မိုင် (၂၀၀၀) အကွာက လူနာကို 5G ကွန်ရက်အသုံးပြုပြီး ခွဲစိတ်ပေးခဲ့တဲ့ ကမ္ဘာ့ပထမဆုံး ဦးနှောက်ခွဲစိတ်ကုသမှု

54257805_420265222063557_7204173873665802240_n.jpg

တရုတ်ပြည်၊ ဘေဂျင်းမြို့က ခွဲစိတ်ဆရာဝန်ကြီးတစ်ဦးဖြစ်တဲ့ ဒေါက်တာ လင်းဇီပီ (Ling Zhipei) ဟာ ပါကင်ဆန်ဝေဒနာရှင်တစ်ဦးကို မိုင် (၂၀၀၀) ကွာဝေးတဲ့အရပ်ကနေ 5G ကွန်ရက်အသုံးပြုပြီး ဦးနှောက်ခွဲစိတ်မှုပြုလုပ်ပေးသွားခဲ့တယ်လို့ CGTN သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ ဒီလို ဦးနှောက်ခွဲစိတ်ကုသမှုပုံစံဟာ ကမ္ဘာ့ပထမဆုံးလို့ ဆိုရမှာပါ။

deep brain stimulation implant ကိရိယာကို မိုင် (၂၀၀၀) အကွာ ရပ်ဝေးကနေ နည်းပညာမြင့် ခွဲစိတ်စက်ရုပ်တွေကို ထိန်းချုပ်အသုံးချပြီး သူက လူနာရဲ့ဦးနှောက်ထဲ ခွဲစိတ်ထည့်သွင်းပေးခဲ့တာပဲ ဖြစ်ပါတယ်

အကြောင်းရင်းကတော့ ဒေါက်တာလင်းဟာ ဘေဂျင်းဆေးရုံမှာမရှိဘဲ အဝေးတစ်နေရာကိုရောက်နေခဲ့တာပါ။ ဗီယက်နမ်နားက ဟိုင်နန်ကျွန်းကိုရောက်ရှိနေချိန်မှာ ဘေဂျင်းက ပက်ကင်ဆန်လူနာကို ကုသပေးဖို့ ဖြစ်လာခဲ့ပါတယ်။ ပက်ကင်ဆန်လူနာရဲ့ဦးနှောက်ထဲက ဝေဒနာခံစားမှုကို ထိန်းချုပ်ပေးနိုင်တဲ့ deep brain stimulation implant ကိရိယာကို မိုင် (၂၀၀၀) အကွာ ရပ်ဝေးကနေ နည်းပညာမြင့် ခွဲစိတ်စက်ရုပ်တွေကို ထိန်းချုပ်အသုံးချပြီး သူက လူနာရဲ့ဦးနှောက်ထဲ ခွဲစိတ်ထည့်သွင်းပေးခဲ့တာပဲ ဖြစ်ပါတယ်။ ခွဲစိတ်မှုဟာ (၃) နာရီဝန်းကျင် ကြာမြင့်ခဲ့ပါတယ်။

အမှားအယွင်းမခံတဲ့ ဦးနှောက်ခွဲစိတ်ကုသမှုမှာ ခွဲစိတ်စက်ရုပ်တွေအပေါ် သူဘယ်လို ထိန်းချုပ် ခိုင်းစေခဲ့သလဲ ဆိုတာကိုတော့ ဒေါက်တာလင်းက CGTN ကို အခုလိုပြောပြသွားခဲ့ပါတယ်။

” 5G မိုဘိုင်းကွန်ယက်ကိုအသုံးပြုခဲ့တာပါ။ ဗီဒီယိုလိုင်း ထစ်တာငေါ့တာ၊ ကြာတာမျိုးလုံးဝမရှိဘူး။ ရီမုတ်ကိုထိန်းချုပ်ရတာ နှောင့်နှေးနေတာမျိုးလုံးဝမရှိခဲ့ဘူး။ 4G ကွန်ယက်နဲ့သာဆိုရင်တော့ ဒီခွဲစိတ်မှု အဆင်ပြေနိုင်ခဲ့မယ်လို့ မထင်ဘူး။ အခုက မိုင်(၂၀၀၀) အကွာကလူနာကို သူ့အရှေ့မှာ ကျွန်တော် ကိုယ်တိုင်ကိုယ်ကျ ခွဲစိတ်ပေးနေရသလို စနစ်မျိုးပါပဲ။ အောင်မြင်ခဲ့ပါတယ်”

အခုလို ခွဲစိတ်မှုဟာ တရုတ်ပြည်ရဲ့ မြန်နှုန်းမြင့် မိုဘိုင်းကွန်ယက်နဲ့အတူ ဟွာဝေးရဲ့ 5G နည်းပညာအဆင့်မြင့်မှုကြောင့် ဆောင်ရွက်အောင်မြင်ခဲ့တာပဲ ဖြစ်ပါတယ်

အခုလို ခွဲစိတ်မှုဟာ တရုတ်ပြည်ရဲ့ မြန်နှုန်းမြင့် မိုဘိုင်းကွန်ယက်နဲ့အတူ ဟွာဝေးရဲ့ 5G နည်းပညာအဆင့်မြင့်မှုကြောင့် ဆောင်ရွက်အောင်မြင်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒီဦးနှောက်ခွဲစိတ်မှုမတိုင်ခင် တစ်ပတ်ကလည်း တရုတ်ပြည်မှာ အသည်းခွဲစိတ်မှုတစ်ခုကို 5G ကွန်ယက်စနစ်နဲ့ ခွဲစိတ်ကုသနိုင်ခဲ့ပြီးဖြစ်ကြောင်း CGTN က ဖော်ပြခဲ့ပါသေးတယ်။

လမ်းမလျှောက်နိုင်သူ၊ ဆေးရုံကိုမလာရောက်နိုင်သူ၊ ဝေးလံခေါင်ဖျား ကျေးရွာရပ်ဝေးနဲ့ အဝေးရောက် လူနာတွေအတွက် 5G ကွန်ယက်နဲ့ နည်းပညာမြင့်ခွဲစိတ်မှုစနစ်က များစွာအကျိုးသက်ရောက်မှု ရှိလာစေနိုင်မှာဖြစ်တယ်လို့ ဒေါက်တာလင်းက သူ့အမြင်ကို ပြောပြသွားခဲ့ပါတယ်။

Ref: Dailymail “Surgeon performs ‘world first’ remote brain surgery on a Parkinson’s patient”
AI (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top