အပတ်စဉ် ဗေဒင်ဟောစာတမ်းကဏ္ဍ (၇-၄-၂၀၁ ၉ မှ ၁၃-၄-၂၀၁၉ ရက်နေ့အထိ)

Bay-Din-14-to20-april-1-e1555508271556.jpg

အပတ်စဉ်တင်ဆက်ပေးနေကျဖြစ်တဲ့ ဆရာကင်္ကသူရဲ့စန္ဒသူရိယ နက္ခတ္တဝေဒဟောစာတမ်းကို ရိုးရာလေးပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။ (၇-၄-၂၀၁ ၉ မှ ၁၃-၄-၂၀၁၉ ရက်နေ့အထိ) တွက်ချက်လမ်းညွှန်ပေးထားမှုကို ပုံတစ်ပုံချင်းစီမှာ Unicode/ Zawgyi version နှစ်မျိုးနဲ့ တွဲဖက်ဖော်ပြပေးထားပါတယ်။

တနင်္ဂနွေ

တနင်္ဂနွေသားသမီးများ ယခုတစ်ပတ်အတွင်း စီးပွားရေးနှင့်ပတ်သက်ပြီး ကံကောင်းခြင်းတွေစတင်နေတဲ့ အချိန်ကာလဖြစ်လာပါပြီ။ အထူးသဖြင့် ရေလုပ်ငန်း၊ aရထွက်ပစ္စည်းလုပ်ငန်းနှင့် အရည်ပါသောကုန်ပစ္စည်းလုပ်ငန်းများအတွက် အကျိုးဖြစ်မည်။ ပြည်ပမှ အကူအညီရမည်၊ စပ်တူလုပ်ငန်းများ ဖြစ်ပေါ်မည်။ကောက်ပဲသီးနှံသမားများ အရင်းမရဖြစ်မည်၊ လုပ်အားဆုံးနေမည်။ ကျန်းမာရေးအနေနှင့် ခါးနာခြင်း၊ ခါးရိုးထိခိုက်မိခြင်းများဖြစ်မည်။ အချစ်ရေး ကံကောင်းပါသည်။ အိမ်ထောင်ရေးအခြေအနေမှာ အိမ်ထောက်ဖက်ကျန်းမာရေးကြောင့် စိတ်ပးရမည်။ ပညာရေးသမားများ ဘာသာစကားနှင့်ဆိုင်သော သင်တန်းများတက်ရောက်ပါ။ မိမိစုဆောင်းထားသော ရွှေများ ရင်းနှီးရန်အတွက် ရောင်းချရတတ်သည်။ နိုင်ငံဝန်ထမ်းများ စိတ်ချမ်းသာရမည်။
အကျိုးပေးဂဏန်း – ၁ ၊ ၂ ၊ ၉။ ယတြာ – တနင်္ဂနွေနေ့တွင် သက်ကြီးအဖိုး-အဖွားများကို အဟာရ ဒါနပြုပေးပါ။

တနင်္လာ

ယခုအပတ်အတွင်း တနင်္လာသားသမီးများ စီးပွားနေအနေနှင့် အတိုက်အခံများနှင့် ရင်ဆိုင်ရပြီး ခက်ခဲနေလိမ့်မည်။ မြေလုပ်ငန်း၊အာမခံခြင်းတို့ကို အခြေခံသော ငွေကြေးဆိုင်ရာ ပြသနာတစ်ခုဖြစ်မည်၊ သတိထားရမည်၊တရားရင်ဆိုင်ရတတ်သည်။ လယ်၊ယာလုပ်ငန်းနှင့် ဆေးပစ္စည်းလုပ်ငန်းများ ကံကောင်းနေပါမည်။ ကျောက်မျက်ရတနာလုပ်ကိုင်သူများကတော့ ယခုတစ်ပတ်တွင်လည်း သတိထားရမည်။ ကျန်းမာရေးအနေနှင့် သွေးနှင့်ပတ်သက်သော ရောဂါများ သတိထားပါ၊ ဆီး၊ကျောက်ကပ်ဖြစ်ပါက ဆေးရုံးအမြန်ပြသပါ။ အချစ်ရေးတွင် ကံကောင်းနေသော်လည်း ချစ်သူနှင့် တစ်နယ်စီဝေးကွာနေရမည်။ အိမ်ထောင်သည်များ ခရီးသွားရမည့်ကိန်းဖြစ်သည်။ ဘုရားဖူးခရီးဖြစ်မည်။ ပညာရေးလိုက်စားသူများ နိုင်ငံခြားဘာသာကို အထူးလေ့လာပါ။ ရွှေထည်ပစ္စည်း၊ ကျောက်မျက်ရတနာပစ္စည်းကို အကြောင်းပြုပြီး ကိစ္စပေါ်တတ်သည်။ နိုင်ငံဝန်ထမ်းများ မိမိလုပ်ကိုင်သောဌာနတွင် မီးအထူးသတိပြုပါ။
အကျိုးပေးဂဏန်း – ၂ ၊ ၅၊ ဝ။ ယတြာ –ငှက်ကလေးများကို အစာကျွေးပြီး လိုရာဆုတောင်းပါ။

အင်္ဂါ

ယခုအပတ်အတွင်း အင်္ဂါသားသမီးတို့အနေဖြင့် စီးပွားရေးအတွက် ကံကောင်းပြီး ဘာလုပ်လုပ် အဆင်ပြေနေမည့်အချိန်ဖြစ်သည်။ ဒီအချိန်မှာ စီးပွားရေးလုပ်ငန်းတွေ စတင်လိုက်ပါ။ လုပ်ငန်းတွေတိုးချဲ့လိုက်ပါ။ အထူးသဖြင့် ကျောက်စိမ်းလုပ်ငန်း လုပ်ကိုင်နေသူများ၊ ရတနာပစ္စည်းတူးဖော်နေသူများ ကံကောင်းတဲ့အချိန်ပါ။ ရွှေတူးဖော်နေသူများ အဆင်ပြေပါလိမ့်မည်။ ခရီးသွားလုပ်ငန်းလုပ်ကိုင်သူများအနေနှင့် လေကြောင်းဆိုင်ရာလုပ်ငန်း လုပ်ကိုင်သူများ အနည်းငယ်ညံ့ပါသည်။ ကျန်းမာရေးအနေနှင့် နှလုံးရောဂါအခံရှိသူတို့ ဆေးရုံ၊ဆေးခန်းပြရမည်၊ သက်သာမည့်အခြေအနေဖြစ်သည်။ အချစ်ရေးအတွက် ကံကောင်းသည်၊ ချစ်သူထံမှ အဖြေရမည်၊ အိမ်ထောင်သည်များလည်း ကံကောင်းပါသည်၊ ပြည်တွင်း၊ပြည်ပခရီးသွားရမည်၊ ငွေကုန်မည်။ ပညာရေးအနေနှင့် နည်းပညာသင်တန်းတစ်ခုခုကို တက်ရောက်ပါ။ လက်ဝတ်ရတနာများ ရတတ်သည်။ နိုင်ငံဝန်ထမ်းများ စတိုနှင့်ပတ်သက်သူများ တာဝန်ယူဖြေရှင်းရမည့်ကိစ္စရှိနေပါသည်။
အကျိုးပေးဂဏန်း – ၃ ၊ ၆ ၊ ဝ။ ယတြာ – လူအများကို ရေသန့်ဗူးများ ကုသိုလ်ပြုပါ။

ဗုဒ္ဓဟူး

ဗုဒ္ဓဟူးသားသမီးများအတွက် ယခုတစ်ပတ်အတွင်း စီးပွားရေးဆိုင်ရာကိစ္စရပ်များ ပြန်လည်ကောင်းမွန်စဖြစ်လာပြီဖြစ်သည်။ လုပ်လက်စများလည်း ပြန်လည်အသက်ဝင်လာပြီဖြစ်သည်။ လုပ်ငန်းသစ်များ တွင် အရုံစိုက်ပါ။ စားသောက်ဆိုင်၊ထမင်းဆိုင်လုပ်ငန်းများ ကံကောင်းမည်။ အထူးသဖြင့် ပြည်ပမှတင်သွင်းသော ကုန်ပစ္စည်းကုန်သည်များ ကံကောင်းလာမည်။ကျန်းမာရေးအနေနှင့် ဦးခေါင်းနှင့်ဆိုင်သောရောဂါ၊ ခေါင်းကိုက်ခြင်းနှင့် ဦးနှောက်သွေးကြောနှင့် ပါတ်သက်သောရောဂါ နှင့် အထူးသဖြင့် ရုတ်တရက် လေဖြတ်ခြင်းအထိဖြစ်မည်၊ သတိပြုပါ။ အချစ်ရေးတွင် မိမိအား တိတ်တခိုးချစ်နေရသူရှိမည်၊ အဆင်ပြေမည်၊ အိမ်ထောင်ရေးအနေနှင့်တော့ အဆင်မပြေဖြစ်မည်။ ပညာရေးအနေနှင့် စာရင်းအင်းပညာကို ဆည်းပူးရမည်။ ယခုအချိန်တွင် မြေဝင်မည်။ နိုင်ငံဝန်ထမ်းများ ကံကောင်းပါသည်။

ရာဟု။ ။ ရာဟုသားသမီးများ ယခုတစ်ပတ်အတွင်း ကံကောင်းပါသည်။ ကား၊ဆိုင်ကယ် ကိုအကြောင်းပြုပြီး ငွေကြေးများ မြတ်စွန်းမည်။။ အချစ်ရေးကံညံ့ပါသည်။ ကျန်းမာရေးအနေနှင့် မတော်တဆ ထိခိုက်မိတတ်သည်။
အကျိုးပေးဂဏန်း – ၄ ၊ ၇ ၊ ၉။ ယတြာ – လက္ဘ်ရည်များ ဒါနပြုပါ။

ကြာသပတေး

ကြာသာပတေးသားသမီးတို့အနေဖြင့် ယခုတစ်ပတ်အတွင်း စီးပွားရေးလုပ်ငန်းများလုပ်ကိုင်ရာတွင် မိသားစုဝင်တစ်ဦး(သို့) အစုရှယ်ယာဝင်တစ်ဦးကို အကြောင်းပြုပြီး လုပ်သင့်သည့်အလုပ်ကို မလုပ်ရဘဲ စီးပွားရေးလုပ်ငန်းကြီးတစ်ခုလုံး အခြေအနေမလှဖြစ်မည်။ ဆုံးဖြတ်ချက်အမှားတစ်ခုကို ချမှတ်လိုက်ခြင်းဖြစ်သဖြင့် ပုံမှန်အခြေအနေရောက်ရန် အတော်လေးပြန်ကြိုးစားရမည်။ ယခုအချိန်သည် အစုအစပ်လုပ်ငန်းတွင် ကံညံ့ပြီး ငွေကြေးကိစ္စများ အထူးရှုပ်ထွေးကုန်ပါလိမ့်မည်။ မိမိချေးငွေပြန်မဆပ်နိုင်သလို မိမိရင်းနှီးချေးငှါးပေးထားသည့်ငွေလည်း ပြန်မရနိုင်ပါ။ ကျန်းမာရေးအနေနှင့် အူမကြီးရောဂါ၊ အမျိုးသမီးများ သားအိမ်ရောဂါများ အထူးသတိပြုပါ။ အချစ်ရေးအနေနှင့် ချစ်သူနှင့် ဝေးနေရတတ်သည်၊ စိတ်သောကရောက်ရမည်။ အိမ်ထောင်ရေးတွင် ကံကောင်းပါသည်။ ပညာရေးသမားများ အထူးသဖြင့် နည်းပညာဆိုင်ရာကို လိုက်စားသင့်သည်။ နိုင်ငံဝန်ထမ်းများ နေရာပြောင်းရတတ်သည်။ ကောင်းပါသည်။
အကျိုးပေးဂဏန်း – ၂ ၊ ၅ ၊ ၇။ ယတြာ – ငါးလွှတ်ပြီး လိုရာဆုတောင်းပါ။

သောကြာ

သောကြာသားသမီးများအနေနှင့် ယခုတစ်ပတ်အတွင်းလည်း ဆက်လက်ပြီး ကံကောင်းနေသဖြင့် လုပ်လက်စစီးပွားရေးလုပ်ငန်းကိုသာ ကြိုးစားပြီး ဆက်လက်လုပ်ကိုင်သင့်ပါသည်။ ဝီရိယ၏အကျိုးကို ခံစားရတော့မည်။ ကြိုးစားခဲ့သမျှ ယခုအချိန်တွင် အမြတ်ထွက်မည်ဖြစ်သည်။ စားသောက်ကုန်လုပ်ငန်းလုပ်သူများ ယခုအချိန်သည် အချိန်ကောင်းဖြစ်သည်။ ဝန်ထမ်းများအား အထူးသတိထားပါ၊ ဝန်ထမ်းကြောင့် လုပ်ငန်းများ ရပ်ဆိုင်းရမည့်အခြေအနေသို့ ဆိုက်ရောက်နိုင်ပါသည်။ အထူးသဖြင့် ဆောက်လုပ်ရေးလုပ်ငန်း၊ လောင်စာဆီလုပ်ငန်း လုပ်ကိုင်သူများ အကျိုးများမည့်အချိန်ဖြစ်သည်။ ကျန်းမာရေးအနေနှင့် အဆုတ်၊ လေရှုခြင်းနှင့်ပါတ်သက်သောရောဂါ၊ အရိုးရောဂါများ သတိပြုရမည်။ အရိုးအား မတော်တဆ အရိုးထိခိုက်မိပါက ကုသရန်ခက်ပါလိမ့်မည်။ အချစ်ရေးတွင် ကံကောင်းပါသည်၊ ချစ်သူကို အချိန်ပေးပါ။ အိမ်ထောင်ရေးကံကောင်းပါသည်။ မိသားစုကို အချိန်ပေးပါ။ ပညာရေးလိုက်စားသူများ ဘာသာစကားသင်ပါက ကံကောင်းချိန်ဖြစ်သည်။ အစိုးရဝန်ထမ်းများ စိတ်ချမ်းသာရမည်။
အကျိုးပေးဂဏန်း – ၁ ၊ ၆ ၊ ၉။ ယတြာ – သစ်ပင်များကို ရေလောင်းပါ။

စနေ

ယခုတစ်ပတ်အတွက် စနေသားသမီးတို့စီးပွားရေးလုပ်ရာတွင် အဆင်မပြေခြင်းများနှင့် ဆက်လက်ကြုံတွေ့နေရမည်။ သစ်လုပ်ငန်း၊ သစ်တောထွက်ပစ္စည်းများနှင့် ပတ်သက်သူများအနေဖြင့် ကံအနည်းငယ်ညံ့ချိန်ဖြစ်သဖြင့် သတိထားလုပ်ငန်းလုပ်ဆောင်ပါ။ လုပ်ငန်းတွင် တာဝန်ယူထားသည့် ငွေရေးကြေးရေးကိစ္စတွင် မိမိအား ငွေပေးမည့်သူမှာ ရှောင်နေမည်ဖြစ်သည်၊ ထိုအတွက် သင်ဖြေရှင်းရမည်၊ အခက်အခဲကြားမှသာ အဆင်ပြေမည်။ တောင်ယာလုပ်ငန်းများ၊ ပဲ၊ ကြက်သွန်လုပ်ငန်းများ အနည်းငယ် ကျဆင်းမည်။ ကားလုပ်ငန်းသမားများ အခက်ကြုံရတတ်သည်။ ကျန်းမာရေးအနေနှင့် ခြေထောက်တွင် ဒဏ်ရာရတတ်သည်။ အဆုတ်နှင့်ပတ်သက်ပြီး ဒီတစ်ပတ်လည်း ဆက်လက်သတိထားပါ။ အချစ်ရေးတွင် အလွန်နာလည်ပေးနိုင်သော ချစ်သူကိုရရှိမည်။ ဘဝလက်တွဲဖော်အဖြစ် သင်ရွေးချယ်သင့်ပါသည်။ အိမ်ထောင်ရေးတွင် အဆင်ပြေပါလိမ့်မည်။ ပညာရေးသမားများ ၊အထူးသဖြင့် ရာထူးစာမေးပွဲဖြေမည့်သူများ ဗဟုသုတများရန်လိုပါသည်။ နိုင်ငံဝန်ထမ်းများ ကံကောင်းသော်လည်း ငွေမဝင်ဖြစ်မည်။
အကျိုးပေးဂဏန်း – ၇ ၊ ၆ ၊ ၉။ ယတြာ – ဘုရားတွင် ဂုဏ်တော်ပုတီးစိတ်ပါ။

ဆရာကင်္ကသူ
Ph.D-Palmistry. (H.A.P.R.I)
Ph- 09-2550 68533

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top