မိုးကြိုးပစ်ခံရတဲ့ ဂိုးသမား အသက်ဘေးကလွတ်မြောက်ပြီး ဘောလုံးပြန်ကစားနိုင်

intl02.jpg

အသက် ၁၆ နှစ်အရွယ် ရုရှားဂိုးသမား ဇာဘိုရော့ဗ်စကီးဟာ လေ့ကျင့်ရေးကွင်းမှာ မိုးကြိုးပစ်ခံခဲ့ရပေမဲ့ အံ့အားသင့်ဖွယ် ပြန်သက်သာလာခဲ့ပြီး ၃ ပတ်မပြည့်ခင်အတွင်း ဘောလုံးပြန်ကစားနိုင်ခဲ့ပါတယ်။ အသင်းဖော်တွေကို ဘောလုံးကွင်းဘေးစည်းမှာ လေ့ကျင့်နေတုန်း ဇာဘိုရော့ဗ်စကီးက ဘောလုံးကို ဂိုးပေါက်ထဲ ကန်သွင်းလိုက်ချိန်မှာ မိုးကြိုးပစ်ခဲ့ရတာပါ။

အဲဒီနောက်မှာ မြေပေါ်လဲကျသွားတဲ့ ဇာဘိုရော့ဗ်စကီးကို ဆေးရုံပို့ခဲ့ကြပါတယ်။ ဇာဘိုရော့ဗ်စကီးကို မေ့ဆေးပေးပြီး သူ့ရဲ့ဒဏ်ရာတွေကို စမ်းသပ်၊ ကုသပေးခဲ့ပါတယ်။ သူဟာ ၃ ပတ်မပြည့်ခင်အချိန်အတွင်းမှာပဲ ရုရှားတတိယတန်းကလပ် ဇာမြာထရူဒါ စီနီယာအသင်းနဲ့အတူ ပြန်ကစားနိုင်ခဲ့ပါတယ်။ သူဟာ မကြာသေးခင်ကမှ ဇာမြာထရူဒါအသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုခဲ့သူပါ။

Nz(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top