The Beatles အဖွဲ့အကြောင်းကို Lord of the Ring ဒါရိုက်တာက ရုပ်ရှင်ရိုက်မယ်

intl-short-004.jpg

ဗြိတိန်နိုင်ငံ လီဗာပူးမြို့အခြေစိုက် The Beatles တေးဂီတအဖွဲ့ဟာ ၁၉၆၀ ပြည့်နှစ်တစ်ဝိုက်မှာ The Lord of the Rings ဇာတ်ကားကို ရုပ်ရှင်ရိုက်ခွင့်ရဖို့ ကြိုးစားခဲ့ပါတယ်။ ဂျွန်လင်နွန်က ဂိုလမ်(Gollum)၊ ပေါလ်မက္ကာနေးက ဖရိုဒို(Frodo)အဖြစ် သရုပ်ဆောင်ပြီး စတန်လေကူဘရစ်က ဒါရိုက်တာအဖြစ် ရိုက်ကူးမယ်လို့ စီစဉ်ထားခဲ့တာပါ။

ဒါပေမဲ့ စာရေးဆရာ ဂျေအာအာတိုကီယန်(JRR Tolkien)က ရိုက်ခွင့်ပေးဖို့ ငြင်းဆန်ခဲ့လို့ သူတို့ရဲ့အစီအစဉ် ပျက်ပြယ်ခဲ့ပါတယ်။ The Lord of the Rings ဇာတ်ကားကို ဒါရိုက်တာ ပီတာဂျက်ဆင်က ရိုက်ကူးခဲ့ပြီး ၂၀၀၁ ခုနှစ်မှာ ရုံတင်ပြသနိုင်ခဲ့ပါတယ်။ အခုအခါမှာတော့ အော်စကာဆုရ ဒါရိုက်တာ ပီတာဂျက်ဆင်က The Beatles တေးဂီတအဖွဲ့အကြောင်း ရုပ်ရှင်ဇာတ်ကားသစ် ရိုက်ကူးတော့မှာပါ။ The Beatles တေးဂီတရဲ့ နောက်ဆုံးတေးအယ်လ်ဘမ်(Let It Be)အတွက် အသံသွင်းနေတုန်း အချေအတင်ဖြစ်ခဲ့တာတွေကို ဇာတ်ကားအဖြစ် အသက်သွင်းတော့မှာပါ။

၁၉၆၉ ခုနှစ်က ရိုက်ကူးထားတဲ့ ၅၅ နာရီကြာ စတူဒီယိုမှတ်တမ်းတွေကို အသုံးပြုပြီး ရိုက်ကူးမှာပါ။ ”အချိန်ယန ္တယားက ကျွန်တော်တို့ကို ၁၉၆၉ ခုနှစ်ဆီ ပြန်ခေါ်သွားသလိုပါပဲ။ သူတို့ သူငယ်ချင်း ၄ ယောက်ရဲ့ အံ့မခန်းတေးဂီတဖန်တီးမှုကို စတူဒီယိုထဲကနေ ထိုင်ကြည့်ခွင့်ရသလိုပါပဲ”လို့ ပီတာဂျက်ဆင်က ပြောပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top