ရယ်ရခက် ငိုရခက် ဖြစ်ခဲ့တဲ့ ဖိနပ်သူခိုးများ

9.5.2023-yyl-4.jpg

ပီရူးနိုင်ငံမှ သူခိုး ၃ ယောက်ကတော့ ပြောစမှတ်တွင်မယ့် ဖိနပ်ခိုးမှုကြီးကြောင့် ငိုအားထက် ရယ်အားသန် အဖြစ်မျိုး ကြုံခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ၃၀ ရက်က ပီရူးနိုင်ငံ အလယ်ပိုင်း ဟွမ်ကာယိုမြို့က အားကစားပစ္စည်းဆိုင်ကို သူခိုး ၃ ယောက် ဝင်ဖောက်ခဲ့ကြပြီး ဖိနပ်ပုံးကြီး ၃ ပုံးကို ခိုးယူသွားခဲ့တာပါ။

ဒါပေမဲ့ သူတို့ ခိုးသွားတဲ့ ဖိနပ်ပုံး ၃ ပုံးလုံးမှာ ညာဘက်တွေချည်းပဲ ပါသွားခဲ့လို့ သူခိုးတွေဟာ ရောင်းစားလို့လည်း မရ၊ လွှင့်ပစ်ရလည်း အခက်ဖြစ်နေပါတယ်။ အဲဒီဆိုင်ပိုင်ရှင်ဟာ ပြပွဲလုပ်ဖို့အတွက် ဖိနပ်တွေကို သီးသန့်ခွဲထားခဲ့တာပါ။

ဆိုင်ရဲ့ စောင့်ကြည့်ကင်မရာမှတ်တမ်းတွေမှာ သူခိုးတွေရဲ့ ဓာတ်ပုံတွေကို မှတ်တမ်းတင်ထားနိုင်ပြီး သူတို့ရဲ့ လက်ဗွေရာတွေလည်း တွေ့ရလို့ အနှေးနဲ့အမြန် ဖမ်းမိလိမ့်မယ်လို့ ဂျူနနင်ဒေသ ရဲမှူးက ဆိုပါတယ်။ တကယ်လို့ ခိုးယူခံခဲ့ရတဲ့ ညာဘက်ဖိနပ်တွေသာ ပြန်မရဘူးဆိုရင်တော့ ဖိနပ်ဆိုင်ပိုင်ရှင်အနေနဲ့ အမေရိကန်ဒေါ်လာ ၁၃၀၀၀ နီးပါး ဆုံးရှုံးရမှာပါ။ သူခိုးတွေကလည်း ဖိနပ်တစ်ဖက်ချင်းစီ ရောင်းစားမရလို့ ဒီခိုးမှုကနေ တပြားတချပ်မှ မရခဲ့ပါဘူး။

Ref: Useless Thieves Steal 220 Sneakers from Store, All for the Right Foot

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top