သောကြာနေ့ကစပြီး အစိုးရရဲ့ အပိုဆုကြေးငွေရရှိသွားတော့မယ့် သြစတြေးလျနိုင်ငံသားများ

67313176_486983665391712_8624187978387816448_n.jpg

သြစတြေးလျနိုင်ငံသားတွေဟာ အခွန်ဆောင်ထားတဲ့ငွေတွေထဲက အပိုဆုကြေးငွေအဖြစ် အစိုးရက ပြန်လည်ပေးအပ်မယ့်ငွေကို သောကြာနေ့ကစပြီး ရရှိခံစားသွားရမှာဖြစ်တယ်လို့ သြစတြေးလျနိုင်ငံ အစိုးရက တရားဝင် ကြေငြာသွားခဲ့ပါတယ်။

သောကြာနေ့ကစပြီး နိုင်ငံသားတွေရဲ့ ဘဏ်အကောင့်ထဲကို အစိုးရက ငွေဖြည့်ပေးသွားမှာဖြစ်ပြီး ဒေါ်လာ (၄၈,၀၀၀) ကနေ ဒေါ်လာ (၉၀,၀၀၀) အထိ ဝင်ငွေရှိသူတွေက အခွန်ဆောင်ငွေထဲက ဒေါ်လာ (၁,၀၈၀) ကို ပြန်လည်ရရှိသွားမှာပါ။

သြစေတြးလျ နိုင်ငံသား (၅.၉၀) သန်းဟာ ရုတ်တရက် အလုပ်ထွက်ရခြင်းကို ကြုံတွေ့နေကြရပြီး ကြိုတင်ပြင်ဆင်မှု အားနည်းတာကြောင့် တစ်လအတွင်း သုံးစွဲဖို့ စုထားငွေတွေ ကုန်ဆုံးသွားလေ့ရှိနေကြရတာပါ။ ပြည်သူတွေ ဒီလို ငွေကြေး အခက်အခဲဖြစ်ရတာကြောင့် အစိုးရက အခုလို ဆောင်ရွက်ပေးလိုက်တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်အတွင်းမှာလည်း သြစတြေးလျအစိုးရက ရရှိလာတဲ့ အခွန်ငွေထဲက ဒေါ်လာ (၈)သိန်း (၁) သောင်းကို ပြန်လည်လွှဲအပ်ပေးခဲ့ပြီးဖြစ်တယ်လို့လည်း သိရပါတယ်။

Ref: Dailymail “Your weekend bonus: $1080 tax returns could be in the bank as soon as FRIDAY…..”

AI (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top