။ ကိုင်တွယ်ရလွယ်သော 3D ထောင့်ချိုးများရှိသည့် V19 သည် အသုံးပြုသူရဲ့ လက်တွင် အံဝင်ခွင်ကျဖြစ်နေစေပြီး Corning Gorilla Glass 6 က ခန့်ညားကျော့ရှင်းမှုကို ပေးစွမ်းပါတယ်။

နေ့စဉ်လှုပ်ရှားသွားလာသော အသုံးပြုသူအတွက် အားကောင်းသော စွမ်းဆောင်ရည်ဖြင့် တစ်နေကုန် ထမ်းဆောင်ခြင်း

သာလွန်ထူခြားသော Selfie လုပ်ဆောင်ချက်များနှင့် သေသပ်သော ဒီဇိုင်းရှိသည့်အပြင် V19 တွင် မြင့်မားသော စွမ်းဆောင်ရည်နှင့် တာရှည်အသုံးခံသောဘက်ထရီ ပမာဏပါရှိပါတယ်။ 4500mAh super capacity ဘက်ထရီကို အချိန်ကြာမြင့်စွာအသုံးပြုနိုင်မှာဖြစ်ပြီး နေ့စဉ်လှုပ်ရှားသွားလာနေသော သုံးစွဲသူများအတွက် 33W Vivo FlashCharge 2.0 နည်းပညာက 0% မှ 54% သို့ မိနစ် ၃၀ အတွင်း မြန်ဆန်စွာ အားသွင်းပေးနိုင်ပါတယ်။

Qualcomm Snapdragon octa-core 712 processor ကြောင့် interface မြန်ဆန်ပြီး ထိပ်တန်းစွမ်းဆောင်ရည်ကို ပေးနိုင်ပါတယ်။ V19 ရဲ့ စွမ်းအင်အသုံးပြုမှုများသော AI သုံးကင်မရာလုပ်ဆောင်ချက်များကို ထောက်ပံ့ပေးရန်အတွက် copper tube liquid cooling စနစ်ဖြင့် တည်ဆောက်ထားသဖြင့် CPU သက်တမ်းပိုကြာရှည်ခံသည့်အပြင် ဖုန်း၏ စွမ်းဆောင်ရည်ကိုလည်း စိတ်ချနိုင်ပြီး multitasking ကို အဆင်ပြေစွာပြုလုပ်နိုင်ပါတယ်။ 8GB RAM နှင့် 128GB ROM တို့ပါဝင်သဖြင့် အသုံးပြုသူအနေဖြင့် အလုပ်၊ အနားယူမှု၊ ကစားခြင်းစသည်တို့အတွက် လိုအပ်သမျှအားလုံးကို သိမ်းဆည်းနိုင်စေပါတယ်။

Touch ထိန်းချုပ်မှုစနစ်ကို ပိုမိုကောင်းမွန်စေပြီး FPS ငြိမ်စေရန်ဆောင်ရွက်ပေးသော Multi-Turbo 3.0 အပြင် Fast Screen Capture ၊ Screen Recording နှင့် Game Vibration ကဲ့သို့သော လုပ်ဆောင်ချက်များပါဝင်သည့် Ultra Game Mode တို့ကို V19 တွင် ထည့်သွင်းထားသဖြင့် ဂိမ်းကစားရာတွင် ပိုမိုအဆင်ပြေအားရစေမှာဖြစ်ပါတယ်။

ရရှိနိုင်တဲ့ ရွေးချယ်စရာများ

Vivo က တိုက်ရိုက် Live ပြသနေတဲ့အချိန်အတွင်း ၅၇၉,၈၀၀ ကျပ် တန်ဖိုးရှိသော V19ရဲ့ ဈေးနှုန်းကို တရားဝင်ကြေညာခဲ့ပါတယ်။ V19 ကို ကိုယ်ထည်အရောင်အားဖြင့် Gleam Black နှင့် Sleek Sliver ဆိုပြီး လှပဆန်းသစ်သော အရောင် ၂ မျိုးဖြင့် မေလ ၉ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကြိုတင်မှာယူခြင်းကို ပြုလုပ်နိုင်မှာဖြစ်ပြီး အဲဒီကာလအတွင်းကြိုတင်မှာယူတဲ့ အသုံးပြုသူများက Bluetooth speaker ကိုပါ လက်ခံရရှိမှာ့ဖစ်ပါတယ်။ မြန်မာနိုင်ငံအတွက် ပထမဆုံးရောင်းချမှုကို မေလ ၁၆ ရက်နေ့တွင် စတင်မှာဖြစ်ပြီး မေလ ၁၆ ရက်မှ စတင်ဝယ်ယူသူများကို လက်ဆောင်အနေဖြင့် 10,000 mAh ပါရှိသည့် Power Bank ကိုပါ ရရှိမှာဖြစ်ပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top