ဂျိုဗစ်ကို ပေါင် (၆၂) သန်းနဲ့ ခေါ်ယူဖို့ ရီးရဲလ်သဘောတူညီ

61725205_2364637330246172_1948946512704700416_n.jpg

ဂျိုဗစ်ကို ပေါင် (၆၂) သန်းနဲ့ ခေါ်ယူဖို့ ရီးရဲလ်သဘောတူညီ

ဥရောပထိပ်တန်းအသင်းတွေ အပြိုင်စိတ်ဝင်စားခဲ့ကြတဲ့ ဖရန့်ဖတ်တိုက်စစ်မှူး လူကာဂျိုဗစ်ကို ပြောင်းရွှေ့ကြေး ပေါင် (၆၂) သန်းနဲ့ (၅) နှစ်စာချုပ်ချုပ်ဆိုဖို့ ရီးရဲလ်အသင်း သဘောတူညီမှုရရှိခဲ့ပါပြီ။ အသက် (၂၁) နှစ်အရွယ်ရှိတဲ့ ဆားဘီးယားလက်ရွေးစင် တိုက်စစ်မှူး ဂျိုဗစ်ဟာ ပြီးခဲ့တဲ့ရာသီက ဘွန်ဒက်စ်လီဂါပွဲစဉ် (၃၂) ပွဲမှာ (၁၇) ဂိုး၊ ယူရိုပါလိဂ်ပွဲစဉ် (၁၄) ပွဲမှာ (၁၀) ဂိုး သွင်းယူနိုင်ခဲ့သူပါ။ အင်္ဂါနေ့ နံနက်ပိုင်းက ကလပ်အသင်း (၂) သင်းကြား သဘောတူညီမှု ရရှိခဲ့ပြီးနောက်မှာတော့ ဆေးစစ်မှုအောင်မြင်တာနဲ့ အပြီးသတ်စာချုပ်ချုပ်ဆိုတော့မှာဖြစ်ပါတယ်။

”ဂျိုဗစ်ကို လက်လွှတ်ရတာ ကျွန်တော်တို့အတွက် ကြီးမားတဲ့ ဆုံးရှုံးမှုပါ။ သူ့ရဲ့ပေါက်ကွဲအားနဲ့ ဂိုးသွင်းစွမ်းရည်က ဥရောပအသင်းတွေကြား သဘောကျစရာဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့အတွက် ဘဏ္ဍာရေးအခြေအနေကလည်း ရှိပါသေးတယ်။ ဒါက ဖရန့်ဖတ်အတွက် ကောင်းမွန်ပြီး အရေးပါတဲ့ အပြောင်းအရွှေ့တစ်ရပ်ပါ။ လူကာ(ဂျိုဗစ်)ရဲ့အနာဂတ် အကောင်းဆုံးဖြစ်ပါစေလို့ ကျွန်တော်တို့ ဆုတောင်းပါတယ်”လို့ ဖရန့်ဖတ်အသင်း အားကစားဒါရိုက်တာ ဘိုဘစ်က ပြောပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top