မြန်မာ့နှစ်သစ်ကူး အထိမ်းအမှတ်အဖြစ် အူရီဒူးမြန်မာက မြန်မာနိုင်ငံအနှံ့အပြားရှိ နေရာ ၆၈ နေရာသို့ သွားရောက်လှူဒါန်း

19.4.2023-yyl-iamge-13.jpg

မြန်မာ့နှစ်သစ်ကူး အထိမ်းအမှတ်အဖြစ် အူရီဒူးမြန်မာသည် မြန်မာတို့၏ ကုသိုလ်ကောင်းမှုများပြုလုပ်သည့် ရိုးရာယဉ်ကျေးမှုနှင့်အညီ မြန်မာနိုင်ငံတစ်ဝှမ်းရှိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၊ မိဘမဲ့ကလေးဂေဟာများနှင့် ဘုန်းကြီးကျောင်းများ စုစုပေါင်း ၆၈ နေရာသို့သွားရောက်၍ ရဟန်းသံဃာများ၊ ဆရာ၊ ဆရာမများနှင့် မှီခိုနေထိုင် ပညာသင်ကြားနေသည့် ကလေးငယ်များအပါအဝင် စုစုပေါင်းဦးရေ ၄၂,၀၀၀ကျော်အတွက် အခြေခံစားသောက်ကုန်များ လှူဒါန်းခဲ့ပါသည်။

အူရီဒူးမြန်မာသည် လိုအပ်သည့်လူမှုအသိုင်းအဝိုင်းများအတွက် စားသောက်ကုန်များဖြစ်သည့် ပေါ်ဆန်းမွှေးဆန် ၊ ဆီနှင့် အခြားသော အဟာရဖြစ်စေမည့် စားသောက်ကုန်များကို လှူဒါန်းခဲ့ပါသည်။ အူရီဒူးမြန်မာအဖွဲ့သားများမှ ရှမ်းပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ ရခိုင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးတို့ အပါအဝင် စုစုပေါင်း တိုင်းနှင့် ပြည်နယ် ၁၂ ခုတို့ရှိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၊ မိဘမဲ့ကလေးဂေဟာများနှင့် ဘုန်းကြီးကျောင်းများသို့ သွားရောက်ကာ အခြေခံစားသောက်ကုန်များအား ပို့ဆောင်ပေးခဲ့သည်။

အူရီဒူးမြန်မာအနေဖြင့် မြန်မာနိုင်ငံတွင် စတင်ဝန်ဆောင်မှုပေးအပ်ချိန်မှစ၍ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍများကို အဓိကထားပြီး အမျိုးမျိုးသော လူမှုအကျိုးပြုလုပ်ငန်းများဖြင့်အများပြည်သူကို ပံ့ပိုးပေးလျက်ရှိသည်။ အူရီဒူးအနေဖြင့် ချို့တဲ့သည့်လူမှုအသိုင်းအဝိုင်းများအား အခမဲ့ပညာသင်ပေးနေသည့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများနှင့် အခြားသော ပရဟိတလုပ်ငန်း အဖွဲ့အစည်းများအား ကျောင်းအဆောက်အအုံ ၄၀ ကို လှူဒါန်းခဲ့ပြီးဖြစ်သည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top