သူ့ကို ဝန်ဆောင်မှုပေးတဲ့ခွေးလေးနဲ့အတူ Miss Dallas Teen ဆုကို ရယူခဲ့တဲ့ ဝက်ရူးပြန်ရောဂါသည်ကောင်မလေး

ဝက်ရူးပြန်ရောဂါသည် ဆယ်ကျော်သက်ကောင်မလေးတစ်ယောက်ကတော့ သူ့ကို ဝန်ဆောင်မှုပေးတဲ့ ခွေးလေးနဲ့အတူ “Miss Dallas Teen” ဆုကို မကြာသေးခင်ကမှ ဆွတ်ခူးခဲ့ပါတယ်။ သူဟာ တက္ကဆက်ပြည်နယ်၊ ရှာမန်မြို့က အသက် ၁၇ နှစ်အရွယ် အက်လီဆန် အယ်ပဲလ်ဘီဆိုသူပါ။

ဒီကောင်မလေးဟာ လွန်ခဲ့တဲ့ (၂) နှစ်က ဝက်ရူးပြန်ရောဂါရှိတယ်ဆိုတာကို စစ်ဆေးတွေ့ရှိခဲ့ရတာပါ။ သူ့ကို ကူညီပေးနေတဲ့ ဘရက်ဒီအမည်ရ ခွေးလေးက ဝက်ရူးပြန်ရောဂါကြောင့် တက်တာတွေဖြစ်လာတော့မယ်ဆိုရင် သူ့ကို သတိပေးပြီး ဆေးယူလာပေးတာတွေ လုပ်ပေးပါတယ်။

အဲဒါကြောင့် အက်လီဆန်က သူ့ရဲ့ခွေးလေးကို ပြိုင်ပွဲရဲ့စင်မြင့်ထက်ကို ခေါ်လာခဲ့ရတာပါ။ ခွေးလေးနဲ့အတူ အလှမယ်သရဖူဆောင်းနေတဲ့ အက်လီဆန်ရဲ့ဗီဒီယိုတစ်ခုက လူမှုကွန်ယက်မှာ ပျံ့နှံ့ခဲ့ပါတယ်။ ဗီဒီယိုထဲမှာ ပန်းစည်းနဲ့ သရဖူကို လက်ခံဖို့ ဦးညွှတ်နေတဲ့ အက်လီဆန်ကို မြင်တွေ့ရပါတယ်။ သူ့ရဲ့ခွေးလေး ဘရက်ဒီကလည်း သရဖူဆောင်းခွင့်ရခဲ့ပါတယ်။

အဲဒီဗီဒီယိုကို Goodable လူမှုကွန်ယက်အကောင့်က မျှဝေခဲ့ပြီး “အက်လီဆန်က ဝက်ရူးပြန်ရောဂါရှိပြီး သူ အလှမယ်ဆု ရရှိခဲ့တဲ့အချိန် သူ့ရဲ့ခွေးလေး ဘရက်ဒီက သူ့ဘေးမှာ တစ်ချိန်လုံးရှိနေခဲ့ပါတယ်။ သူ့ကိုလည်း သရဖူလေးဆောင်းပေးခဲ့ပါတယ်”ဆိုတဲ့စာလည်း ရေးသားခဲ့ပါတယ်။

အစတုန်းကတော့ အက်လီဆန်က သူ့ရဲ့ရောဂါအခြေအနေကြောင့် အလှမယ်ပြိုင်ပွဲတွေမှာ ပါဝင်လို့မရခဲ့ပါဘူး။ ဒါပေမဲ့ သူ့ခွေးလေး ဘရက်ဒီရဲ့အကူအညီနဲ့ သူ့ရဲ့အိပ်မက်တွေ တကယ်ဖြစ်လာစေခဲ့ပါတယ်။ အက်လီဆန်က နောက်နှစ် မေလမှာ Miss Texas Teen ဆုအတွက် ဟူစတန်ကို သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

https://www.youtube.com/watch?v=X8f1pqlDD84

Ref: US Teen With Epilepsy Wins ‘Miss Dallas Teen’ Pageant With Service Dog By Her Side

Team(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top