စုန်းလို့ အစွပ်စွဲခံရပြီး စွန့်ပစ်ခံထားရတဲ့ ကလေးငယ်လေး Hope

anja-loven-nigeria-boy-composite.jpg

အာဖရိကမှာ ထောင်သောင်းသော ကလေးငယ်များဟာ စုန်း ကဝေ များ ဟု အစွပ်စွဲ ခံရပြီးတော့ အစွန့်ပစ်ခံနေရပါတယ်။ ယခု ပုံမှာ မြင်တွေ့ရတဲ့ ကလေးငယ်ဟာ နိုင်ဂျီးရီးယား နိုင်ငံက လမ်းတစ်နေရာမှာ အစွန့်ပစ်ခံထားရတဲ့ ကလေးငယ် ဖြစ်ပါတယ်။

အသက် ၂ နှစ်သား ရှိပြီဖြစ်ပြီး အသက် ၁ နှစ်သားကျော်ကတည်းက အစွန့်ပစ်ခံထားခဲ့ရတာ ဖြစ်ပါတယ်။ လမ်းမတွေပေးမှာ ရှစ်လမက လျှောက်သွားနေပြီး လမ်းဘေးမှာ စွန့်ပစ်ထားတဲ့ အစားအစာများကို ကောက်ယူစားသုံး ပါတယ်။ အာဖရိကမှ မိဘမဲ့နဲ့ စွန့်ပစ်ကလေးများကို ပြုစု ပျိုးထောင်ပေးတဲ့ ကျောင်း တည်ထောင်ထားသော ဒိန်းမတ်နိုင်ငံသူ အမျိုးသမီး Anja Ringgren Loven ဟာ ကလေးငယ်ကို တွေ့ရှိပြီး ခေါ်ယူကယ်ဆယ်ခဲ့ ပါတယ်။ ဆေးရုံပေါ်ကို ပွေ့ချီသွားပြီး ကုသပေးပါတယ်။

တစ်ကိုယ်လုံး ဒဏ်ရာများ ရှိနေပြီး အစာ မလုံလောက်မှုကြောင့် ကိုယ်ခန္ဓာ ချို့တဲ့မှုများလည်း ကြုံတွေ့နေရ ပါတယ်။ ကလေး အတွက် အလှူငွေ တောင်းခံခဲ့ပြီး ကမ္ဘာတစ်ဝန်းမှ စုစုပေါင် အမေရိကန်ဒေါ်လာ ၁ သန်းကျော် လှူဒါန်းခဲ့ ပါတယ်။ ယင်း လှူဒါန်းမှုမှ ရရှိတဲ့ ငွေကို ယင်း ကလေးငယ်အတွက် အသုံးပြုရုံတင်မက အခြား သူ့လိုပဲ အစွန့်ပစ်ခံရတဲ့ ကလေးများကို ကယ်ဆယ်ပြီး အသုံးပြုသွားမှာ ဖြစ်ကြောင်း Loven မှ ဆိုပါတယ်။ Loven တို့ လင်မယားဟာ ယင်းကလေးကို Hope လို့ အမည်ပေးခဲ့ ပါတယ်။

တော်ရုံ ကလေးတစ်ဦးဆိုရင် သေဆုံးနိုင်ပေမယ့် ယင်း ကလေးဟာ အင်မတန် သန်မာ သန်စွမ်းတာကြောင့် ဖြစ်ပါတယ်။ Loven တို့ရဲ့ သားနဲ့ Hope ဟာ မိတ်ဆွေတွေ ဖြစ်သွားကြပြီ ဖြစ်ပါတယ်။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top