Huawei မှ HUAWEI nova 12i smartphone အသစ် အားမိတ်ဆက်

8.5.24-yyl-7.jpg

Huawei မှ ခမ်းနားသေသပ်သည့် ဒီဇိုင်းအပြင်အဆင်၊ 108MP ကင်မရာ၊ 5000 mAh ဘက်ထရီနှင့် ပိုမိုကောင်းမွန်မှုတို့ဖြင့် HUAWEI nova 12i smartphone အသစ် အားမိတ်ဆက်ပေးခဲ့ပါသည်။ ကြည့်ရှုလေ့လာပြီးသင့်တော်သလို သတင်းထုတ်ပြန်ပေးပါရန်လေးစားစွာပန်ကြားအပ်ပါသည်။

ခမ်းနားသေသပ်သည့် ဒီဇိုင်းအပြင်အဆင်၊ 108MP ကင်မရာ၊ 5000 mAh ဘက်ထရီနှင့် ပိုမိုကောင်းမွန်မှုတို့ဖြင့် အသစ်ထွက်ရှိလာသည့် HUAWEI nova 12i

ယနေ့တွင် HUAWEI Consumer Business Group (CBG) သည် HUAWEI nova စီးရီးအောက်တွင် ထွက်ရှိလာသည့် ထုတ်ကုန်အသစ်ကို ကြေငြာခဲ့ပါသည်။ HUAWEI nova 12i သည် ၎င်း၏ပေါ့ပါးသောတည်ဆောက်မှုကို ဆက်လက်ထိန်းသိမ်းထားရင်း “Big 3” (၃)ချက်ဖြစ်သည့် mega pixel မြင့်မားသည့် ကင်မရာ၊ ကြာရှည်ခံသည့် ဘက်ထရီ နှင့် ကျယ်ပြန့်သည့် display တို့ဖြင့် တည်ဆောက်ထားပြီး ပေါ့ပါးသည့် သွင်ပြင်ဖြင့် ကျေနပ်စရာ အရည်အသွေးတို့ကို ဆက်လက်ပေးဆောင်သွားမှာဖြစ်ပါသည်။ HUAWEI nova 12i ၏ အဓိက အဆင့်မြှင့်တင်ထားသော ထူးခြားချက်မှာ ကင်မရာအတွက် အရည်အသွေးမြင့်မားသည့် 108MP High-Res Camera ကို ထည့်သွင်းထားခြင်းဖြစ်ပါသည်။

HUAWEI nova 12 စီးရီး၏ ဆောင်ပုဒ်ဖြစ်သည့် လူငယ်များနှင့် ဒီဂျစ်တယ်နည်းပညာကို ထိတွေ့အသုံးပြုနေသည့် မျိုးဆက်အတွက် – မိမိကိုယ်ကိုခံယူချက် နှင့် ယုံကြည်မှု ပုံစံတို့ကို အကောင်းဆုံးပြသနိုင်ရန် အထောက်အပံ့ပေးသွားနိုင်ဖို့ဖြစ်ပါသည်။ HUAWEI nova 12i ၏ အဓိက ဆွဲဆောင်မှုဖြစ်သည့် ဒီဇိုင်းပိုင်း နှင့် တည်ဆောက်ပုံအပိုင်းတွင် Galaxy ကို မှီငြမ်း ဒီဇီုင်းထုတ်ထားသည့် အချိုးကျ ညီညာသေသပ်သော Star Orbit Ring ကို ကင်မရာ၏ ပတ်ပတ်လည်တွင် ခမ်းနားစွာ ထည့်သွင်းပေးထားခြင်းဖြင့် nova series ၏အရသာကို ပေါ်လွင်စေသည့် ပုံစံဖြင့် ဒီဇိုင်းပိုင်းကို အဆင့်မြှင့်တင်ထားပါသည်။

HUAWEI nova 12i တွင် ပါဝင်လာသည့် အသုံးဝင်သည့် features အသစ်များအကြောင်း မိတ်ဆက်ပေးလိုက်ပါသည်။

Make Every Moment Picturesque: 108MP High-Res Photography
HUAWEI nova 12i တွင် မြင့်မားသော 108MP Resolution ရှိသည့် ကြည်လင်ပြတ်သားတဲ့ ကင်မရာကို ထည့်သွင်းထားပြီး မိုဘိုင်းဖုန်းဖြင့် ဓါတ်ပုံရိုက်ကူးသူများအတွက် အဆင့်မြင့် ဓာတ်ပုံရိုက်ကူးမှုအတွေ့အကြုံကို ခံစားနိုင်မှာဖြစ်ပါသည်။ 108MP ပင်မကင်မရာ၊ F1.9 အလင်းဝင်ပေါက်နှင့် ကြီးမားသော 1/1.67-inch sensor တို့ ပါဝင်ပြီး စွယ်စုံရိုက်ချက်များကို ဖမ်းယူနိုင်စွမ်းရှိပါသည်။ လှုပ်ရှားနေသည့် အရာများကို အမြန်ဖမ်းယူရိုက်ကူးနိုင်သည့် Fast Action Snapshot ပါဝင်ခြင်းကြောင့် ချစ်စဖွယ် အိမ်မွေးတိရစ္ဆာန်တို့ရဲ့ လှုပ်ရှားမှုနှင့် အားကစားလှုပ်ရှားမှုတို့ကို တိကျ ပြတ်သားစွာ မှတ်တမ်းတင် ရိုက်ကူးနိုင်မှာဖြစ်ပါသည်။

အထူးခြားဆုံးမှာ HUAWEI nova 12i ၏ 108MP High-Res Camera သည် RAW Domain Algorithm ကိုအသုံးပြုထားခြင်းဖြစ်ပါသည်။ ဤမူပိုင်ခွင့်နည်းပညာကို အသုံးပြု၍ HUAWEI nova 12i ၏ကင်မရာသည် ဓာတ်ပုံတစ်ပုံချင်းစီ၏ အလုံးစုံတောက်ပမှု၊ ကြည်လင်ပြတ်သားမှုနှင့် ဒိုင်းနမစ်အကွာအဝေးကို အကောင်းဆုံးဖြစ်အောင် ရိုက်ကူးနိုင်မည်ဖြစ်သည်။ ရလဒ်အနေဖြင့် မှောင်မိုက်သော နေရာများတွင်ပါ အရောင်များကို ကြည်လင်ပြတ်သားစွာ ရိုက်ကူးရယူနိုင်မှာဖြစ်ပါသည်။ nova 12i သည် ပိုမိုမျှတပြီး သဘာဝကျသော ဓာတ်ပုံတို့ကို ဖန်တီးပေးကာ မြင်ကွင်းကို ကျွန်ုပ်တို့ မျက်စိဖြင့် မြင်ရသည့်အတိုင်း တိကျစွာ ရိုက်ကူးပေးနိုင်ပါသည်။

ပိုကောင်းသည့်အပိုင်းမှာ၊ ညပိုင်းရိုက်ချက်များကို ပိုမိုရှင်းလင်းပြတ်သားစွာရိုက်ကူးရယူနိုင်မှာ ဖြစ်သည်။ အလှဆင်လမ်းမီးများနှင့် ကားမီးများပါသည့် ညဓာတ်ပုံရိုက်ခြင်းကဲ့သို့ အလင်းအမှောင်ကြောင့်ရိုက်ကူးရ ခက်ခဲသည့် နေရာများတွင် ပုံရိပ်များကို ပိုပြီး မြင်သာစွာရိုက်ကူးရယူနိုင်မှာဖြစ်ပါသည်။ HUAWEI nova 12i ၏ အစွမ်းထက်သော 108MP ကင်မရာကြောင့် သုံးစွဲသူများသည် ဓာတ်ပုံရိုက်ရန် ကန့်သတ်ထားခြင်းမရှိဟု ခံစားရစေပြီး ခလုတ် တစ်ချက်နှိပ်ရုံဖြင့် အမှတ်ရဖွယ် အရောင်အသွေးစုံလင်သော ဓါတ်ပုံများကို မှတ်တမ်းတင်နိုင်မည်ဖြစ်သည်။

Live Larger with Large Battery
ယနေ့ခေတ်စမတ်ဖုန်းအသုံးပြုသူများ၏ တက်ကြွသော လူနေမှုပုံစံများကို အသိအမှတ်ပြုသည့် အနေဖြင့် Huawei သည် nova 12i တွင် အစွမ်းထက်သောဘက်ထရီ ကိုထည့်သွင်းတပ်ဆက် ပေးထားပါသည်။ 5000mAh ဘက်ထရီပမာဏသည် တစ်နေ့တာလုံး အသုံးခံပြီး အားမကြာခဏသွင်းရသည့် ပြသာနာကို ဖြေရှင်းပေးထားပါသည်။ ပိုကောင်းသည်မှာ၊ AI Power Saving Technology သည် သုံးစွဲသူ၏ လုပ်ဆောင်ချက်အပေါ် အခြေခံ၍ ဘက်ထရီအသုံးပြုမှုကို ပိုမိုကောင်းမွန်အောင် ပြုလုပ်ပေးကာ ဘက်ထရီသက်တမ်းကို ပိုမိုကြာရှည်စေပါသည်။ ဖုန်းအားဖြည့်သွင်းရာတွင်လည်း 40W HUAWEI SuperCharge Turbo ကိုထည့်သွင်းပေးထားသည့်အတွက် မိနစ်(၃၀) အတွင်း 62% အထိ အားဖြည့်သွင်းနိုင်ကာ အချိန်ကုန်သက်သာပြီး လျှင်မြန်စွာ အားအမြန်ဖြည့်သွင်းနိုင်မည်ဖြစ်ပါသည်။

EMUI 14: Better security, efficiency, and unique personalisation
Huawei သည် အသစ်စက်စက် HUAWEI nova 12i တွင် ၎င်း၏ operating စနစ်အသစ်ဖြစ်သည့် EMUI 14 ကို မိတ်ဆက်ခဲ့ပါသည်။ အသုံးပြုသူများသည် လှပသော 3D effects တို့ဖြင့် မိမိစိတ်ကြိုက် ဖန်တီးထားသော themed lock နှင့် home screen များထားရှိ အသုံးပြုနိုင်မှာဖြစ်ပါသည်။ EMUI 14 သည် အလုပ်များသည့် အသုံးပြုသူများအတွက် အဆင်ပြေသော floating window တွင် အပလီကေးရှင်းတစ်ခုစီ၏ လုပ်ဆောင်နေသည့် အခြေအနေကို Live View ပြသပေးသည့် အတွက် လုပ်ဆောင်ချက် အများအပြားကို တပြိုင်ထဲ လုပ်ဆောင်နိုင်မှာဖြစ်ပါသည်။ SuperHub 2.0 ကြောင့် ဖိုင်များမျှဝေရာတွင်လည်း ပိုမိုမြန်ဆန်ချောမွေ့စေပါသည်။

SuperHub 2.0 ဖြင့် အခြားအက်ပ်လီကေးရှင်းများ၊ device များသို့ စာသား၊ ရုပ်ပုံများ၊ ဖိုင်များနှင့် အက်ပ်အတွင်းအကြောင်းအရာများကို ချောမွေ့စွာလွှဲပြောင်းနိုင်ပါသည်။ အသုံးပြုသူတို့၏အချက်အလက်များ လုံခြုံရေးသည် Huawei အတွက် ထိပ်တန်းဦးစားပေးအဖြစ် အစဥ်တည်ရှိနေပြီး EMUI 14 သည် app ခြေရာခံသည့် စီမံခန့်ခွဲမှုစနစ်ဖြင့် သင်တို့၏ အချက်အလက်များ လုံခြုံအောင် ဆောင်ရွက်ပေးပါသည်။ ထို့အပြင်၊ EMUI 14 သည် အက်ပ်ခွင့်ပြုချက်များကို ပိုမိုကောင်းမွန်အောင်ပြုလုပ်ပြီး Third party app များအား အသေးစိတ်ထိန်းချုပ်ပေးပါသည်။ EMUI 14 သည် ကိုယ်ပိုင်စတိုင်စိတ်ကြိုက်ဖန်တီးခြင်း၊ စွမ်းဆောင်ရည်နှင့် အချက်အလက်လုံခြုံရေးတို့ကို အဓိကထားခြင်းဖြင့် ပိုမိုကောင်းမွန်သော စမတ်ဖုန်းအတွေ့အကြုံကို ပေးဆောင်သွားမှာဖြစ်ပါသည်။

Stay Connected Anytime with MeeTime
MeeTime မှာ မြင့်မားသော လုံခြုံရေးစနစ်ပါဝင်သောကြောင့် မိမိရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို စိတ်ချလုံခြုံစွာဖြင့် အဆက်အသွယ်ပြုလုပ်နိုသ်ည့် ပလက်ဖောင်းတစ်ခုဖြစ်ပါသည်။ MeeTime ဖြင့် (၁၂)ယောက်အထိပါဝင်နိုင်သည့် group chats ကိုခေါ်ဆိုနိုင်ပြီး encrypted ပြုလုပ်ထားသည့်အတွက် လုံခြုံစွာ ဆက်သွယ်နိုင်မှာဖြစ်ပါသည်။

မြန်ဆန်လွယ်ကူတဲ့ MeeTime Video Call Transfer feature ဖြင့် မတူညီသော devices များကို အလွယ်တကူချိတ်ဆက်နိုင်မှာဖြစ်ပါသည်။ သင့်ဖုန်းဖြင့် ခေါ်ဆိုလျှက်ရှိသည့် video calls ကို လွယ်ကူလျှင်မြန်စွာဖြင့် အခြား devices များကို HUAWEI Vision ဖြင့် ကူးပြောင်းချိတ်ဆက်ပြောဆိုနိုင်မှာဖြစ်ပါသည်။ MeeTime ဖြင့်လုံခြုံစိတ်ချစွာ အဆက်အသွယ်ပြုလုပ်ပါ။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top