ဝန်ထမ်းတွေအနေနဲ့ တစ်ပတ် (၄) ရက်သာ အလုပ်လုပ်သင့်ကြောင်း သုတေသီတို့ဆို

65203191_424918318358697_736749133653606400_n.jpg

တချို့သူတွေက ရက်များများအလုပ်လုပ်လေလေ အလုပ်ပိုပြီးလေလေလို့ ထင်ကြပါတယ်။ တကယ်တော့ ဒါဟာ ယုံတမ်းတစ်ခုသာဖြစ်တယ်လို့ သုတေသီတို့က ဆိုပါတယ်။

လေ့လာခဲ့တဲ့စမ်းသပ်ချက်တွေအရဆိုရင်လည်း လူအများစုဟာ တစ်နေ့ (၄-၅) နာရီလောက်သာ တက်တက်ကြွကြွအလုပ်လုပ်နိုင်ကြပါတယ်။ အာရုံစူးစိုက်နိုင်တဲ့အချိန်ထက်ပိုပြီး အလုပ်သမားတွေကို အလုပ်ခိုင်းခြင်းက သူတို့ရဲ့ဖန်တီးနိုင်စွမ်းကို ဟန့်တားလိုက်တာနဲ့ အတူတူပါပဲ။ အလုပ်နည်းနည်းသတ်မှတ်လိုက်လေလေ ပိုပြီးဖန်တီးနိုင်စွမ်းကောင်းလေပဲ ဖြစ်ပါတယ်။

ဒီလိုအလုပ်ချိန်လျော့ချလိုက်ခြင်းက အလုပ်တွေပိုပြီးမြောက်သလို အလုပ်သမားရော၊ အလုပ်ရှင်ရော နှစ်ဦးနှစ်ဖက် ပျော်ပျော်ရွှင်ရွှင်နဲ့ အောင်မြင်မှုပိုရကြတာလည်း ဖြစ်ပါတယ်။ Treehouse ရဲ့ CEO ရိုင်ရန် ကာဆန်း (Ryan Carson) ဟာ ဒီလေ့လာချက်ကို လက်တွေ့အသုံးချခဲ့ပါတယ်။

သူ့ရဲ့အလုပ်သမားတွေအတွက် အလုပ်ချိန်ကို တစ်ပတ် (၃၂) နာရီသာ သတ်မှတ်ပေးခဲ့ပါတယ်။ အကျိုးဆက်အနေနဲ့ ဝန်ထမ်းတွေရဲ့လုပ်ဆောင်ချက်တွေတိုးတက်လာပြီး ပိုပြီးလည်း ပျော်ပျော်ရွှင်ရွှင်ဖြစ်လာကြတယ်လို့ ဆိုပါတယ်။ နှစ်ကုန်ပိုင်းမှာတော့ ပြီးခဲ့တဲ့နှစ်တုန်းကထက် ဒေါ်လာ မီလီယံနဲ့ချီ အမြတ်ငွေရရှိခဲ့တာလည်း ဖြစ်ပါတယ်။

Web development ကုမ္ပဏီတစ်ခုဖြစ်တဲ့ Reusser Design ဆိုတဲ့ ကုမ္ပဏီကလည်း ဝန်ထမ်းတွေကို ရုံးတက်ရက် (၄) ရက်သတ်မှတ်ပေးလိုက်တဲ့နေ့ကစပြီး လုပ်ပြီးတဲ့အလုပ်တွေကို ပြန်စစ်စရာမလိုတော့သလို အမှားကင်းကင်းနဲ့ မြန်မြန်ဆန်ဆန်ပြီးမြောက်နေကြပြီလို့ ဆိုပါတယ်။

အချိန်ပိုဆင်းရတဲ့သောကြာနေ့မျိုးမှာတောင် ပျင်းရိပျင်းတွဲရှိမနေကြတော့ဘဲ သွက်သွက်လက်လက် ပျော်ပျော်ရွှင်ရွှင်သာလုပ်နေကြတော့တယ်လို့ ဆိုပါတယ်။

Ref: Elitereaders “Employees Should Only Work 4 Days a Week, According to Scientists”
Po Mo Htoo Aung (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top