ကျောင်းသားသစ်တွေကို ဗိုလ်ကျနှိပ်စက်တဲ့ ထိုင်းတက္ကသိုလ်

thaiuni_large.jpg

ထိုင်းနိုင်ငံ ဘန်ကောက်မြို့က တက္ကသိုလ်တစ်ခု ဖြစ်တဲ့ Ramkhamhaeng တက္ကသိုလ်မှာ ကျောင်းသားဟောင်းတွေ က အသစ်ဝင်လာတဲ့ ကျောင်းသားသစ်တွေ ကို အနိုင်ကျင့်နှိပ်စက်နေတဲ့ ဓာတ်ပုံတွေ ဟာ ထိုင်းက facebook သုံးစွဲသူတွေကြားမှာ ပျံ့နှံ့နေခဲ့ပါတယ်။

ကျောင်းသားသစ်တွေ အနိုင်ကျင့်ခံနေရတာကို ရိုက်ကူးထားတဲ့ ဓာတ်ပုံပေါင်း ၄၀ ပါဝင်တဲ့ အယ်လ်ဘမ်ကို “Anti-Sotus” လို့ ခေါ်တဲ့ Facebook စာမျက်နှာမှာ စတင်ဖော်ပြခဲ့တာ ဖြစ်ပြီး အဆင့်မြင့်ပညာရေးအဖွဲ့အစည်းတွေမှာ ဗိုလ်ကျစိုးမိုးမှု ပပျောက်ရေး လှုပ်ရှားမှုတစ်ရပ်အနေနဲ့ ဖော်ပြခဲ့တာလို့ သိရပါတယ်။

အဲဒီ Ramkhamhaeng တက္ကသိုလ်ရဲ့ ကျောင်းအုပ် Pathiparn Meepian ကတော့ ဒါဟာ အပျော်သဘောလုပ်ကြတဲ့ အလေ့အကျင့်တစ်ခုသာ ဖြစ်တဲ့အကြောင်း၊ နာကျင်ချင်ယောင်ဆောင်နေကြပေမယ့် အပြင်မှာ တကယ်အဲဒီလောက် မဆိုးရွားကြောင်း ပြောဆိုရင်း စွပ်စွဲချက်တွေကို ငြင်းဆိုခဲ့ပါတယ်။ “ ဒါ အကြမ်းဖက်မှုမှ မဟုတ်တာ။ အဲဒီလို ပြောလို့ ကျွန်တော့်ကို တစ်ကိုယ်ကောင်းဆန်တယ်လို့ ပြောရင်လည်း ပြောပေါ့။ ဒါပေမယ့် ဒီကျောင်းကို လာတဲ့ ကျောင်းသားသစ်တိုင်း ဒီလိုကြုံရမယ်ဆိုတာ သိထားပြီးသားပဲ။ ဒီ သဘောတရားကို နားမလည်ကြတဲ့ အပြင်လူတွေကို ကျွန်တော် ဂရုစိုက်နေမှာ မဟုတ်ဘူး “ လို့ သူက ပြောပါတယ်။

ကျောင်းသားသစ်တွေကို ဝိုင်းပြီး ပညာပြ၊နှိပ်စက်ကြတဲ့ အလေ့အထဟာ ထိုင်းနိုင်ငံက တက္ကသိုလ်တချို့မှာ ရှိနေဆဲ ဖြစ်ပြီးတော့ အဲဒီ အလေ့အထကို ထိုင်းနိုင်ငံနဲ့ အပြည်ပြည်ဆိုင်ရာ မီဒီယာတွေက ဝိုင်းဝန်းကန့်ကွက်နေကြပါတယ်။ အခုဆိုရင် ဗိုလ်ကျနှိပ်စက်မှု ၊ လူသားချင်း အရှက်ရအောင် ပြုလုပ်မှုကို ဆန့်ကျင်တဲ့ အဖွဲ့အစည်းတွေလည်း တစ်စထက် တစ်စ များပြားလာပြီ ဖြစ်ပါတယ်။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top