မယ်လ်မိုကွင်း အပြင်ဘက်က မိုဗစ်ရုပ်တု လှဲချခံရ

yyl-081.jpg

မယ်လ်မိုအသင်း အိမ်ကွင်းအပြင်ဘက်မှာ စိုက်ထူထားတဲ့ ဆွီဒင်တိုက်စစ်မှူး အီဘရာဟီမိုဗစ်ရဲ့ ရုပ်တုကို ဒေါသထွက်နေတဲ့ ပရိသတ်တွေက လှဲချခဲ့ပါတယ်။ မယ်လ်မိုအသင်း ကစားသမားဟောင်း အီဘရာဟီမိုဗစ်ဟာ စတော့ဟုမ်းမြို့ အခြေစိုက် ဟမ်းမားဘီအသင်း ရှယ်ယာတွေကို ဝယ်ယူခဲ့ချိန်ကတည်းက မယ်လ်မိုပရိသတ်တွေ သူ့ကို ဒေါသထွက်ခဲ့ကြပြီး သူ့ရုပ်တုကို ချိုးဖဲ့ဖျက်ဆီးမှုတွေ လုပ်ခဲ့ကြတာပါ။ ဟမ်းမားဘီအသင်းရှယ်ယာတွေကို ဝယ်ယူခဲ့ပြီး နောက်တစ်ရက်အကြာမှာ သူ့ရဲ့ရုပ်တုကို မီးရှို့တာ၊ မှုတ်ဆေးတွေနဲ့ ဖျက်ဆီးတာမျိုး လုပ်ခဲ့တဲ့အပြင် စတော့ဟုမ်းမြို့မှာရှိတဲ့ သူ့ရဲ့အိမ်ရှေ့တံခါးမှာ သစ္စာဖောက်ဆိုတဲ့ စကားလုံး ရေးသားခဲ့တဲ့အတွက် မိုဗစ်က တိုင်ချက်ဖွင့်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ဒီဇင်ဘာလမှာတော့ မိုဗစ်ရဲ့ရုပ်တု နှာခေါင်းဖြတ်ခံခဲ့ရပါတယ်။ ဒီနောက်ဆုံးလုပ်ရပ်ကြောင့် ရုပ်တုတစ်ခုလုံး လဲကျသွားခဲ့ပြီး ရုပ်တုရဲ့ခြေထောက် ပြုတ်ထွက်သွားခဲ့ပါတယ်။ ၃.၅ မီတာ မြင့်မားတဲ့ ကြေးရုပ်တုကို ဖယ်ရှားပေးဖို့ မယ်လ်မိုအသင်း ပရိသတ်တွေက တောင်းဆိုထားပြီး အဲဒီတောင်းဆိုချက်ကို လာမယ့်ဖေဖော်ဝါရီလမှာ စဉ်းစားသွားမယ်လို့ မယ်လ်မိုဒုတိယမြို့တော်ဝန် ထရိုမီယာက ပြောပါတယ်။ လက်ရှိအချိန်မှာတော့ အီဘရာဟီမိုဗစ်ဟာ စီးရီးအေကလပ် အေစီမီလန်အသင်းမှာ တစ်ကျော့ပြန် ကစားနေပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top