ပုရွက်ဆိတ်တွေ့ရတဲ့နေရာတွေက ရည်ညွှန်းပြတဲ့ ကံကောင်းမှုနဲ့ ကြွယ်ဝချမ်းသာမှု အရိပ်အမြွက်များ

yyl-001-5.jpg

ပုရွက်ဆိတ်တွေက အင်းဆက်ပိုးမွှားတွေထဲကမှ အစုအဝေးနဲ့ အလုပ်ကြိုးစားတဲ့ ပိုးမွှားတွေဖြစ်ပြီး စည်းမျဉ်းစည်းကမ်းနဲ့ နေထိုင်ကြသလို ကိုယ့်အလုပ်နဲ့ကိုယ် အလုပ်ရှုပ်နေတဲ့ ပိုးမွှားတွေလည်းဖြစ်ပါတယ်။ ကျွန်တော်တို့နေအိမ်မှာလည်း ပုရွက်ဆိတ်တွေကို တွေ့မြင်ကြရပါတယ်။ သင်တို့ကော တိရစ္ဆာန်တွေ (သို့) အင်းဆက်ပိုးမွှားတွေရဲ့ အပြုအမူတွေနောက်ကွက်မှာ အကြောင်းအရင်း ရှိတယ်ဆိုတာ သိပါသလား။ ပုရွက်ဆိတ်တွေက သင့်ဘဝမှာ ကောင်းတာကော၊ ဆိုးတာကောဖြစ်လာမဲ့အကြောင်းကို အရိပ်အမြွက်တချို့ပေးနိုင်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ပုရွက်ဆိတ်တွေက ကံကောင်းမှု၊ ကြွယ်ဝချမ်းသာမှုတွေနဲ့ ဆက်စပ်နေတယ်လို့လည်း ဆိုပါတယ်။

အနီရောင်နဲ့ အနက်ရောင်ပုရွက်ဆိတ်

အနက်ရောက်ပုရွက်ဆိတ်တွေကို မင်္ဂလာရှိတဲ့အတိတ်နိမိတ်လို့ ယူဆကြပါတယ်။ သင့်အိမ်အနီးနားမှာ အနက်ရောင်ပုရွက်ဆိတ်တွေကို မြင်ရင် မကြာခင် ဥစ္စာဓနပေါများလာမယ်လို့ အဓိပ္ပာယ်ရပါတယ်။ အဲဒါရဲ့ဆန့်ကျင်ဘက်ကတော့ အနီရောင်ပုရွက်ဆိတ်တွေကို ကံဆိုးမှုတွေသယ်လာတယ်လို့ ယူဆကြပါတယ်။ သင့်အိမ်မှာ အနီရောင်ပုရွက်ဆိတ်ရှိမယ်ဆိုရင် ဒါက စီးပွားလာဘ်လာဘ မကောင်းဘူးလို့ ဆိုလိုပါတယ်။

နေရာအနေအထား

ဆန်ဗူးထဲကနေ အနက်ရောင်ပုရွက်ဆိတ်တွေထွက်လာရင် သင်က မကြာခင် တစ်နေရာရာကနေ ငွေတွေရလိမ့်မယ်လို့ အဓိပ္ပာယ်ရပါတယ်။ လက်ဝတ်ရတနာတွေသိမ်းတဲ့နေရာမှာ တွေ့ရတော့ သင်ဟာ ရွှေထည်တွေရမယ်လို့ ညွှန်ပြနေပါတယ်။

ဦးတည်ချက်

ပုရွက်ဆိတ်တွေက မြောက်ဘက်လားရာကနေ ထွက်လာရင် ပျော်ရွှင်မှုကို ညွှန်ပြနေပြီး တောင်ဘက်ကနေထွက်လာရင်တော့ အကျိုးအမြတ်ကို ရည်ညွှန်းနေပါတယ်။ အရှေ့ဘက်ကနေ အုပ်လိုက်ထွက်လာရင် မကောင်းသတင်းတချို့ ကြားရကောင်းကြားရနိုင်တယ်လို့ အဓိပ္ပာယ်ရပါတယ်။ အနောက်ဘက်မှာရှိနေရင်တော့ မကြာခင်မှာ သင်ဟာ နိုင်ငံခြားထွက်ရဖို့ အခွင့်အရေးများတယ်လို့ အဓိပ္ပာယ်ရပါတယ်။

အနီရောင်ပုရွက်ဆိတ်

အနီရောင်ပုရွက်ဆိတ်တွေက အတိတ်နမိတ်မကောင်းဘူးလို့ ယုံကြည်ထားကြပါတယ်။ ဒါကြောင့် သင့်အိမ်မှာ အနီရောင်ပုရွက်ဆိတ်တွေကို တွေ့မယ်ဆိုရင် ချက်ချင်းပဲ ဖယ်ရှားပစ်လိုက်ပါ။ ဒါပေမဲ့ သင့်အိမ်ကနေ ဥတွေနဲ့ ထွက်လာရင်တော့ ကောင်းတဲ့လက္ခဏာအဖြစ် မှတ်ယူလို့ရပါတယ်။

အနက်ရောင်ပုရွက်ဆိတ်

အနက်ရောင်ပုရွက်ဆိတ်တွေက အတိတ်နမိတ်ကောင်းပြီး ပျော်ရွှင်မှု၊ ငြိမ်းချမ်းမှု၊ ချမ်းသာကြွယ်ဝမှုတွေကို ညွှန်ပြတယ်လို့ ယူဆရပေမဲ့ ပုရွက်ဆိတ်အုံလိုက်ကျင်းလိုက်တော့ မရှိသင့်ပါဘူး။ သင့်အိမ်မှာ အကောင်ပေါက်နေရင် အပြင်ထွက်သွားလို့ရမဲ့လမ်းကို ပြပေးလိုက်ပါ။

အခြားလက္ခဏာရပ်များ

အနီရောင်ပုရွက်ဆိတ်တွေအပြင် ပျားအုံ၊ ခြတွေကလည်း ကံဆိုးမှုကို ယူဆောင်လာတယ်လို့ ဆိုပါတယ်။ သင့်အိမ်မှာ ပျားအုံနဲ့ ခြအုံကို ရှိရင် ဒါက မိသားစုရဲ့အကြီးအကဲတစ်ယောက်က ကျန်းမာရေးချူချာလိမ့်မယ်လို့ အဓိပ္ပာယ်ရပါတယ်။

Ref: This is what it means if you see ants in your house
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top