အူရီဒူးမြန်မာမှ “တန်ခူးလက်ဆောင် သိန်း၁,၀၀၀” အစီအစဉ်၏ အထူးဆုကြီးဖြစ်သည့် ငွေကျပ် သိန်း ၁,၀၀၀ ကံထူးရှင်အား အများပြည်သူရှေ့မှောက်တွင် မဲနှိုက်ရွေးချယ်

8.5.24-yyl-4.jpg

အူရီဒူးမြန်မာမှ မြန်မာ့နှစ်သစ်ကိုကြိုဆိုရင်း သုံးစွဲသူများအား ကျေးဇူးတုန့်ပြန်ရန် ရည်ရွယ်ဆောင်ရွက်ခဲ့သည့် “တန်ခူးလက်ဆောင် သိန်း၁,၀၀၀” အစီအစဉ်၏ အထူးဆုကြီးဖြစ်သည့် ငွေကျပ်သိန်း ၁,၀၀၀ ကံထူးရှင် မဲနှိုက်ရွေးချယ်ပွဲကို ၂၀၂၄ ခုနှစ်၊ မေလ (၃) ရက်နေ့က Junction City, Level 2 (Main Atrium Hall) မှာ မီဒီယာမိတ်ဆွေများနှင့် အများပြည်သူရှေ့မှောက်တွင်ပြုလုပ်ကျင်းပခဲ့ရာ တာမွေမြို့မှ မမေမီမောင် က ဆွတ်ခူးရရှိခဲ့ပါသည်။

အူရီဒူး၏ “တန်ခူးလက်ဆောင် သိန်း ၁,၀၀၀” အစီအစဉ်ကို ဧပြီလ ၁ ရက်နေ့မှ ဧပြီလ ၃၀ ရက်အတွင်း ‌ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး နှစ်သက်ရာ ဖုန်းခေါ်ဆိုမှု သို့မဟုတ် အင်တာနက်ပက်ကေ့ချ်များကို ဝယ်ယူအသုံးပြုခဲ့ကြသည့် အူရီဒူးသုံးစွဲသူများမှ နေ့စဉ် ရွှေ ၅ မူးသားဆု ၁၅ ဆုနှင့် iPhone 15 Pro Max ၁၅ ဆုတို့ကို ကံထူးနိုင်ခဲ့သလို အထူးဆုကြီးအနေဖြင့် ငွေကျပ် သိန်း ၁,၀၀၀ ကို ပေးအပ်ချီးမြှင့်ခြင်း ဖြစ်ပါသည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top