ဗင်နီဇွဲလားအတိုက်အခံခေါင်းဆောင်ရဲ့ မိသားစုခြိမ်းခြောက်ခံနေရ

intl-short-005.jpg

ဗင်နီဇွဲလားနိုင်ငံ လုံခြုံရေးတပ်ဖွဲ့တွေက သူ့မိသားစုအပေါ် ခြိမ်းခြောက်ခဲ့တယ်လို့ ဗင်နီဇွဲလားအတိုက်အခံခေါင်းဆောင် ဟွမ်ဂွေဒိုက ပြောပါတယ်။ ဗင်နီဇွဲလားနိုင်ငံရဲ့ ဗဟိုတက္ကသိုလ်(Central University) မှာ မိန့်ခွန်းပြောနေတုန်း ဟွမ်ဂွေဒိုက အခုလို ထည့်သွင်းပြောကြားခဲ့တာပါ။ ဟွမ်ဂွေဒိုဟာ အခုလအစောပိုင်းက ကိုယ့်ကိုယ်ကိုယ် သမ္မတအဖြစ် ကြေညာခဲ့ပြီး အမေရိကန်နဲ့ လက်တင်အမေရိကနိုင်ငံတော်တော်များများက သူ့ကို အသိအမှတ်ပြုခဲ့ကြပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံ ၂ နိုင်ငံဖြစ်တဲ့ ရုရှားနဲ့ တရုတ်နိုင်ငံကတော့ လက်ရှိသမ္မတ မာဒူရိုကို ထောက်ခံထားပါတယ်။ လက်ရှိသမ္မတ မာဒူရိုရဲ့ ရာထူးတည်မြဲရေးအတွက် ဗင်နီဇွဲလားစစ်တပ်ရဲ့ ထောက်ခံမှုက အဓိကကျနေတဲ့ပုံစံရှိပါတယ်။ ဟွမ်ဂွေဒိုကတော့ မာဒူရိုကို ရာထူးက ဖြုတ်ချရာမှာ ထောက်ခံမှုရရှိစေဖို့အတွက် ဗင်နီဇွဲလားစစ်တပ်နှင့် လျှို့ဝှက်ဆွေးနွေးမှုလုပ်ခဲ့တယ်လို့ ပြောပါတယ်။

”အခုလေးတင်ပဲ အထူးတပ်ဖွဲ့က ကျွန်တော့်အိမ်ကိုသွားပြီး ကျွန်တော့်မိန်းမ ဖာဘီယာနာကို သွားရှာခဲ့ပါတယ်။ ကျွန်တော်တို့ကို ကြောက်လန့်အောင်လုပ်နိုင်မယ်လို့ အာဏာရှင်အစိုးရက ထင်နေပါတယ်။ ကျွန်တော် ဒီကိုရောက်မလာခင် အဲဒီသတင်းရခဲ့တာပါ။ ဒါပေမဲ့ ကျွန်တော် အဲဒီအကြောင်းကနေ စပြီး မပြောခဲ့ပါဘူး။ ဗင်နီဇွဲလားပြည်သူအားလုံးအတွက် စီစဉ်ထားတဲ့ အစီအစဉ်ကို စပြောခဲ့ပါတယ်။ လ ၂၀ အရွယ် ကျွန်တော့်ရင်သွေးငယ်ကို ခြိမ်းခြောက်မှုတစ်ခုခုလုပ်ခဲ့ရင်တော့ ခင်ဗျားတို့ ပယောဂပဲလို့ ကျွန်တော် ပြောရပါလိမ့်မယ်”လို့ ဟွန်ဂွေဒိုက ပြောပါတယ်။
Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top