ONE: ENTER THE DRAGON ပြိုင်ပွဲကြီးတွင်ဗိုလ်စွဲခဲ့သော ထိပ်တန်းကစားသမား (၅) ဦး၏ အလားအလာ

christian-lee-one-championship-96.jpg

ပြီးခဲ့သော သောကြာနေ့၊ မေ (၁၇) ရက်တွင် ONE Championship သည် စင်္ကာပူနိုင်ငံသို့ အခမ်းနားဆုံး ပြိုင်ပွဲအစီအစဉ်ဖြင့် ပြန်လည်ရောက်ရှိခဲ့သည်။

ONE Championship ၏ နောက်ဆုံးကျင်းပခဲ့သောပွဲစဉ်ဖြစ်သည့် ONE: ENTER THE DRAGON ပြိုင်ပွဲကြီးသည် စင်္ကာပူ မိုးလုံလေလုံအားကစားရုံအတွင်း ပွဲစဉ်ပေါင်း (၁၆) ပွဲဖြင့် ပရိသတ်များအား ရင်ခုန်စိတ်လှုပ်ရှားမှုအပြည့်ပေးခဲ့သည်။

ကမ္ဘာ့ချန်ပီယံနှစ်ဦး သရဖူဆောင်းခဲ့ပြီး အလွန်ထူးချွန်သောကစားသမားငါးဦးမှာ ၎င်းတို့နှင့်သက်ဆိုင်သော Grand Prix ပြိုင်ပွဲများတွင် နောက်တစ်ဆင့်သို့ အသီးသီးတက်ရောက်သွားခဲ့ကြသကဲ့သို့ ကမ္ဘာ့အားကစားပရိသတ်များကို အလွန်စိတ်လှုပ်ရှားစေမည့် ယှဉ်ပြိုင်ထိုးသတ်မှုများစွာကို တင်ဆက်ခဲ့ကြသည်။
အဆိုပါပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သော အားကစားသမားများ၏ အလားအလာများကို သုံးသပ်ဖော်ပြလိုက်ရပါသည်။

စင်ကာပူနိုင်ငံ၏အနာဂတ် လူငယ်ကစားသမား Christian Lee

Christian “The Warrior” Lee အတွက် အသက်အရွယ်မှာ ပဓာနမဟုတ်ပေ။ အသက် (၂၀) အရွယ် နာမည်ကျော် အားကစားသမားက Shinya “Tobikan Judan” Aoki ကို ဒုတိယအချီတွင် ဒိုင်ပွဲရပ်ဖြင့် အသက်ရှုမှားလောက်အောင် ထိုးသတ်အနိုင်ယူကာ ONE Championship၏ လိုက်ဝိတ်တန်းကမ္ဘာ့ချန်ပီယံဘွဲ့ကို ရယူဆွတ်ခူးခဲ့သည်။ အဆိုပါနိုင်ပွဲကြောင့် ၎င်းသည် ONE Championship ကမ္ဘာ့ချန်ပီယံခါးပတ်ကို ဆွတ်ခူးနိုင်ခဲ့သည့် အသက်အငယ်ဆုံးအမျိုးသားဖြစ်လာခဲ့သည်။

စံချိန်တင်အောင်ပွဲကြောင့် Christian Lee သည် ပြိုင်ဘက်အများအပြားကပစ်မှတ်ထားသော အားကစားသမားဖြစ်လာနိုင်ပြီး ၎င်း၏ ပထမဆုံးသောချန်ပီယံခါးပတ်ကာကွယ်ပွဲမှာ ONE လိုက်ဝိတ်တန်း ကမ္ဘာ့ Grand Prix ချန်ပီယံအဝန်းအဝိုင်းအပြင်ဘက်မှ ဖြစ်ဖွယ်ပင်ရှိနေသည်။

သောကြာနေ့က Amir Khan ကို အလဲထိုး၍ Saygid “Dagi” Guseyn Arslanaliev သည် ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့သည်။ ၎င်းသည် အခြားအကြိုဗိုလ်လုပွဲစဉ်မှ အနိုင်ရသူနှင့် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ရှုံးပွဲမရှိ နပမ်းသမား Lowen Tynanes နှင့် ရုရှမှ mauler Timofey Nastyukhin တို့ထဲမှ တစ်ဦးဦးနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

မည်သူ ONE Championship လိုက်ဝိတ်တန်း ကမ္ဘာ့Grand Prix ချန်ပီယံဖြစ်လာခဲ့သည်ဖြစ်စေ Christian Lee အတွက် ပြင်းထန်သည့်စိန်ခေါ်မှုနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

Saygid Guseyn Arslanaliev

ONE Championship လိုက်ဝိတ်တန်း ကမ္ဘာ့Grand Prix ပြိုင်ပွဲတစ်ခုလုံးတွင် ၎င်းသည် အဘယ်ကြောင့် အကြီးမားဆုံးခြိမ်းခြောက်မှုဖြစ်နိုင်သည်ကို Arslanaliev က ထပ်မံပြသခဲ့သည်။

တူရကီကစားသမားသည် ကွာတားဖိုင်နယ်ပွဲတွင် Ev Ting အား (၂၅) စက္ကန့်ဖြင့်အလဲထိုးခဲ့ပြီးနောက် သောကြာနေ့ကကျင်းပခဲ့သော အကြိုဗိုလ်လုပွဲစဉ်တွင်လည်း အံမခမ်းလက်စွမ်းပြကာအိမ်ရှင်စင်္ကာပူအားကစားသမား Amir Khan ကို ထပ်မံ အလဲထိုးအနိုင်ယူခဲ့သည်။

လက်ရှိအချိန်တွင် ၎င်းသည် ONE လိုက်ဝိတ်တန်း ကမ္ဘာ့ Grand Prix ဗိုလ်လုပွဲစဉ်သို့ တက်ရောက်နိုင်ခဲ့ပြီဖြစ်ကာ Tynanes squaring နှင့် Nastyukhin တို့ ယှဉ်ပြိုင်ထိုးသတ်မည့် အကြိုဗိုလ်လုပွဲစဉ်မှ အနိုင်ရသူကိုစောင့်ဆိုင်းလျက်ရှိနေသည်။

Tynanes သည် လုံးထွေးသတ်ပုတ်မှုတွင် အားကောင်းသူဖြစ်ပြီး ပြီးခဲ့သော ဇန်နဝါရီလအတွင်းက Honorio Banario အား ပထမအချီအလဲထိုးဖြင့်အနိုင်ယူကာ အကြိုဗိုလ်လုပွဲစဉ်သို့ တက်ရောက်ခဲ့သူလည်းဖြစ်သည်။ အခြားတစ်ဖက်တွင် Nasty -ukhin သည် ONE Championship ပထမဆုံးပွဲစဉ်အဖြစ် ပြီးခဲ့သည့် မတ်လအတွင်း Eddie Alvarez နှင့်ယှဉ်ပြိုင်ခဲ့ရာတွင် အလဲထိုးအနိုင်ပွဲရရှိခဲ့သူဖြစ်သည်။

အကယ်၍ အကြိုဗိုလ်လုပွဲစဉ်မှ Tynanes သာ အနိုင်ရရှိခဲ့မည်ဆိုလျှင် ဗိုလ်လုပွဲစဉ်သည် Arslanaliev ၏ နပမ်းစွမ်းရည်ကို စမ်းသပ်မည့်ပြိုင်ပွဲဖြစ်လာနိုင်သည်။ အကယ်၍ Nastyukhin အနိုင်ရခဲ့လျှင် ရုရှအားကစားသမားအား ယခင်ကအနိုင်ရခဲ့သည့်ပွဲကြောင့် ဖြစ်ပေါ်နေသည့်စိတ်အားထက်သန်မှုမှာ ပိုမိုအားကောင်းလာမည်။

Samy Sana နှင့် Dzhabar Askerov

ONE Championship ဖယ်လ်သာဝိတ် Kick Boxing ကမ္ဘာ့ Grand Prix ၏ အကြိုဗိုလ်လုပွဲတက်ရောက်သူများအား သောကြာနေ့ကကျင်းပခဲ့သည့်ပွဲတွင် အဆုံးအဖြတ်ပေးခဲ့ခြင်းဖြစ်ပြီး ၎င်းအားကစားသမားများအနက် ထူးခြားသည့်အားကစားသမားတစ်ဦးမှာ ပြင်သစ်မှ Samy “AK47” Sana ဖြစ်သည်။

၎င်းသည် နာမည်ကျော် မွေထိုင်းအားကစားသမား “The Boxing Computer” Yodsanklai IWE Fairtex နှင့်ယှဉ်ပြိုင်ခဲ့ရာတွင် ဒိုင်သုံးဦးစလုံးမှ တညီတညွတ်တည်းအမှတ်ဖြင့် အနိုင်ပေးခြင်းကြောင့် ပြိုင်ပွဲနောက်တစ်ဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။

ထိုအချိန်တွင် အခြားကွာတားဖိုင်နယ်ပွဲစဉ်၌ ရုရှမှ Dzhabar “Genghis Khan” Askerov က ဂျာမနီမှ Enriko “The Hurricane” Kehl အား ဒိုင်သုံးဦးစလုံး၏ တညီတညွတ်တည်း အနိုင်ပေးခြင်းဖြင့် အနိုင်ရခဲ့သည်။

အဆိုပါ အားကစားသမားနှစ်ဦးသည် ကမ္ဘာ့ Grand Prix ၏ နောက်တစ်ဆင့်တွင် ယှဉ်ပြိုင်ထိုးသတ်ကြမည်ဖြစ်သည်။ Sana ၏ အလှမ်းဝေးတိုက်ခိုက်နိုင်စွမ်းနှင့် ပြင်းထန်သော ထိုးနှက်တိုက်ခိုက်မှုများသည် Askerov ၏ တိကျသေသပ်သော Boxing စွမ်းရည်နှင့် ကြီးမားသော အင်အားကို ယှဉ်ပြိုင်နိုင်စွမ်းရှိမည်လားဆိုသည်မှာ များစွာစိတ်ဝင်စွားဖွယ်ရှိနေပါသည်။

Jo Nattawut နှင့် Petchmorakot Petchyindee Academy

ဒုတိယအကြိုဗိုလ်လုပွဲစဉ်တွင် နာမည်ကျော်မွေထိုင်း အားကစားသမားနှစ်ဦးယှဉ်ပြိုင်မည်ဖြစ်ပြီး “Smokin’” Jo Nattawut နှင့် Petchmorakot Petchyindee Academy တို့ ထိုးသတ်ကြမည်ဖြစ်သည်။

ONE Championship ဖယ်လ်သာဝိတ် Kick Boxing ကမ္ဘာ့Grand Prix ပထမအချီတွင် Nattawut သည် အလဲထိုးဖြင့်သာ အနိုင်ယူခဲ့သည်။ ၎င်းသည် Sasha Moisa အား တတိယအချီ ဒိုင်ပွဲရပ်ဖြင့် အနိုင်ယူခဲ့သည်။

တစ်ဖက်မှာလည်း Petchmorakot သည် ဂန္ထဝင်Kick Boxing သမားဖြစ်သော Giorgio “The Doctor” Petrosyan အား သုံးချီ အပြင်းအထန်ထိုးသတ်ခဲ့ရာ အမှတ်ဖြင့်အနိုင်ရရှိခဲ့ပြီး အကြီးမားဆုံးနိုင်ပွဲကို ရယူခဲ့သည်။

လက်ရှိအချိန်တွင် Nattawut နှင့် Petchmorakot တို့သည် အလွန်အရေးကြီးသည့်အကြိုဗိုလ်လုပွဲစဉ်ကို ရင်ဆိုင်ယှဉ်ပြိုင်ကြရမှာဖြစ်ပြီး ၎င်းတို့နှစ်ဦး၏ပွဲစဉ်မှာ ပြိုင်ပွဲကြီးတစ်ခုလုံး၏ စိတ်လှုပ်ရှားဖွယ်အကောင်းဆုံးသော Kick Boxing စွမ်းရည် ပြသမှုဖြစ်လာမှာ သေချာနေပါသည်။

Garry Tonon

လုံးထွေးသတ်ပုတ်ချုပ်ကိုင်ရာတွင် ထူးချွန်လှသည့် Garry “The Lion Killer” Tonon သည် သက်တမ်းနုနယ်သေးသည့် ၎င်း၏ ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစားသမားဘဝစာမေးပွဲအား ဂုဏ်ထူးဖြင့် ပြောင်ပြောင်မြောက်မြောက်အောင်မြင်ခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။ ဂျပန်နာမည်ကျော်အားကစားသမား Yoshiki Nakahara ကို ဂျူဒိုနည်းဖြင့် ခြေထောက်ကိုဖမ်းချုပ်လိုက်သောကစားကွက်ဖြင့်ပွဲသိမ်းရန် ၎င်းသည် (၅၅) စက္ကန့်သာ အချိန်ယူခဲ့သည်။

၎င်း၏ ကစားသမားဘဝပြိုင်ပွဲမှတ်တမ်းမှာ (၅) ပွဲနိုင်၊ ရှုံးပွဲမရှိစံချိန်ဖြစ်လာပြီးနောက် အမေရိကန်အားကစားသမား Garry သည် အလားအလာကောင်းသည့် အားကစားသမားဘဝမှနေပြီး ချန်ပီယံခါးပတ်စိန်ခေါ်သူတစ်ဦးအဖြစ် ပြောင်းလဲလာခဲ့ပြီဖြစ်သည်။ Garry သည် ONE Championship ဖယ်သာဝိတ်ကမ္ဘာ့ချန်ပီယံခါးပတ်အား စိန်ခေါ်နိုင်ရန် စတင်ခြေလှမ်းနေပြီဟု ဆိုနိုင်ပါသည်။

အဆိုပါစိတ်ဓါတ်ဖြင့် Garry သည် တစ်ချိန်က ဖယ်သာဝိတ်တန်း၏ဘုရင်ဖြစ်ခဲ့သူ Marat “Cobra” Gafurov အား ယှဉ်ပြိုင် ထိုးသတ်ပြီး ၎င်းသည် ကမ္ဘာ့ချန်ပီယံခါးပတ်နှင့်ထိုက်တန်ကြောင်း သက်သေထူရန် အသင့်ရှိနေပြီဖြစ်သည်။

Gafurov သည် ချုပ်ကွက်ဖြင့်အနိုင်ယူရာတွင် ကျော်ကြားသူတစ်ဦးဖြစ်သည်။ Garry အတွက် မည်သည့်အခါကမျှ မကြုံတွေ့ခဲ့ဖူးသော မြေပြင်ချုပ်ကွက်ခြိမ်းခြောက်မှုများနှင့် ရင်ဆိုင်ရဖွယ်ရှိသည်။ အဆိုပါယှဉ်ပြိုင်မှုအား သုံးသပ်ပြီးမှ Garry သည် ဖယ်သာဝိတ်ချန်ပီယံ Martin Nguyen ၏သရဖူအတွက် အမှန်တကယ်ခြိမ်းခြောက်နိုင်သူ ဟုတ်မဟုတ်ကို ဆုံးဖြတ်နိုင်မည်ဖြစ်သည်။

Mei Yamaguchi

ONE: ENTER THE DRAGON ပြိုင်ပွဲကြိးတွင် Mei “V.V.” Yamaguchi သည် ယခင်ကထက်များစွာ တိုးတက်မှုရရှိနေကြောင်း ပြသခဲ့သည်။ အက်တမ်ဝိတ်တန်းပြိုင်ပွဲ၏ ပထမအချီတွင် ယခင်က ONE စတောဝိတ်ကမ္ဘာ့ချန်ပီယံခါးပတ်စိန်ခေါ်သူဖြစ်ခဲ့သော Laura Balin အား လက်မောင်းလိမ်ချိုးသည့်နည်း (armbar) မှတဆင့် အနိုင်ယူခဲ့သည်။

နာမည်ကျော် ဂျပန်အားကစားမယ် Yamaguchi သည် လက်ရှိအချိန်တွင် (၃) ပွဲဆက်တိုက်အနိုင်ရရှိနေပြီး နောက်ဆုံးအနိုင်ပွဲကြောင့် ၎င်းသည် ကာလရှည်ကြာပြိုင်ဘက်ဖြစ်ခဲ့သော ONE Championship အမျိုးသမီးအက်တမ်ဝိတ် ကမ္ဘာ့ချန်ပီယံ Angela Lee နှင့် ယှဉ်ပြိုင်ထိုးသတ်ခွင့်ရရှိဖွယ်ရှိနေသည်။

Angela Lee သည် ကမ္ဘာပေါ်ရှိ အကောင်းဆုံးအမျိုးသမီးကိုယ်ခံပညာကစားသမားများအနက် တစ်ဦးအပါအဝင်ဖြစ်သည်။ အက်တမ်ဝိတ်တန်း ချန်ပီယံခါးပတ်အတွက် Yamaguchi အား Angela Lee သည် နှစ်ကြိမ်တိုင်တိုင် အနိုင်ယူခဲ့ဖူးသည်။ ထို့အပြင် ဘက်စုံထူးချွန်သည့် စင်္ကာပူအားကစားမယ်သည် ပြီးခဲ့သောမတ်လအတွင်းက ONE ၏ စတောဝိတ်တန်း ကမ္ဘာ့ချန်ပီယံဘွဲ့အား သိမ်းပိုက်ရယူနိုင်လုနီးပါး ဖြစ်ခဲ့သည်။

ပြီးခဲ့သည် ထိပ်တိုက်တွေ့ဆုံမှုနှစ်ကြိမ်စလုံးတွင် Yamaguchi သည် Angela Lee ထံမှ ချန်ပီယံခါးပတ်အား မလုယူနိုင်ခဲ့သော်လည်း ဝိတ်တန်းကိုစိုးမိုးထားသည့်ဘုရင်မနှင့် လက်ရည်ညီယှဉ်ပြိုင်နိုင်စွမ်းရှိသည့် တစ်ဦးတည်းသော အားကစားမယ်မှာ Yamaguchi ပင် ဖြစ်သည်။ ၎င်း၏အဟုန်နှင့် မြင့်မားသည့်ကျွမ်းကျင်မှုများကြောင့် တတိယအကြိမ်တွေ့ဆုံမှုတွင် Yamaguchi သည် နာမည်ကျော်လက်ရှိချန်ပီယံ Angela Lee အား များစွာ ခြိမ်းခြောက်နိုင်ဖွယ်ရှိနေသည်။

Ref: ONE Championship
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top