တီရှပ်ဒီဇိုင်းဖန်တီးပေးတဲ့ မူလတန်းကျောင်းသားလေး တန်နက်စီတက္ကသိုလ်က ပညာသင်ဆုရရှိ

yyl-057.jpg

ကိုယ်တိုင်ဖန်တီးတဲ့ တီရှပ်ဒီဖိုင်းကြောင့် ပြောင်လှောင်ခံခဲ့ရတဲ့ ဖလော်ရီဒါက လေးတန်းကျောင်းသားလေးကို တန်နက်စီတက္ကသိုလ်က အပြည့်အဝပညာသင်ဆုပေးအပ်လိုက်ပြီဖြစ်ပါတယ်။

ဩဂုတ်လမှာကျင်းပခဲ့တဲ့ တန်နက်စီတက္ကသိုလ် College Spirit Day အတွက် ကိုယ်တိုင်ဒီဇိုင်းထုတ်ထားတဲ့တီရှပ်ကို အယ်လ်တာမွန်တီမူလတန်းကျောင်းကို ဝတ်ဆင်လာခဲ့တဲ့ကျောင်းသားလေးဟာ တခြားအတန်းဖော်တွေရဲ့ ဝိုင်းပြီးလှောင်ပြောင်တာကိုခံခဲ့ရတာပါ။

ဆရာမဖြစ်သူ လော်ရာ စနိုင်ဒါကတော့ သူ့တပည့်ကျောင်းသားလေးရဲ့ တန်နက်စီတက္ကသိုလ်အတွက် စိတ်ကူးကောင်းကောင်းနဲ့အံ့အားသင့်ဖွယ်ဖန်တီးစွမ်းဆာင်ပေးမှုကို “ပြီးခဲ့တဲ့တစ်ပတ်လောက်က ကလေးတစ်ယောက်ကျွန်မဆီရောက်လာပြီး တန်နက်စီတက္ကသိုလ်ပွဲကိုဝတ်သွားဖို့ တီရှပ်လိုချင်တယ်လို့ပြောလာပါတယ်။ အဲဒါနဲ့ လိမ္မော်ရောင်တီရှပ်ဝတ်သွားလို့ရတယ်လို့ ကျွန်မတို့က ပြောလိုက်တယ်။ နောက်တော့ သူ့ဘာသာဒီဇိုင်းဆွဲထားတဲ့စာရွက်ကို လိမ္မော်ရောင်တီရှပ်မှာကပ်ပြီး ဝတ်ပြီးလာပြခဲ့ပါတယ်။ ဒါပေမဲ့ သူ့အတန်းဖော်တွေက သူ့ရဲ့ကိုယ်တိုင်လုပ်တီရှပ်ကိုကြည့်ပြီး လှောင်ပြောင်ကြတော့ သူစိတ်မကောင်းဖြစ်သွားပုံပဲ။ နေ့လယ်စာစားပြီးချိန်မှာ သူက အတန်းထဲပြန်လာပြီး ခုံပေါ်ခေါင်းအပ်ငိုနေပါတော့တယ်။ ဒါတောင် သူ့ဘေးကပ်လျက်က ကလေးမတချို့က သူ့တီရှပ်မှာကပ်ထားတဲ့ စာရွက်ပေါ်ကဒီဇိုင်းကို ရယ်စရာလုပ်နေကြပါသေးတယ် လို့ ” လို့ Facebook မှာရေးသားခဲ့ပါတယ်။

ဆရာမ စနိုင်ဒါရေးခဲ့တဲ့ပို့စ်ဟာ မျှဝေမှုပေါင်း ၁၁၀၀၀ လောက်ရှိခဲ့ပြီး လူစိတ်ဝင်စားမှုအများအပြားရခဲ့ပါတယ်။ အဲဒီပို့စ်အကြောင်းကို တန်နက်စီတက္ကသိုလ်က သိရှိသွားတဲ့အခါမှာတော့ ကျောင်းရဲ့စတိုးမှာ အဲဒီတီရှပ်ကို ပွဲအတွက်တရားဝင်ဝတ်စုံအဖြစ်နဲ့ ရောင်းချဖို့ဆုံးဖြတ်လိုက်ပါတယ်။

အခုဆိုရင် ကျောင်းသားလေးရဲ့ တီရှပ်တွေကို ကြိုတင်မှာယူမှု ၅၀၀၀၀ ကျော်ရှိထားပြီး ရောင်းရငွေတွေကိုတော့ အနိုင်ကျင့်ခံရမှုတွေအတွက်ရပ်တည်ကူညီပေးနေတဲအ့ဖွဲ့အစည်းတွေဆီ လှူဒါန်းသွားမှာဖြစ်ပါတယ်။ တန်နက်စီတက္ကသိုလ်ရဲ့ ၂၂၅ နှစ်မြောက် နှစ်ပတ်လည်ပွဲမှာတော့ လေးတန်းကျောင်းသားလေးတစ်ဦးက အမှတ်ရစရာဖြစ်ရပ်တစ်ခုကို ဖန်တီးပေးနိုင်ခဲ့တယ်ပဲဆိုရမှာပါ။

Ref: University of Tennessee gives scholarship to bullied student who designed homemade school shirt
TH (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top