မြန်မာနိုင်ငံက တစ်ကမ္ဘာလုံးမှာ ကလေးတပ်သားစုဆောင်းမှု အများဆုံး အဆင့် (၄) နေရာကိုရောက်ရှိလာ

3-9-2021-yyl1.jpg

မြန်မာနိုင်ငံက တစ်ကမ္ဘာလုံးမှာ ကလေးတပ်သားစုဆောင်းမှု အများဆုံး အဆင့် (၄) နေရာကိုရောက်ရှိလာပြီဖြစ်တယ်လို့ Unicef ရဲ့ဖော်ပြချက်အရသိရပါတယ်။

၂၀၂၀ ခုနှစ်မှာ မြန်မာနိုင်ငံက ကလေးတပ်သားစုဆောင်းမှုနဲ့ အသုံးပြုမှု အရေအတွက်အများဆုံး (ကလေးသူငယ် ၇၉၀)နဲ့ အဆင့် (၄) နေရာရောက်လာတာဖြစ်တယ်လို့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

၂၀၂၀ ခုနှစ် ကလေးတပ်သားစုဆောင်းမှုအရေအတွက်က၂၀၁၉ ခုနှစ်နဲ့နှိုင်းယှဉ်ပါက သုံးခေါက်ချိုး မြင့်တက်လာခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံက ကလေးတပ်သားစုဆောင်းခြင်းနဲ့ ကလေးတပ်သားအသုံးပြုခြင်းကို ချက်ခြင်း ရပ်တန့်သွားရမှာဖြစ်တယ်လို့ Unicef ရဲ့ထုတ်ပြန်ချက်မှာ ထည့်သွင်းရေးသားထားပါတယ်။

၂၀၀၅ ခုနှစ်ထဲကပင် မြန်မာနိုင်ငံမှာရှိတဲ့ လက်နက်ကိုင်တပ်တွေနဲ့ လက်နက်ကိုင်အဖွဲ့တွေရဲ့ ကလေးတပ်သားစုဆောင်းခြင်းနဲ့ အသုံးပြုခြင်းဆိုင်ရာ စိစစ်အတည်ပြုထားတဲ့ဖြစ်ရပ် စုစုပေါင်း (၂၆၀၀) ကျော်ရှိခဲ့ပါတယ်။

၂၀၀၅ ခုနှစ်မှာ တစ်ကမ္ဘာလုံးအတိုင်းအတာအနေနဲ့ မြန်မာနိုင်ငံက ကလေးတပ်သားစုဆောင်းမှုနဲ့ ကလေးတပ်သားအသုံးပြုမှု အရေအတွက် အဆင့် (၉) နေရာကို ရောက်ရှိနေခဲ့တာဖြစ်ပါတယ်။

Photo- Internet
Cherry(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top