ခြောက်လအတွင်း အကောင့်တု (၃.၂) ဘီလျံကိုဖယ်ရှားပစ်ခဲ့တယ်လို့ ဖေ့စ်ဘွတ်က ထုတ်ပြန်

yyl-051.jpg

ဖေ့စ်ဘွတ်ခ်အကောင့်တုသုံးတဲ့သူတွေ သတိထားနေကြပေတော့။ ဖေ့စ်ဘတ်ကတော့ အကောင့်တုတွေကို ဖယ်ရှားပစ်နေတာ အခုနဲ့ဆို နှစ်ကြိမ်ရှိနေပါပြီ။ အခုလို အကောင့်တုတွေကို ဖယ်ရှားပစ်တာကောင်းတယ်လို့ ဆိုရမှာပါပဲ။ ဧပြီလကနေ စက်တင်ဘာလအထိ အကောင့်တု (၃.၂) ဘီလျံကို ဖေ့စ်ဘွတ်ခ်က ဖယ်ရှားပစ်ခဲ့တာပါ။ အရင် (၆) လကထက် အခုအရေအတွက်က ပိုပြီးများလာခဲ့တာဖြစ်ပါတယ်။

Active User တွေဖြစ်ဖို့အခွင့်အရေးမရလိုက်ခင်မှာပဲ အယောင်ဆောင်အကောင့်တုတွေ အားလုံးနီးပါးကို ဖေ့စ်ဘွတ်ခ်က တွေ့ရှိသွားခဲ့ပါတယ်။ ဖေ့စ်ဘွတ်အသုံးပြုသူ (၂.၄၅) ဘီလျံရဲ့ ၅ ရာခိုင်နှုန်းလောက်က အကောင့်တုတွေဖြစ်တယ်လို့ ဖေ့စ်ဘွတ်ခ်က တွက်ချက်ထားပါတယ်။ ဧပြီနဲ့စက်တင်ဘာကာလအတွင်း ကလေးအဖော်အချွတ်ဖြစ်ရပ်တွေနဲ့ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်တဲ့ဖြစ်ရပ်တွေကို တင်တဲ့ဖေ့စ်ဘွတ်အကောင့်၊ group (၁၈.၅) သန်းကိုလည်း ဖယ်ရှားပစ်ခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ အရင် (၆) လကထက် အရေအတွက်ပိုများလာခဲ့ပြီး အကောင့်တုဖော်ထုတ်တဲ့စနစ်က တိုးတက်လာတာကြောင့် အရေအတွက်တိုးလာခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် အမုန်းစကားဖြန့်တဲ့အကောင့် (၁၁.၄) သန်းကိုလည်း ဖယ်ရှားခဲ့တယ်လို့ ဖေ့စ်ဘွတ်ခ်က ထုတ်ပြန်ခဲ့ပါတယ်။ ဖေ့စ်ဘွတ်ခ်က အကြမ်းဖက်သမားတွေရဲ့ ဝါဒဖြန့်တဲ့ဒေတာတွေကိုလည်း ဖယ်ရှားဖို့လုပ်ဆောင်ခဲ့ပါတယ်။ အရင်က တင်ပြချက်တွေမှာတော့ အယ်လ်ကေးဒါး (Al-Qaeda)၊ အိုင်အက်စ် (ISIS) နဲ့ သူတို့ရဲ့အဖွဲ့အစည်းတွေက ဒေတာတွေသာ ပါဝင်ခဲ့ပါတယ်။ နောက်ဆုံးထုတ်ပြန်ချက်မှာတော့ ဒီအဖွဲ့အစည်းနှစ်ခုထက် အင်အားနည်းတဲ့ အဖွဲ့အစည်းတွေက တင်တဲ့ပို့စ်တွေကိုလည်း ဖေ့စ်ဘွတ်က ဖော်ထုတ်ခဲ့ကြောင်းသိရပါတယ်။ အခုလိုထုတ်ပြန်ချက်က စံနှုန်းပြဌာန်းချက်မှာ ဖေ့စ်ဘွတ်ခ်ရဲ့ လေးကြိမ်မြောက်ဖြစ်ပြီး အင်စတာဂရမ်က ဒေတာတွေပါဝင်မှုက ပထမဆုံးဖြစ်ပါတယ်။ သတင်းထုတ်ပြန်ခဲ့တဲ့ကာလအတွင်း အင်စတာဂရမ်ကနေ ကလေးလိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်တဲ့ဖြစ်ရပ် (၁.၃) သန်းကိုလည်း လူတွေမမြင်တွေ့ခင်မှာ ဖယ်ရှားပစ်ခဲ့တယ်လို့လည်း သိရပါတယ်။

Ref: CBSNews “Facebook says it removed 3.2 billion fake accounts”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top