ကျောင်းစာမတော်သူတွေကို ပညာသင်ဆုပေးတဲ့ ဒေးဗစ်လက်တာမန်း

17-10-2022-yyl-52.jpg

စာမေးပွဲမှာရတဲ့ အဆင့်သတ်မှတ်ချက်ဆိုတာ ကိန်းဂဏန်းတစ်ခုမျှသာ ဖြစ်တယ်လို့ မှတ်ယူထားတဲ့ ဒေးဗစ်လက်တာမန်းက စာညံ့တဲ့ကျောင်းသား/သူတွေအတွက် ပညာသင်ဆု ပေးအပ်ခဲ့သူပါ။

ဒေးဗစ်လက်တာမန်းဆိုတာ အမေရိကန်ရုပ်သံသမိုင်းရဲ့ ညဉ့်နက်စကားဝိုင်း အစီအစဉ်တင်ဆက်သူအဖြစ် အချိန်အကြာဆုံး (၃၃ နှစ်ကြာ) ဆောင်ရွက်ခဲ့သူပါ။ သူ့ကိုယ်သူလည်း ကျောင်းမှာ စာညံ့တဲ့ကျောင်းသားတစ်ယောက်လို့ပဲ ခံယူခဲ့သူပါ။ ဒါပေမဲ့ သူက အဆင့်သတ်မှတ်ချက်တွေထက် တီထွင်ဖန်တီးနိုင်စွမ်းကို ပိုအလေးထားပါတယ်။

ဒါကြောင့် စာမတော်တဲ့ ကျောင်းသား/သူတွေကို ပညာသင်ဆု ပေးအပ်ဖို့ ကိုယ်တိုင်ဖန်တီးထားတဲ့ ပရောဂျက်တွေ လုပ်ခိုင်းပါတယ်။ သူ ဘွဲ့ရခဲ့တဲ့ Ball State University က ကျောင်းသား/သူတွေကို ပညာသင်ဆုပေးတာပါ။

ပညာသင်ဆုရသူက ဒေါ်လာ ၁၀၀၀၀၊ ဒုတိယဆုရသူက ဒေါ်လာ ၅၀၀၀၊ တတိယဆုရသူက ဒေါ်လာ ၃၃၃၃ ရရှိပါတယ်။

Ref: David Letterman still offers a university scholarship that has nothing to do with grades

NZ(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top